ဖွံ့ဖြိုးရေးဆိုသည်မှာ

၁၉၅၀ ခုနှစ်များမှ စ၍ စီးပွားရေးဖွံ့ဖြိုးရန်နှင့် အပြုသဘောဆောင်သော လူမှုပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန်အလို့ငှာ ဖွံ့ဖြိုးရေးအေဂျင်စီများနှင့် ဖွံ့ဖြိုးရေးအစီအမံများ အပြိုင်းအရိုင်း ပေါ်ပေါက်လာခဲ့ကြပါတယ်။ မွန်မြတ်သော ရည်မှန်းချက်များထားကာ ကြိုးစားအားထုတ်ခဲ့သော်လဲ ဒီအေဂျင်စီများရဲ. ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမှာ မအောင်မမြင် ဖြစ်ခဲ့ရတယ်။ဒီကာလအတွင်း ဖွံ့ဖြိုးရေးနှင့်ဆိုင်သော လေ့လာမှုနယ်ပယ်တွေမှာ သီအိုရီပေါင်းများစွာ ပေါ်ပေါက်ခဲ့ပြီး ၎င်းသီအိုရီ တစ်ခုစီတိုင်းမှာလဲ ၎င်းတို့၏ ကိုယ်ပိုင်ရှုမြင်မှုများ၊ အကြောင်းပြချက်များ အသီးသီးရှိကြတယ်။ ယနေ့အချိန်ထိ အသုံးဝင်၊ အသုံးပြုနေကြသည့် အခြေခံသည်အိုရီ တစ်ချို့ကို ဆွေးနွေးရအောင်။ ထိုမျှမက လူသား၊ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုတာ ယနေ့အချိန်အခါအတွက် ဘယ်လို အဓိပ္ပာယ်သက်ရောက်လဲကြည်ရအောင်။

ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံများ၏ ခြေရာအတိုင်း တစ်သဝေမသိမ်း လိုက်လျောက်ရမည်ဟူသော ယုံကြည်ခံယူချက်အပေါ်မှာ ဒီအဆိုကို အခြေခံထားခြင်းပဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆတာ ဖွံ့ဖြိုးရေး၏ ဖြစ်စဉ်တစ်ခုအဖြစ် ပုံသေမှတ်ယူပြီး အနောက်နိုင်ငံများ၏ ဖွံ့ဖြိုးရေးပုံစံကို အတုယူရန်ဖြစ်သည်။

သို့သော်လည်းဒီပုံစံသည်အနောက်နိုင်ငံများအတွက်အကျိုးများသလောက်ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကတော့ အကျိုးမများလှကြောင်း မကြာခင်မှာပင် အထင်အရှားတွေ့လာရတယ်။ ဒီပုံစံအတိုင်း လိုက်လျောက်ခဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးမှာ နှစ်ပိုင်းကွဲသွားတယ်။ သေးငယ်သော်လည်း ခေတ်မီဖွံ့ဖြိုးတဲ့၊ ချမ်းသာကြွယ်ဝတဲ့ အစိတ်အပိုင်းနှင့် ဆင်းရဲပြီး ရှေးရိုးဆန်တဲ့ ကြီးမားလှသည့် အစိတ်အပိုင်းကြီးပင် ဖြစတယ်။ ဖွံ့ဖြိုးလာသော စီးပွားရေးနှင့်အတူ ဆင်းရဲနွမ်းပါးမှု၊ ပထားခြင်းခံရသူများ၊ အလုပ်လက်မဲ့ဦးရေတိုးပွားလာခြင်းနှင့် ငတ်မွတ်ခြင်းများ ကြီးထွားလာခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ယခင်ဖွံ့ဖြိုးရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှု များမှာ ချမ်းသာသော နိုင်ငံများအပေါ် မျက်နှာသာပေးခဲ့ခြင်းသာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အတွင်း၌လည်း ချမ်းသာကြွယ်ဝသော မြို့ပြများကိုသာ ဗဟိုပြုခဲ့ခြင်းဖြစ်သည်ဆိုသော ယုံကြည်ချက်အပေါ်အခြေခံ၍ ဒီသီအိုရီကို တည်ဆောက်ထားခြင်းဖြစ်သည်။ ဤသီအိုရီကို ဖော်ထုတ်ခဲ့သော ပညာရှင်များက ကမ္ဘာကြီးကို ဗဟိုနှင့် ဗဟိုပြင်ပ၊ အဓိကအချက်အချာနှင့် အစွန်အဖျားအဖြစ် နှစ်ပိုင်းခွဲခြားခဲ့ကြသော ကိုလိုနီလက်သစ်များကို ထောက်ပြခဲ့ကြသည်။ ခေတ်နောက်ကျ ကျန်ရစ်ခဲ့သော ကျေးလတ်ဒေသများ၏ အနစ်နာခံပေးဆပ်မှုများနဲ့ ခေတ်မှီဖွံ့ဖြိုးသော မြို့ပြများကို တည်ဆောက်ယူခြင်း ဖြစ်တယ်။

ဒီသီအိုရီသည် လက်တင်အမေရိကနိုင်ငံများ၏ ဖွံ့ဖြိုးရေးအတွေ့အကြုံများမှ မွေးဖွားလာတယ်။ ဒီသီအိုရီကို ဆင့်ပွားကျင့်သုံးခဲ့ကြသော နိုင်ငံများမှာ် ချီလီ၊ ဂျမေကာနှင့် တန်ဇန်းနီးယားနိုင်ငံတို့ ပါဝင်သည်။ ဒီသီအိုရီကို ကျင့်သုံးခဲ့သော နိုင်ငံများ အားလုံးသည် ၄င်းတို့၏ ကိုယ်ပိုင်စက်မှုလုပ်ငန်းများကို ကာကွယ်ရန်အလို့ငှာ သွင်းကုန်များ အစားထိုးခြင်း၊ အင်အားကြီးနိုင်ငံများနှင့် ကုန်သွယ်ရေးကို ကန့်သက်ခြင်းများ ပြုလုပ်ခဲ့သည်။ ဒါပေမယ့် ထိရောက်မှုမရှိ၊ နည်းပညာချို့တဲ့၊ နိုင်ငံတကာဈေးကွက်မှာ ရေနံဝယ်ယူရန် နိုင်ငံခြားငွေလိုအပ်ခြင်းများနှင့်အတူဒီပါပေါ်လစီများ ရေတိမ်နစ်ခဲ့ရတယ်။

ဒီသီအိုရီသည် မော်ဒန်နိုက်ဇေးရှင်းသီအိုရီကို ဝေဖန်ဆန်းစစ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရှိခဲ့ပေမဲ့ မော်ဒန်နိုက်ဇေးရှင်းသီအိုရီထက် ပိုကောင်းသော ဖွံ့ဖြိုးရေးပုံစံတစ်ခုကို မတည်ဆောက်ပြနိုင်သောကြောင့် အောင်မြင်မှုမရခဲ့ပေ

မဖွံ့ဖြိုးမှုများအပေါ် မှီခိုအားထားခြင်းသီအိုရီ ကျဆုံးသွားရခြင်းကြောင့် မော်ဒန်နိုက်ဇေးရှင်းသီအိုရီသို့ နောက်ပြန်လှည့်သွားရုံမက ဗဟိုအချက်အခြာနှင့် အစွန်အဖျားအကြား ရှုပ်ထွေးသော ဆက်နွယ်ပက်သက်မှုကို အသိအမှတ် ပြုလာရတယ်။ တစ်နည်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာအချင်းချင်း အပြန်အလှန်မှီခိုခြင်းကို အသိအမှတ် ပြုလာရတယ်။

၁၉၇၀ ခုနှစ်နောက်ပိုင်းနှင့် ၁၉၈၀ ခုနှစ်အစောပိုင်းကာလများက ဒီသီအိုရီကို အခြေခံ၍ ဖွံ့ဖြိုးရေးဆိုင်ရာ နည်းဗျူဟာများ အစီအရီ ပေါ်ပေါက်လာခဲ့သည်။ ၄င်းတို့အနက်မှ ထင်ရှားသော အစီအစဉ်တစ်ခုမှာကုလသမဂ္ဂမှ ထုတ်ပြန်ကြေငြာခဲ့သော အပြည်ပြည်ဆိုင်ရာ စီးပွားရေးပုံစံသစ် (New International Economic Order, NIEO) ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများကို ဦးစားပေးထားကြောင်းတွေ့ရသည်။ နောက်နည်းဗျူဟာတစ်ခုမှာ ဆင်းရဲသောနိုင်ငံများသို့ ငွေကြေးအရင်းအမြစ်များ အလုံးအရင်းဖြင့် လွှဲပြောင်းပေးရန် အဆိုပြုခဲ့သော ဘရန့်ကော်မရှင် (Brandt Commission) ၏ အစီရင်ခံစာဖြစ်သည်။

၎င်းကောင်းအဆိုပြုချက်အတိုင်း ၁၉၇၀ ခုနှစ်နှင့် ၁၉၈၀ ခှနှစ်များအတွင်း ကမ္ဘာ့ဘဏ် (World Bank) ၊ အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ (IMF) နှင့် နောက်နိုင်ငံဘဏ်များက ငွေထုတ်ချေးသောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ငွေကြေးအရင်းအမြစ်များ အလုံးအရင်းနှင့် ရောက်ရှိသွားခဲ့ပါသည်။ သို့သော် နောက်ဆုံးရလဒ်အဖြစ်ကြွေးမြီပြဿနာကြီးသာ အမွေချန်ထားရစ်နိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသည် အဆိုပါ အကျိုးဆက်ကိုယနေ့တိုင် ခံစားနေရဆဲဖြစ်ပါတယ်။

ဆက်ရန်ရှိသည်………………

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s