အညတရများကိုစောင့်ရှောက်ပါ

ကဆုန်လပြည်.နေအထိမ်းအမှတ် အဖြစ်ရေးပါတယ်။

လောကမှာအများစုဟာ အညတရတွေပါ ထူခြားတဲ့ဝိသေသပုဂ္ဂိုလ်တွေရှားပါပါတယ်။ထူခြားတဲ့ဝိသေသပုဂ္ဂိုလ်တွေကို တွေကိုကြည်ညိုဂရုစိုက်တာ ဟာ တစ်သီးပုဂ္ဂိုလဆန်ပါတယ်။

အညတရများကို ဂရုစိုက်တာ ဟာလောကအကျိုးသယ်ပိုးရာရောက်ပါတယ် လောကထဲ ကိုယ်ပါ ပါဝင်တာမို. ကိုယ်အတွက်လည်းအကျိုးများ ပါတယ်။

ဒေသနာထဲမှာ `သဒိသံ ပါကံ ဇနေတိ´လိုဆိုပါတယ်မိမိပြုတဲ့အလုပ်အတိုင် ပြန်အကျိုးပေးပါတယ်။ဒီအတိုင်းပါပဲ ကျနော်တို.တွေ သံသရာမှာ ကျင်လည်တာ

အညတရအဖြစ်ကျင်လည်တာများပါတယ်။ အညတရများကို ဂရုစိုက်မှသာ သံသရာမှာ ကျနော်တို.အညတရအဖြစ် ကျင်လည်စဉ် ကိုယ်ကို ဂရုစိုက်မယ်သူရိုပါမယ်။

အညတရ များမှာ နေရာတိုင်းမှာရှိပါတယ် ဒါကြောင့်သူတို.အပေါ် အခက်အခဲမရှိ ကောင်းမှုကုသိုလ်ပြုနိုင်ပါမယ်။ဝိသေသပုဂ္ဂိုလ်များမှာ လောကတွင်ရှားပါ သဖြင့် ကုသိုလ်ပြုရန်

မလွယ်ပါ။အလှူခံ ပုဂ္ဂိုလ် ရွှေးချယ်လှူခြင်းသည် ပါရမီမြောက်သောဒါန မဟုတ်ပါ။ ဘုရားအလောင်းဖြစ်သည် ဝေဿန္တရာမင်းကြီးသည် ဇူစကာ ပုဏ္ဏားလို. လူမျိုးကို ပင်

ကြည်ကြည်ဖြူဖြူပေးလှူနိုင်ပါတယ်။ အညတရများအပေါ် ကြည်ညိုစိတ်ရှိရင် ကောင်းမှုကုသိုလ် ကိုနှစ်နှစ်ကာကာ ပြုနိုင်ပါမယ်။ဒ၏ါမှလည်းပါရမီမြောက်ပါမယ်။

နိဗ္ဗာန်ကို လိုလာကြသော သူတော်ကောင်းတို. စစ်မှန်တဲ့ချမ်းသာကိုလိုလျှင် ပါရမီဖြည်.ကျင့်ရပါမယ် မိမိနဲ့ဆက်ဆံရသူ အယုတ်အလတ်အမြတ်မရွှေး ကြည်ညိုစိတ်ဝင်ပြီး

ကောင်းမှုကုသိုလ်ပြုခြင်းသည် ပါရမီမြောက်သော အလုပ်မည်ပါသည်။

ကျနော်တို. တိုင်းပြည်မှာ ပြည်.စုံပြီးသား ဖြစ်သော ၀ိသေသပုဂ္ဂိုလ်များ နှင့် ၀ိသေသနေရာ များအပေါ်သာ ကောင်းမှုပြုတာများပါတယ်။တကယ် လိုအပ်သောသူများ နေရာများ

အပေါ် လှူဒါန်းတာ အလွန်နည်းပါးပါတယ်။ သီတဂူဆရာတော်ကြီး က `ရွှေရောင်ဝင်းဝင်း ဘုရားကြီးနဲ့ ပြောင်ပြောင်လက်လက် စောင်းတန်းတွေအောက်မှာ သူတောင်းစားတစ်

ယောက်တောင်းစာနေတာ ကြည်မကောင်းပါဘူး´လို.မိန့်ဖူးပါတယ်။ကျနော်တို.ဆီမှာ social donation တွေ လို.အပ်ပါနေပါပြီ။ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် အဖြစ်

မျိုးမဖြစ်ဖို. ကျနော်တို.တွေမှာတာဝန်ရှိပါတယ်။ဗုဒ္ဓရဲ့ဓမ္မများကို ကြည်ညိုတာဟာ ပတ်ဝန်းကျင်ကိုလည်း ဂါရ၀ပြုရာရောက်ပါတယ်။မကောင်းမှုများကိုရှောင်ကြည်ရုံနဲ့

သီလပြည်တယ်မမည်ပါ ကောင်းမှုများကိုပြုမှ သာသီလပြည်စုံတယ်မည်ပါတယ်။ဘုရားရှင် လေးသင်္ချေနဲကမ္ဘာတသိန်း ပါရမီ ဖြည်.ကျင်ခဲ့တာဟာ အညတ၇များအတွက်ပါ။

ကျနော်တို.တွေဟာ တ၇ာတော်များကို သိသော်လည်း အမှန်အသုံးမချကြသဖြင့် မီးတုတ်ကိုင်ထားတဲ့ မျက်ကန်းများနဲ့တူပါတယ် အလင်းရောင်းကို ကိုင်ထားသော်လည်း

အလင်းရောင်ကို မမြင်ရပါ။

ဒါကြောင့် သာသနာနဲ့ ကြုံရကျိုးနပ်ဖို. တရားတော်များအတိုင်း ကျင့်ကြံနေထိုင်ဖို.လိုပါတယ်။ဒီအတွက် မိမိတို.ပတ်ဝန်းကျင် မှအညတရများအပေါ် သဒ္ဓါ

နဲ့ဂါရ၀တရားများထားကာ ဂရုစိုက်ဖို.အားထုတ်သင့်ကြောင်းပါခင်ဗျာ။

Rfe: ဆရာကြီးဦးရွှေအောင် အညတရများအပေါ်ကြည်ညိုတတ်ခြင်း၊မြတ်ပန်းဝေစာစောင်၊တွဲ ၂၊မှတ်၁၀။သြဂုတ်လ၊၁၉၉၂

P.S: တခြားတစ်ဖတ်မှ တွေးစရာတခုအဖြစ်သာတင်ပြခြင်းသာ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်

Advertisements

5 thoughts on “အညတရများကိုစောင့်ရှောက်ပါ

  1. အင်း ငါလဲဒီနေ့ အောင်တော်မူကိုသွားတော့ သူငယ်မလေးတွေကိုမစပေးပါတယ်ဟာ ဒါပေမယ့် ငါအဲဒီလိုဖြစ်လာရင် မစပေးလိမ့်မယ်ဆိုတဲ့မျော်လင့်ချက်မထားဘူး

    Like

  2. သားကြီးကိုဥဂ္ဂါ..မွန်မြတ်သော စိတ်ဆန္ဒကိုမေမေကလေးစားပါတယ်..။ပိုင်းလော့ဆရာတော်ဘုရားကြီးကဆုံးမဘူးတယ်..မိမိကိုယ်ကိုစောင့်ရှောက်ခြင်းသည်လောကအားစာင့်ရျောက်ခြင်းမည်၏တဲံ့။နေကောင်းအောင်နေပါသား။ပြီးတော့မေမေတို့ အတူတူ အညတရတွေကိုစောင့်ရှောက်ကြတာပေါ့..။

    Like

  3. ဒကာလေးမောင်ဥဂ္ဂါရေ…

    လိုအပ်နေတာလေး ထောက်ပြပေးတာ ကောင်းတယ်ဒကာလေး…

    ဒါလေးတစ်ခု မျက်စိလည်သွားတယ်…
    “မကောင်းမှုများကိုရှောင်ရုံနဲ့ သီလပြည့်တယ်မမည်ပါ ကောင်းမှုများကိုပြုမှသာ သီလပြည်စုံတယ် မည်ပါတယ်”
    ပထမတော့ စဉ်းစားမရဘူး ဖြစ်နေတာ နောက်မှ ဆောင်ရမယ့်သီလနဲ့ ရှောင်ရမဲ့သီလကို သတိရလာတယ်၊ ငါးပါး ရှစ်ပါးက ရှောင်ရမှာ၊ ကောင်းသော မှန်သော ၀တ္တရားတွေကို ပြုလုပ်ခြင်းက ဆောင်ရမှာ။ သာဓုပါဒကာလေး… ပြည့်စုံအောင် ကျင့်ရဦးမယ်…

    စိတ်ချမ်းသာပါစေ…
    ဒုက္ခဆင်းရဲကင်းဝေးပါစေ…
    ဦးလောကနာထ
    ၅.၁၁.၂၀၀၉

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s