Socially Engage Buddhism

Socially Engage Buddhism ဆိုတာ မဟာယာနဗုဒ္ဓဘာသာရဲ.

အတွေးအခေါ်တစ်ခုဖြစ်ပါတယ်။ စပြီးဖော်ထုတ်ခဲ့သူ က ဗီယက်နမ်

ကဇင်ဘုန်းကြီးဆရာတော်ကြီး သစ်နက်ဟန် ဖြစ်ပါတယ်။

Socially Engage Buddhism ရဲ့ အဓိပ္ဖါယ်ကတော့

Buddhist practices + social activism=ဗုဒ္ဓကျင့်စဉ်များကို

လူမှုရေးလုပ်ငန်းတွေ မှာအသုံးပြုပါမယ်လို.

Engaged=ကတိထား၊သစ္စာပြု၊ပါဝင်ဆောင်ရွက်သည်.

Buddhism=ဗုဒ္ဓဓမ္မ

လူလောကထဲမှာ ပါဝင်ဆောက်ရွက်နေတဲ့ ဗုဒ္ဓဘာသာ

Socially engage Buddhists တွေဟာ ငြိမ်းချမ်းသော

ရွှင်လန်းကျန်းမာပြီး တရားမျှတသော လောကကြီးတည်ဆောက်ဖို.

စစ်ပွဲတွေ၊ပဋိပက္ခတွေ၊ခွဲခြားဆက်ဆံမှု၊ဖိနှိပ်မှုတွေ၊ဆင်းရဲမွဲတေမှုတွေက

လွတ်မြောက်ဖို.၊ဒေါသလောဘမောဟတွေ ဖယ်ရှားပြီး ဥာဏ်ပညာနဲ.ဂရုဏာကို

အမြဲကျင့်သုံးဖို့ ဗုဒ္ဓဓမ္မနဲ.ကမ္ဘာပြသာနာတွေကို ဖြေရှင်းနှိင်မယ်လို.ယုံကြည်ကြသူတွေ

ကျင့်သုံးကြသူတွေပဲဖြစ်ပါတယ်။

ဆရာတော် သစ်နက်ဟန်ရဲ့ကဗျာလေးခံစားကြည်.ပါ ဆရာကိုတာဘာသာပြန်ထားတာ

ဒီမနက် နိုးလာလာချင်းကျွန်တော်ပြုံး

ကျွန်တော်ရှေ့မှာအသစ်စက်စက် ၂၄နာရီ

အချိန်တိုင်းမှာကောင်းစွာနေမယ်။

လူအားလုံးသက်ရိုအားလုံး

ဝေနေယျတွေကို အကြင်နာမျက်စီနဲ့ကြည်မယ်။

Advertisements

3 thoughts on “Socially Engage Buddhism

  1. မဟာယာန ဆိုတော့က ကျွန်တော် သိပ်နားမလည်ဘူးဖြစ်နေတယ်။ သဘောတရား တွေကိုလေ။ ဒါပေမယ့် ကဗျာလေးကိုတော့ အရမ်းကြိုက်တယ်။ တစ်နေ့နေ့တော့ ကျွန်တော်အဲလိုနေကြည့်မယ်။

    Like

  2. ကဗျာလေးကို ခံစားကြည့်မိပါသည်…

    မဟာယာနနဲ့ ထေရ၀ါဒ မတူတာတွေ မပြောတော့ပါဘူး သိပြီးသားတွေဆိုတော့…

    ကဗျာအကြောင်းလေး တစ်ခုဘဲပြောမယ်လေ…
    ဘယ်သူပြောပြော ဟောဟော၊ စကားလေးဟာ တရားလေးဟာ ဗုဒ္ဓရဲ့တရား စကားတို့နဲ့ အဓိပ္ပါယ်တူခဲ့သည်ရှိသော် မြတ်ဗုဒ္ဓက သာဓုခေါ်တော်မူတယ် -သို့- ဆိတ်ဆိတ် နေတော် မူပါတယ်တဲ့၊ လက်ခံတယ်ပေါ့…

    ကဲဒီတော့ …
    ဆရာတော် သစ်နက်ဟန်ရဲ့ကဗျာလေး ခံစားကြည့်တဲ့အခါ…
    မနက်လင်းတဲ့အချိန်လေးကစလို့၊ အသုံးမပြုရသေးတဲ့ ၂၄-နာရီ အသစ်စက်စက်ကလေးကို၊ အချိန်တိုင်းမှာ ကောင်းစွာနေမယ်တဲ့၊ အင်မတန်ကောင်းတဲ့ အတွေးလေး၊ ကံသုံးပါး လုံအောင် နေမယ်ဆိုတာနဲ့ အတူတူပဲ။ ဆက်ပြီး လူအားလုံး သက်ရှိအားလုံးကို အကြင်နာမျက်စိနဲ့ ကြည့်မယ်တဲ့။ နှလုံးသွင်းမိလိုက်ပါတယ်… သြ သူတော်ကောင်းတွေရဲ့ ကရုဏာဓါတ်တွေလို့..။ သက်ရှိအားလုံးလို့ ဆိုလိုက်တဲ့အတွက်ကြောင့် ဆရာတော်ဟာ သက်ရှိမဟုတ် ရုပ်တရားသက်သက်တွေကို မေတ္တာထားဖို့ အကြင်နာထားဖို့ မလိုကြောင်း လက်ခံထားသူသာ ဖြစ်ပါတယ်၊ ဒါလေးနဲ့ပါတ်သက်ပြီး မိစ္ဆာဒိဋ္ဌိအယူ မရှိဘူးလို့ ဆိုလို့ရသွားပါတယ်။

    သာဓုပါ ဒကာလေး သာဓု သာဓု။

    စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ…။
    ဦးလောကနာထ
    ၄.၂၂.၂၀၀၉

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s