ကျနော်ငြီးငွေ.တဲ့လောက

ပြောရရင်လည်း
ကိုယ်ရင်ကိုယ်ထုသေဖို.ပဲကောင်းတယ်
ကိုယ်ကိုကိုယ် အဟုတ်ကြီးမှတ်နေတဲ့
အမျိုးကောင်းသားလေးကျနော်ဟာ
သေခြင်းမလာခင်ထိတော့ အရိုးအသားကောင်းပဂတိ။
ငယ်ငယ်ရွယ်ရွယ်ထဲက အိုကြီးအိုမစိတ်နဲ့
နာမကျန်း အခေါင်းတလားထဲ
မြော်လင့်ခြင်းတွေ စင်းစင်းသေနေတယ်။
ဘာကိုမှလက်ခံလို.မရ ဘာကိုမှယုံကြည်လို.မရ
ဘယ်သူရဲ့လက်ဝေခံမှမဟုတ်ဘူး
မင်းတို.ပြောတဲ့ ပုပ်စပ်စပ် လောကထဲက
ကလေးကလားအမှန်တရားတွေကို
ခေါင်းမာမာဆုပ်ကိုင်ထားရင်း
နုံချာချာနေထိုင်နေတဲ့ကျနော်။
ကျနော်ရှေ့မှာ လမ်းပြသူကြယ်အိုကြီးတွေ
မြေပြင်ပေါ်ထိုးဆင်းသတ်သေပြရင်း
ကျနော်ကိုလှောင်ပြောင်သွားကြပြန်ပြီ်။
အလိုမပြည့်တဲ့ မြင့်မြတ်မှုကြိုးတန်းပေါ်
မရှိမဲ့ရှိမဲ့အမှန်တရားလေးကိုကိုင်ဆောင်ရင်း
လမ်းလျှောက်ပြနေတာတောင်
အတ္တမာနကြီးတဲ့ကောင်
ကိုယ်ကိုကိုယ်ဘောင်ခတ်တဲ့ကောာင်လို.
ချီးကျုးထောမနာပြုကြလေရဲ့။
ဘ၀ကိုလေ့ကျင့်ရင်း ပြည်ဝလာပေမဲ့
လောကရဲ့သူကောင်းပြုမှုတွေရရှိဖို့
ကိုယ်ထူကိုယ်ထထူထောင်ခွင့်
ကောင်းချီးမင်္ဂလာတွေဘယ်ဘုရားမှာပေးမသနားဘူး။
ကျနော်မှာ အမှန်တရားမှန်းမသိတဲ့အမှန်တရားတွေနဲ့
နေထိုင်ရင်း လူတွေကမှန်းတီးလာတယ်
ရပါစေရှိစေတော့……………..
တကယ်တော့အမှန်တရားက လူကြိုက်များတဲ့
ပေါ်ပင်တရားမဟုတ်ဘူးဆိုတာ
ခင်ဗျားတို.သိထားဖို.လိုတယ်။်

Advertisements

One thought on “ကျနော်ငြီးငွေ.တဲ့လောက

  1. ကဗျာပုံစံချင်းတူတယ်ဗျ။ ကျွန်တော် ကဗျာစပ်ရင်လည်း ဒီပုံစံထွက်တယ်။ ဒါပေမယ့် ကျွန်တော့် ကဗျာက ၀င်ကစွပ်ကဗျာတွေ များတယ်။ ကျွန်တော်ကတော့ ပုံစံတွေ ခိုးခိုးပြီး ရေးတာ တော်တယ်လို့ ကျွန်တော့်သူငယ်ချင်းတွေ ပြောကြတယ်။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s