လူမိုက်တစ်ယောက်
နေ.တစ်နေ.မွေးဖွားလာတယ်။သူအိပ်ယာကနေပုံမှန် အတိုင်းပဲနိုးလာတယ်။
တစ်အိမ်လုံးဘယ်သူမှမရှိ သူတစ်ယောက်တည်း ဒီနေ့ဘာနေလဲ့ပြက္ခဒိန်ကြည်.လိုက်တော့ တစ်နှစ်တာ
ဆယ်နှစ်လထဲ က တစ်ခုသောမြန်မာလပြည်နေ့……….
သူဘာလုပ်ရမလဲ သူမသိအလုပ်ကလည်းပိတ်တယ်။သူချစ်နေ့ရတဲ့သူကလည်း နယ်ကိုပြန်သွားတယ်။
အိမ်က သူငယ်ချင်းတွေကလည်းသူကိစ္စနဲ့သူသွားကြတယ်။အိမ်မှာဘယ်သူမှမရှိ ပျင်းပျင်းရိရိရှိ လှ၏။
ဘာလုပ်လို.ဘာကိုင်ရမလဲမသိ နောက်ဗိုက်ဆာလာလို. အိမ်အောက်က ထမင်းဆိုင်မှာ ထမင်းကြော်
နဲ့ ကိစ္စပြီး အောင် စားလိုက်တယ် စားမကောင်းဘူး။ အိမ်ရှေ့မှာဘစ်(စ်)ကားတွေ အော်သွားတာ
ကြားလိုက်ရတယ် “မြေနီကုန်း၊လစ်လမ်း၊မြောက်ဘက်မုဒ် ရွှေတိဂုံ ရွှေတိဂုံ၊ဆောက်လုပ်ရေး ဆူးလေ”
ရွှေတိဂုံဆိုပါလား မြန်မာတို.ရဲ့သင်္ကေတ၊ ဗုဒ္ဓဘာသာတွေရဲ့နှလုံးသား၊ကမ္ဘာအံ့ဖွယ်တစ်ပါး ဒီရွှေတိဂုံ
ဘုရားကို သူမရောက်ဖြစ်တာ ၁နှစ်ကြာပြီ။သူရန်ကုန်မှာအခြေစ ချကတည်းက မရောက်ဖြစ်ခဲ့တာ
တစ်နှစ်ကြာပြီ။ အရင်နယ်မှာနေတုန်းက ရန်ကုန်ကို အလည်လာရင်တခါလာ တခါတော့ရွှေတိဂုံ
ဘုရားဖူးဖြစ်သေးတယ်။ အခုရန်ကုန်မှာလာနေမှပဲ ရွှေတိဂုံကိုမဖူးဖြစ်တော့တာတစ်နှစ်ကြာပြီ
နိုင်ငံခြားက သူသူငယ်ချင်းတွေက သူကိုခဏခဏ ပြောတယ်။ ရွှေတိဂုံဘုရားနဲ့မြန်မာပြည်ကို
အလွန်လွမ်းကြောင်း မြန်မာပြည်မှာနေတဲ့သူတွေ ရွှေတိဂုံကိုတန်ဖိုးထားသင့်ကြောင်း ပြောဖူးတာ
သူပြန်ကြားယောင်မိတယ်။အင်းအခု သူဘာလုပ်ရမလဲ သိပြီ သူရွှေတိဂုံသွားဖူးမယ်။
ဟုတ်ပြီ သူအိမ်ပြန်ပြီး ရေချိုး၊အ၀တ်လဲပြီး ဘုရားသွားရမယ်။
သူအ၀တ်လဲပြီးရေချိုးပြီး ဘုရားသွားဖို.အပြင်ထွက်စဉ် သူရှေ့တွင်ဂျစ်ကားတစ်စီး ထိုးရပ်လိုက်တယ်။
ကားပေါ်မှာ သူနဲ့နယ်မှာကျောင်းအတူတက်ခဲ့တဲ့ သူငယ်ချင်းဟောင်းကြီးကိုတွေတယ်။ သူက
ဟေ့ကောင်မင်းလိပ်စာရလာလိုလိုက်လာခဲ့တာ လာ သွားရအောင်ဆိုပြီး ခေါ်လိုက်တယ်။
သူကလည်းအပေါင်းအသင်းမင်တော့နှစ်ခါမခေါ်ရဘူး ဆွေကနဲပါအောင်လိုက်ဖြစ်သွားတယ်။
နောက်သူတို.က မြေနီကုန်းနားက ဘီယာဆိုင်ဆီရောက် ဘီယာသောက်ရှေးဟောင်းနှောင်းးဖြစ်
ပြောကြရင်း သူ.သူငယ်ချင်းကားနဲ့သူအိမ်ကိုလိုက်ပို.ပေးတယ်။
သူအိမ်သူပြန်ရောက်တော့ သူအတော်ရီတီတီ ဖြစ်နေတယ်။သူအစက ဘုရားသွားမလို.
ဘယ်လို.ဖြစ်ပြီးဘီယာဆိုင်ရောက်သွားတာလဲ သူအဖြစ်သူတွေးပြီးရီမိတယ်။
အိပ်ယာပေါ်ပစ်လည်းလိုက်ပြီး စာအုပ်စင်က စာအုပ်တစ်အုပ်ယူပြီး ဖတ်ကြည်လိုက်မိတယ်
စာအုပ်က တရားစာအုပ် သူဖတ်လိုက်တဲ့စာမျက်နှာမှာ
မြတ်စွာဘုရားကလက်သည်းခွံပေါ် မြေကြီးနည်းနည်းတင်ကာ“ချစ်သားရဟန်းတို.ငါ၏လက်သည်းခွံပေါ်
က မြေမှုန်နဲ့ဟောဒီမဟာမြေကြီးပေါ်က မြေမှုန့်နဲ့ယှဉ်ရင်ဘယ်ကပိုများလည်းချစ်သားတို.”ဟုမေးလိုက်
တယ်။ရဟန်းများက “တုနှုန်းမမှီအောင်ပဲ မဟာပထ၀ီမြေကြီးက ပိုများကြောင်းပါ ”ဟုပြန်ဖြေလေသည်။
ဗုဒ္ဓမြတ်စွာဘုရားက “ဟုတ်တယ်ချစ်သားတို့ရိုရိုသမျှလူ၊နတ်၊ဗြဟ္မာတို. စုတေပြီးရင် လူနတ်ဗြဟ္မာ(သုဂတိဘုံ)
သို.ပြန်ရောက်သူမှာ ဟောဒီငါ၏လက်သည်းခွံပမာဏလောက်သာရှိပြီး အပယ်(ငရဲ၊ပြိတ္တာ၊အသူရကာယ်၊
တိရိစ္ဆာန်)သို.ရောက်သူမှာ မဟာပထ၀ီမြေကြီးပမာဏလောက်ရှိတယ် ချစ်သားရဟန်းတို.)
ဒီစာကိုဖတ်ပြီး သူဝမ်းနည်းမိသလိုခံစားရတယ်။စာအုပ်ကိုဘေးနားအသာချထားပြီး သက်ပြင်းအရှည်ကြီး တစ်ချကချမိပါတယ်။
တကယ်ပါဗျာ သူအစက ရွှေတိဂုံဘုရားသွားဖူးမလို.ပါ။
Advertisements
One thought on “လူမိုက်တစ်ယောက်
  1. ဒကာလေးရေ…
    လူမိုက်တစ်ယောက် အကြောင်းကို သုံးကြိမ်မြောက် ၀င်ရောက်ဖတ်ရှု ခံစားကြည့်နေမိပါတယ်…။
    ပထမဆုံး လူမိုက်ဆိုတဲ့ စကားလေး ခံစားကြည့်လိုက်ပါတယ်၊
    ဘုရားက မိမိသူတပါး နစ်နာပျက်စီးအောင် ပြုသူသည် လူမိုက်လို့ ဆိုထားပါတယ်။ တခါတရံ မိမိကိုယ်ကို မနစ်နာဘူးလို့ လူတွေက ထင်နေတတ်ကြတယ်။ ခုစာထဲက အကြောင်းအရာကို အခြေခံလို့ လူမိုက်လို့ အမည်ပေးလိုက်ခြင်းကိုက၊ စာရေးသူဟာ ဒါကို သိနေလို့ ဖြစ်သွားပြီ၊ ဒီလို သိနေတဲ့သူတွေဟာ အပူကို ကိုင်မိရင်တောင် ဖွဖွလေး ကိုင်တတ်သွားတယ်တဲ့၊ အပူသက်သာတာပေါ့လေ။
    ကြားထဲက စာတွေထားလိုက်တော့…
    အိပ်ယာပေါ်ကနေ ကိုင်လိုက်တဲ့စာအုပ်က တရားစာအုပ်တဲ့…။ ဓါတ်တွေက ဘယ်လောက်ကောင်းနေသလဲ ကြည့်စမ်းပါဦး။ ဖတ်လိုက်ရတဲ့ တရားလေးက ရှားရှားပါးပါး၊ ကမ္ဘာပေါ်မှာ တစ်နေ့ တစ်နေ့ လူတွေမွေးတာ အများကြီးလို့ ဟစ်ကြွေးနေတဲ့အချိန်၊ ဒို့ မြတ်ဗုဒ္ဓက သုဂတိဘုံ ရောက်တာ လက်သဲခွံပေါ်က မြေကြီးလောက်၊ ဒုဂ္ဂတိဘုံရောက်တာ ကမ္ဘာမြေမှုံလောက် များပြားပါတယ် ဆိုတော့ ကမ္ဘာ့လူသားတွေ အတွေးနဲ့ မြတ်ဗုဒ္ဓအတွေး ကွာခြားလိုက်တာ၊ ဒီလိုသိလိုက်ရတဲ့ အချိန်လေးမှာလေ၊ ဘုန်းကြီးရဲ့လက်ကျန် အသက်ရှူနေရတဲ့ အချိန်လေးဟာ အနည်းဆုံး သုဂတိဘုံလောက်တော့ ရောက်အောင် ကုသိုလ်တရားတွေ လုပ်သင့်ပါလားလို့ သတိရသွားစေပါတယ်။ ၀မ်းသာစရာ ဘယ်လောက်ကောင်းသွားသလဲ။
    ဒါ့ကြောင့် လုပ်ခဲ့တာလေးကို တွေးပြီး ၀မ်းမနည်းဘဲ၊ တရားတော် ဖတ်လိုက်ရတာ ၀မ်းသာလိုက်တာလို့ တွေးလိုက်မယ်ဆို။ အကျိုးကြီးသွားပါတယ်။
    ဒါကတော့ ဓမ္မအတွေးလေးကို ပြောပြတာပါ…။
    ကဲ ဒကာလေး ဘုန်းကြီးကတော့…
    ရောက်ရာအရပ်မှာ ယူတတ်ပါစေ ဓမ္မအမွေ ဆိုတဲ့အတိုင်း…
    ဒကာလေးထံက ဓမ္မယူသွားပါပြီ…။
    စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ…။
    ဦးလောကနာထ
    ၄.၁၉.၂၀၀၉
    Like
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s