မျှော်လင့်ခြင်း

သစ္စာမှတ်သား ပြတ်သားခိုင်ကြည် ငါဒီကမ္ဘာမှာ အကြင်နာဆိုတာဝေး လွတ်ဟာတဲ့နှလုံးသား အချစ်ဆိုတာ ငြိမ်သက်ခြောက်ခြား ဘယ်ဆီများရောက်နေလဲ ရီဝေမျက်ဝန်း စွန်းထင်းလေလွင့် ဒဏ်သင့်စိတ်များ အားတင်းထားလဲ ဆန္ဒရဲ့အရိပ် တွန်းတိုးရင်းပိတ်ပင် ဖိတ်စင်ပြန့်ကြဲ မပေါက်ကွဲအောင် မြိုသိပ်ခြင်းတွေ……. မျှော်လင့်ခြင်းတွေ…….. အားငယ်လှတယ် ဝေဒနာတွေစုအုံတဲ့နွေ အဖော်မဲ့ငါ ချန်ထားရစ်ပါ မလာပါနဲ့ မခေါ်ပါနဲ့ ငါ မျှော်သာမျှော်ရင်း ရင်မှာခြောက်သွေ့ ဖြေဖျောက်ကျေနပ် နေနိုင်ပါတယ်ကွယ်

Rate this:

မင်းအတွက်

လွင့်ပါးနေတဲ့စိတ်ကူး ရင်မောတဲဝေဒနာ ကာရံမညီ စိတ်ကူးအိမ်မက် လေထဲတည်ဆောက် ကယ်သူမရှိနှလုံးသား လုံးပါး ပါးမှ ရေရာတဲ့အချစ် ဇွတ်နှစ်ဝင်တိုး တန်ဖိုးနိမ်ကျလှတဲ့ မင်းရဲ့သံသယမြင်လွှာ ခဏထားပါကွာ ငါကလူထဲကလူပါ မင်းအတွက်ငါ အလာနောက်ကျခဲ့လား သိမ်ငယ်နိမ့်ကျ ခံစားရတယ် ဒါပေမယ့်ငါ မရဲတရဲအားခဲထားတယ် မ၀ံတ၀ံစွန့်စားရတယ် မယုံမဖြစ်ဇွတ်နှစ်တော့မယ် မချိတချိသတ္တိမွေးမယ် ဖြစ်သမျှကြုံသမျှ ခံနိုင်ရမယ် ငါနှလုံးသွေးစက်နဲ့ မင်းအတွက်ပေးဆပ် ဘ၀နေကွယ်တဲ့အထိ……..

Rate this:

စာမေးပွဲပြီးပြီ

ဖူး! စာမေးပွဲဖြေပြီးသွားပြီ အလုံးကြီးတစ်ခု ကျသွားသလိုပဲ  ကျောင်းကလည်းပုံမှန်မတက်တော့အတော်ကျက်ယူရတယ် အတန်းထဲက သူငယ်ချင်တွေကျေးဇူးကြောင့် တော်တော်ဖြေနိုင်ပါတယ်။ လက်ချာတွေကို အသံသွင်းပေးထားတဲ့ ကိုစိုင်နေ၀င်းမြင့်၊လက်ချာတွေကို စာစီပြီး email နဲ့ပိုပေးတဲ့ အစ်မကြီးမမေဦး၊ စာတူတူကျက်တဲ့ ဂျပု၊ပဲလှော်၊လုံးလုံး၊ဇေယျာ၊ဖူးဖူးတို.နဲ.အသုံးချစိတ်ပညာမှကျောင်းသားကျောင်းသူတွေအားလုံး ဆရာဆရာမတွေအားလုံးကျေးဇူးပါ။

Rate this:

တည်.တည်.တွေးပါ ထည်.ထည်.မတွေးပါနဲ့

အမှန်တရားကို တကယ် အလိုရှိပြီး အမှန်တရားကို ရှာဖွေ ဆည်းပူးနေကြသော သူတော် ကောင်းများကို တွေ့ဘူးပါတယ်တဲ့..။ နှစ်တွေလတွေ ကြာသော် လည်း စစ်မှန်သော လွတ်မြောက် မှုကို မရပဲ မဂ္ဂင် အတု ကို မဂ္ဂင် အစစ် ထင် ကာ ကိုယ် ထင် ရာ ပုံဖော်ပြီး အစွဲ ဝင် ကာ ပျော်ရွှင် ကြတာ ကို လည်းတွေ့ ဘူးပါတယ် တဲ့..။အမှန်ကို မသိသေးသမျှ အမှားပေါ်မှာ ပင် အမှန်ထင်ကာ ပျော်ရွှင်တတ်သော ကြောင့် ဘယ် သူ့ကို မှ အပြစ်တင် ပြောဆိုနေစရာ မလိုပါဘူး၊ ကိုယ် တိုင်သာ မှန် သထက် မှန်အောင် ကြိုးစားဘို့…

Rate this:

ဒါတွေကိုမမေ့မှ စိတ်ချမ်းသာမယ်

(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင် ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။ (၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။…

Rate this:

ရန်ကုန်တွင် တညတည်း ဗုံးနှစ်ကြိမ်ကွဲ

မတ်လ (၃) ရက်နေ့ည (၉) နာရီခွဲအချိန်တွင် ပြည်လမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ပဒုမ္မာပန်းခြံတွင် ပေါက်ကွဲကြောင်း စမ်းချောင်းမြို့နယ် နေထိုင်သူတဦးက ပြောသည်။ “အသံက တော်တော်ကျယ်တယ်။ အစတုန်းကတော့ ဂက်စ်ကားတွေက ကြားနေကျ အသံမျိုး (ဂက်စ်ပေါက်သံ) လို့ထင်တာ။ အဲဒီကားတွေက ဖြစ်နေကျလေ။ ဒါပေမယ့် စိတ်ထဲက သွားကြည့်ချင်လို့ သွားတော့ ဗုံးပေါက်နေတာပဲ” ဟု စမ်းချောင်း ကျွန်းတောလမ်းနေ ပြည်သူတဦးက ပြောသည်။ “ရဲတွေများတယ်။ ပေါက်ပြီး (၁၅) မိနစ်တောင် မကြာဘူး ရောက်လာကြတာပဲ။ လူနာတင်ကားရောက်လာတယ်၊ ပြီးတော့ ပန်းခြံထဲမှာ ထပ်မံရှာဖွေရေးတွေ လုပ်ကြတယ်ဗျ” ဟု မြေနီကုန်း မီးပွိုင့်အနီး နေသူတဦးက ဆိုသည်။ ပဒုမ္မာပန်းခြံတွင် နေ့လယ်ပိုင်း၌ အိမ်သာတက်သူအချို့နှင့် တောင်းရမ်းစားသောက်သူ ကလေးအချို့ ဆော့ကစားတတ်ကြောင်း၊ ရံဖန်ရံခါ…

Rate this: