နတ်မိစ္ဆာရဲ့လောက

ငါအား ပတ်ပတ်လည် ၀ိုင်းထားတဲ့ဘ၀ရဲ.

သမုဒ္ဒရာ ထာဝရ လှိုင်းလုံးတွေ

ဖြစ်တည်ခြင်း ပင်လယ် မှာပုတ်ခက်

ရင်ခုန်အသက်ရူနေသော ရေပြင်ပေါ်မှာ

ရှင်သန်နေထိုင်ရင်း လေ့လာ သင်ယူု

နောင်မှ သိခဲ့ရ

ဘ၀ရဲ. လှပတင့်တယ်မှု တွေအောက်

ဖောက်ပြန်ပျက်စီးမှုဟာ နေရာအစုံမှာ

မျှော်လင့်ခြင်းတွေ ရင်တလှပ်လှပ် ခုန်နေတဲ့

ဘ၀ရဲ. နောက်ကွယ် ရှောင်မနိုင်တိမ်းမရ တဲ့

စက်ဆုပ် မုန်းတီးဖွယ် သေခြင်း မရဏ ရှိနေတယ်

ချမ်းသာလို ချမ်းသာငြားဘ၀ထဲ ၀င်ရှာ

ရေအများ ငါးမတွေ့ ဘူး

ကောက်ကျစ်ခြင်း စစ်တလင်းသာဖြစ်တဲ့ လောက

ဆိုးသွမ်းတဲ့ လောက

ဂရုဏာ သက်ဖွယ် ဆင်းရဲဒုက္ခတွေကို

ရှင်သန် အောင် ပြုပြင်ပေးတဲ့ လောကကို ဖန်တီးသူသည်

ဘုရားသခင် မဟုတ် နတ်မိစ္ဆာသာဖြစ်ရမယ်။

Advertisements

3 thoughts on “နတ်မိစ္ဆာရဲ့လောက

  1. ဒကာလေးရေ…

    ခဏခဏတော့ရောက်ဖြစ်တယ်၊ ကဗျာတွေတော့ သိပ်နားမလည်ပါဘူး၊ လောက ပါလို့တော့ ကြိုက်သွားတယ် ဒါ့ကြောင့်ကူးသွားပါတယ်။ ဒီအချိန်ဒီအခါ ဒကာလေးရဲ့ လွတ်လပ်စွာ ရေးထားတဲ့ စာတွေ ကဗျာတွေ အမြဲလေ့လာကြည့်နေပါတယ်၊
    ငါကောဘယ်လိုလဲ ဆိုတာ…။

    ဘုန်းကြီးရဲ့စာနဲ့ ပတ်သက်ပြီး အမြင်ကပ်စရာများ ပါရင်လည်း သည်းခံပါ၊
    တုံ့ပြန်လိုတယ်ဆိုရင်လဲ ဒကာလေး ကြိုက်သလို တုံ့ပြန်နိုင်ပါတယ်၊ ခွင့်ပြုပါတယ်၊
    ဖျက်ပြစ်လိုရင်လည်း ဖျက်ပြစ်နိုင်ပါတယ်၊
    စိတ်ချမ်းသာပါစေ… ဒုက္ခဆင်းရဲကင်းဝေးပါစေ…။
    ဦးလောကနာထ
    ၄.၁၃.၂၀၀၉

    Like

  2. လမ်းတစ်ခုပေါ် ရောက်နေတယ် ဆိုကြပါစို့
    ဆက်လျှောက်သွားမလား
    ဘေးကိုဖဲ့ဆင်းသွားမလား
    ဒါမှမဟုတ် ချိုင့်ပေါတာပဲ ငြီးငြူမလား
    တွေ့ရာခဲကို ကန်ထည့်လိုက်မလား
    ဒါဟာ ကျွန်တော်တို့ ကိုယ်တိုင်ရွေးရတဲ့ ကိစ္စ
    လမ်းပေါ်မှာ ရောက်နေတယ်လို့ ယူဆခဲ့ရင်ပေါ့

    အမြင်ဟာ ရှိရင်းစွဲထက် ကျယ်သွားတယ်
    သို့တည်းမဟုတ် ကျဉ်းသွားတယ်
    ကျဉ်းတဲ့အခါဖြစ်စေ ကျယ်တဲ့အခါဖြစ်စေ
    ရွေ့လျားခိုက်ခဏမှာ လေကတိုးဝင်တော့တာပဲ
    အဲ့ဒီအချိန်မှာ စိတ်ဟာ အချဉ်ပေါက်တော့တာပဲ
    စိတ်အချဉ်ပေါက်တာကို ကုစားဖို့ တရားရှိတယ်ဆို
    ဒီတရားဟာ ကျွန်တော်တို့ ကိုယ်မှာပဲ ရှိမယ်ထင်တယ်

    ကျွန်တော့်ဆီလာလည်သွားတာ ကျေးဇူးပါ
    ပျော်ရွှင်နိုင်ပါစေ

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s