ကမ္ဘာကြီးကိုကယ်တင်ပါ

အင်းဘာလိုလိုနဲ့ နာဂစ်မုန်တိုင်းတိုက်သွားတာ တစ်နှစ်ပြည့်ပြီ သေကျေအပျက်အဆီးကြားထဲမှာ ဧရာဝတီတိုင်းသားတွေအတွက်စိတ်ပျက်ခြောက်ခြားစရာတွေ ကြုံခဲ့ရပြီ။အခုလိုရာသီ ဥတုတွေဖောက်ပြန် နေအောင် လူတွေလုပ်နေကြတယ်။တချို.ကပြောတယ် ပိတောက်တွေတောင် သစ္စာမရှိတော့ဘူးတဲ့ တကယ်သစ္စာမရှိတာ လူတွေပါ။စည်းမဲ့ကမ်းမဲ့ သစ်ပင်တွေခုတ်ကြတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မုန်လုံအိမ်ဓာတ်ငွေ.တွေနင်းကန်ထုတ်နေကြတယ်။မြေကမ္ဘာကိုချစ်တယ် ချစ်တယ်နဲ့ ကမ္ဘာကြီးရဲ့ အရင်းအမြစ်တွေထုတ်ယူစားသုံးကြတာ ကမ္ဘာကြီးလည်း နာမကျန်းဖြစ်နေပြီ။စိမ်းမြရောင်မြေကမ္ဘာဟာ နီကျင်ကျင် အင်္ဂါဂြိုလ်လို.ဖြစ်တော့မှာ စိုးရမ်ရမယ်ထင်ပါရဲ့။ကမ္ဘာကြီးကိုအရိပ်ပေးတဲ့ထီးလိုကာကွယ် ပေးတဲ့စိမ်းစိုစိုသစ်တောတွေ ကောင်းကင်ပေါ်က တိမ်ပြာပြာ မိုးသားတိမ်တိုက်တွေအိုဇုန်းလို့ ခေါ်တဲ့ ကမ္ဘာကိုကာကွယ်တဲ့ ဓာတ်သားအလွှာပြင်ကြီးတွေ ဒါတွေဒါတွေ ပျက်စီးအောင်လူတွေလုပ်နေကြတယ်။ နာဂစ်မှာလဲကုန်တဲ့ သစ်ပင်တွေပြိုလဲအပင်တွေ အစား ပြန်အစားတိုးစိုက်နေတာ ပလတ်စတစ်တိုက် ဖျက်ရေးအစီအစဉ် တွေ၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသင်တန်းတွေအရင် ထက်အများကြီး ပေါ်လာတာကြားတော့ မအေးတဲ့ရင်ထဲလေပြေအေးလေးတချက်တိုက်ခတ် လိုက် သလိုပါပဲ။ ဒီထက်ပိုလုပ်နိုင်ရင်ကောင်းမှာလို တွေးမိရဲ့။ကိုယ်ရဲ့ပတ်ဝန်းကျင် အရင်လိုစိမ်းစိုနေ စေချင်တာ ၊ကောင်းတဲ့ ခြေတလှမ်းကအတော်ခရီးပေါက်သွားစေချင်တာကျနော်ရဲ့ ရင်တွင်းဆန္ဒပါ။သစ်ပင်တွေသစ်တောတွေ ပျက်လာတော့ ဥတုရာသီလည်းပြောင်းပြီပေါ့။ရာသီဥတုတွေ ဖောက်ပြန်လာတယ်နေပိုပူ မိုးပိုခေါင် မိုပိုရွာ ရေကြီးမှုတွေ၊မုန်တိုင်းပိုကျတွေဖြစ် အမျိုးမျိုးသောကပ်တွေ ဆက်တိုက်ဆက်တိုက် ဆိုက်နေတာ အားလုံးအသိပါ။ သဘာဝရာသီဥတုမကောင်းတော့ရင် စိုက်ပျိုးရေးလည်း မကောင်းတော့ စိုက်ပျိုးရေးမကောင်းရင် ကုန်ထုတ်လုပ်မှုမကောင်းတော့ ကုန်တုတ်လုပ်မှု မကောင်းရင် ကူးသန်းရောင်းဝယ်ရေးမကောင်းတော့ ကူးသန်းရောင်းဝယ်ရေးမကောင်းရင် နိုင်ငံရဲ့စီးပွားရေး မကောင်းတော့ နိုင်ငံရဲ့စီပွားရေးမကောင်းရင် လူတွေရဲ့စားဝတ်နေရေးကျဉ်းမြောင်းလာ နောက်ပိုင်း ဆူပှုမှုတွေ ဒုစရိုက်မှုတွေ ပိုတိုးတိုးလာတော့မှာ အားလုံးဆက်စပ်တွေးတောကြည်ကြပေါ့ဗျာ။ချမ်းသာသူကလည်း ပိုချမ်းသာ ဆင်းရဲသူကလည်းပိုဆင်းရဲ လာ စီးပွားရေးတစ်ဖက်စောင်းနင်း ဖြစ်လာ တော့ လူမှုရေး အနိုင်ကျင့်အမြတ်ထုတ်တာတွေ များလာတာပေါ့။ ကြီးနိုင်ငယ်ညင်းပြဿနာတွေပိုပိုလာတော့တာပါပဲ။တွေးလေတွေလေကြောက်စရာကောင်းလာလေ။ လူတွေနောက်ပိုင်း အဓိကအရေးထားလာတာ ငွေရရှိရေးပါ။ဘယ်လို အသက်မွေးဝမ်းကျောင်းပဲ ဖြစ်ဖြစ်ငွေဟာ ပထမဖြစ်လာပါပြီ။အနုပညာ၊ပညာရှင်ကို တန်ဖိုးထားမှု၊လူကျင့်ဝတ်နဲ့ကိုယ်ကျင့်တရားတွေကိုတန်ဖိုးထားမှုတွေ ဟာငွေအောက်မှာ ပြားပြားမှောက်နေပြီ။စီပွားရေး လူမှုရေးတွေကမောက်ကမ ဖြစ်တဲ့အခါ လူတွေရဲ့ နာမ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုကလည်းနိမ့်ကျလာခဲ့ပြီ။လူတွေလွတ်လွတ်လပ်လပ် မတွေးခေါ်မလုပ်ကိုင်နိုင် အောင်လူသားရဲ့အတွင်းစိတ်ထဲက လောဘ၊ဒေါသ၊မောဟဆိုတဲ့ နှောင်ကြိုးတွေက ချုပ်ကိုင်ထားကြတယ်။ကျနော်တို.တွေပိုကောင်းတဲ့ အတတ်ပညာတွေကိုတတ်၊ပိုကောင်းတဲ့ပစ္စည်းတွေ ထုတ်လုပ်နိုင်ပေမဲ့ ကျနော်တို.ရဲ့လွတ်လပ်တွေကတော ပိုမကောင်းလာ ပိုမတိုးတတ်လာပဲ ပိုလျှော့နည်းစလာတယ်လိုခံစားမိပါတယ်။ ကိုယ်လုပ်ချင်တဲ့အလုပ် ကိုလုပ်ပြီး စားဝတ်နေရေး မပူပင်ရပဲ လူမှုကျင့်ဝတ်တွေ ကို တန်ဖိုးထားတဲ့ လူဘောင်ဆိုတာ စာအုပ်ထဲမှာပဲရောက်နေပြီလား။ အိမ်မက်တခုလား။ဒီအဆိုးသံသရာ ကနေရုန်ထွက်ဖို. ကျနော်တို.လူသားတွေရဲ့ သမို

Advertisements

4 thoughts on “ကမ္ဘာကြီးကိုကယ်တင်ပါ

  1. အရမ်းကောင်းတဲ့ ပိုစ့်လေးပါပဲ မောင်ဥဂ္ဂါ။ ဖြန့်ပေပေးမယ်

    Like

  2. ဖြစ်နိုင်မယ်ဆို ကျွန်တော်တို့ကဗျာရွတ်ပွဲလေးကိုလာရောက်စေလိုပါတယ်
    နာဂစ်အမှတ်တရပေါ့..
    ၃ ရက် တနင်္ဂနွေနေ့မှာ စိမ်းလမ်းစိုပြေ မနက်ကိုးနာရီ

    Like

  3. မေမေချစ်သော အစိမ်းရောင်သားကလေးရေ…
    မေမေက ဒေါက်တာဝန်ဂါရီမာသိုင်း(Dr.Wangari Maathai)လို အပင်သန်း၃၀ မစိုက်နိုင်သေးပေမဲ့…စိမ်းလန်းသောကမ္ဘာမြေဖြစ်အောင်ကြိုးစားပါ့မယ်သားရေ..။

    Like

  4. ဒကာလေးမောင်ဥဂ္ဂါရေ…
    “ကမ္ဘာကြီးကိုကယ်တင်ပါ”
    မှန်ပါတယ်ဒကာလေး အတွေးအခေါ် အရေးအသား အားလုံး နှစ်သက်ပါတယ်၊ သတင်းတွေတော့ ကြားနေပါတယ် သေသေချာချာ သတိမထားမိဘူး။ ကမ္ဘာကြီးပျက်စီးနေပြီ ရောဂါတွေထူပြောနေပြီ တကယ်တော့ ကိုယ့်တာဝန်တွေချည့်ပါဘဲ၊ သတိမထားပဲ လုပ်ခဲ့တဲ့ အမှုတွေက ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးလာတာပေါ့လေ၊ အဆိုးဆုံးကတော့ ဒကာလေးပြောသလို လောဘ, ဒေါသ, မောဟ, တရားတွေ အားကောင်းလာလေ သူတော်ကောင်းတရားနဲ့ ဝေးလေ ဖြစ်လာကြတာပေါ့။ သူတော်ကောင်းတရားနဲ့ ဝေးလေ ဆင်းရဲဒုက္ခတွေ ပိုများလေပါပဲ။ ကိုယ်ပြုတဲ့ကံတွေအတိုင်း ခံစံကြရတော့မယ်။
    နဲနဲလေးဆက်ရှည်လိုက်ဦးမယ်ကွယ်၊ လွန်ခဲ့တဲ့ ၁၉၉၃-ခုနှစ်လောက်ကပေါ့ အညာက တရားပွဲတစ်ခု အဲဒီတရားပွဲမှာ လိုအပ်တာ ဘာရှိဦးမလဲလို့ စဉ်းစားလိုက် ဖြည့်ဆည်းလိုက်နဲ့ တစ်ခုသတိရသွားတယ် လူတွေတရားပွဲလာရင် ဖိနပ်ကိုင်တဲ့လူကကိုင် ခါကြားထိုးတဲ့သူကထိုး ဆိုတော့ ငါတို့ကျွတ်ကျွတ်အိပ် လှူရင်ကောင်းမှာပဲဆိုပြီး လှူခဲ့တယ်၊ တစ်ဦးတစ်အိပ်ဆိုတော့ စဉ်းစားကြည့် ဒကာလေးရယ် လူငါးထောင်ကျော်တဲ့တရားပွဲဆိုတော့ အိပ်ပေါင်းမနဲဘူးပေါ့၊ ဒီလိုနဲ့တရားပွဲပြီးသွားရော မနက်ကြတော့ အဲဒီနေရာ ပတ်ဝန်းကျင်ရောက်တော့ တရပ်ကွက်လုံး အိတ်တွေ ပလူပျံနေတာပေါ့။ အတော် စိတ်မကောင်း ဖြစ်သွားမိတယ်။ လိုက်ကောက်လို့လည်း မရနိုင်တော့ဘူးလေ။

    ကျောင်းမှာဆို ခု အမှိုက်အိတ် နှစ်လုံးထပ်မသုံးရ နှမြော၍မဟုတ် သတ္တ၀ါများ အန္တရာယ်ရှိ၍ ဖြစ်သည် ဆိုပြီးစာကပ်ပေးထားတယ်၊ ကိုယ်နိုင်သလောက် နိုင်ရာအကျိုးပြု လုပ်ငန်းတွေ လုပ်ကြရပါမယ်။

    ဒါ့ကြောင့် ကောင်းတဲ့ကံတွေ ပြုကြပါစို့…။

    စိတ်ချမ်းသာပါစေ…
    ဒုက္ခဆင်းရဲကင်းဝေးပါစေ…
    ဦးလောကနာထ
    ၅.၁.၂၀၀၉

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s