မေ့ပင်ကြီး

တခါ က ရွာနှစ်ရွာကြားထဲမှာ မေ့ပင်တပင်ပေါက်နေတယ် ဘယ်အချိန်ကစပေါက်သလဲဘယ်သူမှမသိကြဘူး။ မေ့ပင်ကြီးက အသီးသီးဖို.မေ့နေတယ်။ဒါပေမယ်

ရှင်သန်ကြီးထွားဖို.မမေ့ပဲ ရှင်သန်ကြီးထွားလာတယ်။ အနီးနားရွာနှစ်ရွာက လူတွေက မေ့ပင်ကြီးကို ဘာအပင်မှန်းမသိကြဘူး။ တရွာတစ်ရွာက ကောင်မလေးနဲ့

တစ်ဖက်ရွာကချစ်သူနှစ်ယောက်ဟာမေ့ပင်ကြီးအောက်မှာချိန်တွေ့ကြတယ်။ ကောင်လေးက ကောင်မလေးကိုစောင့်နေရင်း ကောင်မလေးကိုသူချစ်သူဆိုတာမေ့သွားတယ်။တခါ

ကုန်သည်တွေကရွာနှစ်ရွာဆီ ကုန်ရောင်းဖို.လာကြရာ မေ့ပင်ကြီးအောက်မှာ နားနေကြပြီး သူတို.ကုန်ပစ္စည်းတွေကိုဘယ်လို.အမြတ်ထုတ်ရမလဲဆိုတာမေ့သွားတယ်။

ပြီတော့ကုန်ပစ္စည်းတွေကိုရွာနှစ်ရွာက လူတွေကိုအလကားပေးလိုက်ကြတယ်။ နောက်တခါ ဓမြတွေကရွာနှစ်ရွာကို ဒမြတိုက်ဖို. မေ့ပင်ကြီးအောက်မှာ အစီအစဉ်ဆွဲ ကြတယ်

ဒါပေမယ့် သူတို.ရဲ့ လက်နက်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာမေ့သွားတယ်။လက်နက် တွေကိုစွန်ပစ်ခဲ့ပြီး နေရပ်ကို ပြန်သွားကြတယ်။

ကျနော်လည်းမေ့ပင်ကြီဆီသွားချင်ပါတယ် အရာရာကိုမေ့ပစ်ချင်လို.မေ့ပင်ကြီးတည်ရှိရာကို မေ့ပင်ကြီးအောက်ရောက် ဖူးတဲ့သူတွေမေးကြည်ပါတယ်။ သူတို.လည်း မေံ့ ပင်ကြီး

တည်ရှိရာကို မေ့နေကြ တယ်။ ခင်ဗျာတို.လည်းမေ့ပင်ကြီးရှိရာနေရာကို သိရင်ပြေဲာပပါနော်။

p.s:စတိုင်သစ်လား စပယ်ဖြူလားမမျတ်မိတော့ပါ ဘယ်သူရေးလည်းမမှတ်မိတောပါ့။ ဒီအက်ဆေးလေးကို ကြိုက်လွန်းလို. မေ့မရလို.မျှသေလိုက်ပါတယ်။

Advertisements

6 thoughts on “မေ့ပင်ကြီး

  1. ငါတွေ့တဲ့နေ့ နင်ကိုပြောဖို့ မေ့သွားမလား မသိဘူးနော်
    မေ့ပင်ရှိတဲ့နေရာကိုလေ———

    Like

  2. ဒကာလေးမောင်ဥဂ္ဂါ…
    မှန်တယ်ဒကာလေး “ကျနော်လည်းမေ့ပင်ကြီဆီသွားချင်ပါတယ်” ဆိုတာ…
    တခါတရံပေါ့…

    ဒါဘေမဲ့…
    မမေ့ပါနဲ့… မမေ့ပါနဲ့… မမေ့ပါနဲ့…
    ဗုဒ္ဓဟောကြား ဒီစကား နောက်ဆုံးအချိန်လဲ မှာခဲ့သည်…
    ဘုန်းကြီးလဲ မေ့ခဲ့ဘူးတယ် ဘုရားအဆုံးအမတွေ မရခင်ကပေါ့…
    မေ့ခဲ့တော့ လောကီလောကုတ် အကျိုးနှစ်မျိုးလုံး မတိုးပွါးခဲ့ဘူးလေ…

    နောက်ဆုံးစကားတော်က…
    ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ
    ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။
    —သုတ်မဟာဝါ- ၁၂၈။ သဂါထာဝဂ္ဂသံယုတ်- ၁၅၉။—

    ချစ်သားတို့ နောက်ဆုံးစကား မှာကြားခဲ့မည်…
    ပြုပြင်မှုကြောင့်ဖြစ်သော သင်္ခါရတရား မှန်သမျှသည်…
    ပျက်စီးတတ်သော သဘောရှိပေ၏…
    မမေ့မလျော့သော သတိတရားဖြင့်…
    “ကုသိုလ်ကောင်းမှု တရားစုစုကို” ကိုယ်စီကိုယ်ငှ ပြည့်စုံစေရစ်ကြကုန်လော့…”

    စိတ်ချမ်းသာပါစေ…
    ဒုက္ခဆင်းရဲကင်းဝေးပါစေ…
    ဦးလောကနာထ
    ၅.၇.၂၀၀၉

    Like

  3. မေ့ပင်ကြီးက နင့်ရဲ့ရင်ထဲမှာပါ ။ဒါဆိုကိုယ်တိုင်ရှာလိုက်တော့နော်

    Invited

    Like

  4. ogga ငါလည်းမေ့ ပင်ကြီးအောက်ရောက်ချင်တယ်
    နင် နေရာသိရင်ပြောဦး

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s