နှစ်သစ်လက်ဆောင်

နှစ်သစ်မှာ ကျနော်ဘလော့ဖတ်တဲ့သူတွေကို နှစ်သစ်မှာဘာလက်ဆောင်ပေးရင်ကောင်းမလဲ စဉ်းစားတယ် အမေကိုမနေ.ကပဲ ကတိသုံးခုပေးခဲ့ရတယ်။

၁။လူများရဲ့ကျေးဇူးကိုမြင်ဖို.

၂။ကျန်းမာရေးဂရုစိုက်ဖို.

၃။ဘာသာရေးပိုလုပ်ဖို.

ဒါတွေကိုအမေကိုလုပ်ပါမယ် လိုကတိပေးလိုက်ရတယ်။ ဒီအချက်၃ချက်မှာ ကျနော်အတွက် အခက်ဆုံးက နံပါတ်တစ်အချက်ဖြစ်တဲ့လူအများရဲ့ကျေးဇူးကို မြင်ဖို.ပဲ။ကျနော်ငယ်ငယ် ကတည်းကဖတ်တဲ့စာကလက်ဝဲစာတွေများတယ်ချမ်းသာတဲ့သူဆိုရင်မုန်းတယ်လူတကာကို ဖောက်ပြန်တယ်ပဲမြင်နေတတ်တယ်လူတွေနဲ့အမြဲအဆင်မပြေဘူး။ကျနော်ကြည့်လိုရတဲ့လူ ရှားတယ်။ ဒါကြောင့်ဘယ်သူနဲ့မှမတည့်ဘူး အခုတော့အမေကိုကတိပေးပြီးသွားတော့ တည်အောင် လုပ်ရမှာပေါ့။

လူတွေရဲ့ကျေးဇူးကို ဘယ်လိုမြင်အောင်လုပ်ရမလဲ မြင်အောင်လုပ်နဲ့တဲနည်းက ဒီနှစ်အတွက်

လက်ဆောင်ပေါ့ဗျာ။

ကျေးဇူးကို ပိုင်းလော့ဆရာတော်ဘုရားကြီးက အထောက်အပံ အကြောင်းတရားတဲ့

သံသရာမှာမိဘ ဆွေမျိုးမတော်စပ်ဘူးသူမရှိတဲ့အတွက် လူအားလုံးကျေးဇူးရှိပါတယ်လို.

ကျနော်ကို ဆုံးမဖူးပါတယ်။

ကျနောက မနေ.ကညမှာပဲ စာအုပ်တစ်အုပ်ဝယ်တယ်။ကျနော် ပတ်သက်ဖူးသော၊သိကျွမ်းဖူး

သောလူတွေအားလုံးရဲ.နာမည် တွေရေးတယ်။စာရွက်တမျက်နှာတယောက်နှုန်းနဲ့ နောက်ဒီလူ

တွေရဲ. ယေဘုယျကောင်းတဲ့ အချက် နောက်ကျနော်အပေါ်ကောင်းခဲ့တာတွေစဉ်းစားပြီး ချရေး

တယ်။အဓိကကျနော်ကြည်.မရအမြင်ကပ်သူတွေ ရဲ.နာမည်ကို အရင်ရေးတာပေါ့။သူတို.ရဲ.

ကောင်းကြောင်းတွေက အတော်စဉ်းစားရတယ် သဗျ။ဒါပေမယ်နောက်ပိုင်း သူအလိုလိုကောင်း

ကွက်လေး တွေပေါ်လာတယ် နောက် သူတို.ကို အရင်လို.အမြင်မကပ်တော့ဘူး ကြည်မရမဖြစ

တော.ဘူး

ခင်ဗျားတို.ကောလုပ်ကြည်.ပါလား

စာအုပ်တစ်အုပ်ယူ

ကိုယ်နဲ့ထိတွေ.နေရတဲ့လူတွေနာမည်ရေး

နောက်သူနဲ.ပင်ကိုကောင်းတဲ့အချက်တွေ(သို.)ယေဘုယျကောင်းကွက်တွေရေး

ပြီးတော့ သူကိုယ်ပေါ်ကောင်းခဲ့တာလေးတွေကို ရေး(အနည်းဆုံး၁ချက်လောက်တော့တွက်

တယ်) ရေးပြီးသွားရင် ခင်ဗျားဒီလူကိုမမုန်းတော့ဘူး။တကယ်ပြောတာစမ်းလုပ်ကြည့်ပါလား။

Advertisements

4 thoughts on “နှစ်သစ်လက်ဆောင်

  1. မေမေချစ်သောသားကြီးကို ဥဂ္ဂါ…
    မေမေကိုပေးတဲ့ ကတိတည်းအောင်ကြိုးစားတဲ့ အတွက်မေမေသာဓုခေါ်ပါတယ်..။
    ဘက်တီးရီးယားတွေ ပိတ်ဆို့ဘို့ ကြိုးစားနေတဲ့ သားရဲ့နှလုံးသားဟာ မေမေ့နှလုံးသားနဲ့တူတူပါပဲ…နားလည်တတ်ပါစေသားရေ…..ဒီနှစ်သစ်ဟာမေတေို့ အတွက် ဆုတောင်းပြည့်ချိန်ဖြစ်ပါတယ်…အောင်မြင်တောက်ပပါစေ…ရှင်းသန့်စင်ကြယ်ပါစေ…။

    Like

  2. သားအမိတွေ ရေးနေကြတဲ့စာ ဖတ်ရတာ လွမ်းဆွတ်စရာ ကောင်းသလိုလို ကြည်နူးစရာ ကောင်းသလိုလိုပဲ… သားအမိနှစ်ဦးအတွက် မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်ပါစေ… ဒကာလေး နှစ်သစ်မှာလုပ်တဲ့ အလုပ် တော်တော်ကောင်း… ဒကာလေးရေးတဲ့ အမည်တွေထဲမှာ အောက်ဆုံးနားက ဘုန်းကြီးအမည်လေးမှ ပါပါ့မလားလို့လဲ စဉ်းစားမိနေတယ်… တခါတရံ အတ္တကြီးတယ်လို့ ထင်စရာရှိတတ်ပါတယ်… ဒကာလေးကော ထင်မိသလား… မထင်ပါနဲ့နော်…။
    ဘုန်းကြီးတောင် မလုပ်ဖူးဘူး… သာသွားပြီ မောင်ဥဂ္ဂါရေ… သာဓု သာဓု သာဓု…

    မိသားစု စိတ်ချမ်းသာကြပါစေ…
    ဒုက္ခဆင်းရဲကင်းဝေးကြပါစေ…
    ဦးလောကနာထ
    ၅.၆.၂၀၀၉

    Like

  3. သူငယ်ချင်း
    နင့်ရဲ့ အောင်မြင်မှုတိုင်း ကို ငါလက်ခုပ်တီးနေမယ်နော်

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s