ဟာသ

ဒီဟာသလေးကတော. six faces ဆိုတဲ.ဘလော.တစ်ခုမှာတွေ.လို. ကူးပြီးတင်ပေးလိုက်တာပါ။ရယ်မောပျော်ရွှင်နိုင်းပါစေ။ Today’s Equation! Human = eat + sleep + work + enjoy Donkey = eat + sleep Therefore, Human = Donkey + work + enjoy If, Human – enjoy = Donkey + work In other words, Human that don’t know enjoy = Donkey that work Men = eat + sleep +…

Rate this:

မမေ့အပ်သော နေ့တစ်နေ့ Feb 13

င်္Forword mail တစ်ခုပါ တိုက်ဆိုင်လို.တင်လိုက်တယ် မျှဝေရုံသက်သက်ပါနော်။ လူငယ်လေးများကိုသိစေချင်လွန်းလို.ပြောပြဖြစ်တာပါ။ လောကမှာဘုရားရှင်ဟောတော်မူခဲ့တာ လူသုံးမျိုးပဲရှိပါတယ်။ ၁။ ကျေးဇူးကို မသိတတ်တဲ့သူ ၂။ ကျေးဇူးကိုသိတတ်တဲ့သူ ၃။ ကျေးဇူးကိုသိပြီးပြန်ဆပ်တတ်သူ မိမိက ဘယ်လိုလူလဲဆိုတာကိုသုံးသပ်သင့်လှပါတယ်။ သစ်ပင်ရိပ်ကို ခိုခဲ့ရင်းတောင်သစ်ကိုင်းကို မချိုးမိအောင် ကြိုးစားသင့်တာကတော့ကျေးဇူးသိတတ်ခြင်းရဲ့ပြယုဒ်တစ်ခုပါ။

Rate this:

ဓမ္မအပေါ် သစ္စာဖောက်မှုကြီ:

ကောင်းသော အလုပ်ကိုလုပ်လျှင် ကောင်းကျိုးကို ရ၍ကောင်းသော အလုပ်ကို လုပ်လျှင် မကောင်းကျိုးကိုရ၏။ ဓမ္မ၏နိယာမအတိုင်း ဖြစ်၏။ဓမ္မနိယာမအတိုင်း ဖြစ်အောင် ဓမ္မက ဆောင်ရွက်သည်။သိုရာတွင် ဓမ္မနိယာမကို ပြောင်းပြန် လုပ်သူများသည် မကောင်းသော အလုပ်ဖြင့် မကောင်းကျိုးကို ရရှိတတ်ကြသည်၏။ကောင်းသော အလုပ်ဖြင့် မကောင်းကျိုးကို ရရှိတတ်ကြ၏။ ဤဓမ္မနိယာမ ကိုပြောင်းပြန် လုပ်ခြင်းအားဖြင့် ဒုစရိုက်သမားများက ချမ်းသာကြွယ်ဝပြီး သုစရိုက်သမားများ က ဆင်းရဲကြ သည်ကို မျက်စီအောက်ပင် တွေမြင် ကြရလေရာ ဓမ္မနိယာမ ဟူသည် မှန်ကန်မှမှန် ကုန်လေရဲ. လား ဟူ၍် မေးခွန်းထုတ်တတ်လာကြ၏။ကုသိုလ် နှင်အကုသိုလ် အပေါ် သံသယ ရှိတတ်ကြ၏။

Rate this:

ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ ပါ

ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ ပါ တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ရှေ့နေဦးဖာ သား ဇာတိနတ်မောက် မကွေးခရိုင် သိကြ များခုတိုင် ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင် ဒေါ်စုသား …. တစ်ထောင့် ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန် မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် ဒို့ဖခင် ကောင်းစေချင်တဲ့ အမှာစကား ငါတို့ မမေ့အား ဒီမိုကရေစီ  လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား…။

Rate this:

ကျောင်းတော်လွမ်းချင်း

ကျောက္ကာရွှေဂူနီ ဘုရားကိုလ ဖူးမြင်ရစေလို ဘော်ဒါတွေလွမ်းတဲ့စိတ်နဲ. ကြိတ်၍သာငို ကျမျက်ရည်စိုရွှဲ ပျော်ရွှင်စွာဘော်ဒါတွေနဲ. ကဲချင် လှတယ် ကျောင်းဘယ်တော. ဖွင့်မလဲ။ ကျောက္ကာဦး မှာ သောက်ခါအမြဲ မှောက်ကာလဲပြီး လျှောက်ပါဆဲ ကမြင်းကျောထ တဲ့ရက်တွေကို စိတ်ဝယ် သတိရ မန်းတောင်မြေ အရပ်တပါးဆီက တမာမြေတို့ တက္ကသိုလ်ကို မျှော်မိတိုင်းလွမ်းလှတယ်လေး။ ps:မုံရွာ မှာကျောင်းတက် တုန်းက ရေးထားတာ ပါ ကျောင်းပိတ်ရင် ဘော်ဒါတွေလွမ်းလိုလေ မန္တလေး မှာတုန်းက ရေးထားတာ ပထမနှစ် ကျောင်းပိတ်တုန်းက ပေါ့

Rate this:

စံပယ်ဖြူ ဇန်န၀ါရီထွက်ပြီ

စံပယ်ဖြူ နိုဝင်ဘာလထွက်ပြီး ဆက်မထွက်တော့ပဲ နေနေတယ် ကျနော် ကတော့ စံပယ်ဖြူပျက်ပြီလား ထုတ်ဝေခွင့်ပဲ မပြုတောတာလား စိတ်ပူစိုးရိမ်နေတာ အခုမှပဲ အလုံးကြီးကျတော့တယ် စံပယ်ဖြူမဂ္ဂဇင်း အမှတ်(၁)ဇန်န၀ါရီ၊၂၀၀၉ထွက်လာပါပြီ။မျက်နှာဖုံးမှာ တခြားအဆို အမိန့်တွေ နဲ့မဟုတ်ဘူး စံပယ်ဖြူရဲ့ပင်ကို ဆောင်ပုဒ်ဖြစ်တဲ့ ပုဂ္ဂလအရည်အသွေးမြင့်မာမှုမှသည် လူမှုဘ၀ကောင်းမျာဆီသို.ဆို.တဲ့ စကားပဲပါတယ်။ စာအုပ်က အရင်ကထက်ထူတယ် ဒီလ အတွက် special-themes ကတော့ သွေးနှင့်ချွေးနဲ့ရင်းခဲ့ရသည့် အာရှ၏ သမိုင်းသင်ခန်းစာများနှင့် အမျိုသား ခေါင်းဆောင်ကြီးများ အကြောင်းဗျ ဆရာ စိုးဌေး ဘာသာပြန်တယ်လေ။နောက် Special pagesfor youth မှာလည်း ဖျော်ဖြေပညာပေးခြင်း၏သက်ရောက်မှု၊ဆွန်ယက်ဆင်၏ပညာရေးငယ်ဘ၀၊သချာင်္ဖြင့်ကမ္ဘ္ဘာဂြိုလ်ကိုဆင်ခြင်ခြင်း၊ အတ]္တနယ်စပ်မျဉ်း၊အပြုသဘောဆောင်သောစည်းကမ်း၊ယနေ့ အင်ဒိုနီးရှား = ၁၆ရာစု ဥရောပ၊ကလေးနဲ့တီဗီ စတဲ့ စတဲ့ ဆောင်းပါတွေ အများကြီးပါတယ်။ စံပယ်ဖြူရနံ ထာဝရကြိုင်လှိုင်နိုင်ပါစေ……..

Rate this: