မဟာမေမေ

ကျနောကမ္ဘာကြီးစိမ်းလန်းဖို.

သစ်ပင်လေးစိုက်မယ်ကြံတုန်း

မေမေက

သစ်တောအုပ်လေးကို

လက်ဝါးထဲတည်.ထားတယ်။

ကျနော် ကိုလံဘတ်ကိုအားကျပြီး

ဘ၀ကိုရွက်လွင့်မဲ့အချိန်မှာ

မေမေမေတ္တာတွေ့က သမုဒ္ဒရာလေးစင်းမက။

ကျနော်လောကကြီးနဲ့ ရန်ဖြစ်နေချိန်မှာ

မေမေ က အိုနာသေ စကြ၀ဠာတောကြီးကို

သီလ သမာဓိ ပညာ ဓားသုံးလက်နဲ့

ခုတ်ထွင်ရှင်လင်းနေရဲ့။

p.s: မေမေ သစ္စာအလင်း အတွက်အမေနေ့မှာရေးတာပါ မအားလို. အခုမှပဲတင်ဖြစ်တယ်

Advertisements

2 thoughts on “မဟာမေမေ

  1. အကို လာဖတ်သွားတယ်ညီရေ။ အကိုကတော့ အကို့ အမေအတွက် ၁၁ ရက်နေ့ က ဦးလောကနာထ ဆီက ဗုဒ္ဓတရားလေးကို အမှတ်တရ တင်ထားတယ်။

    Like

  2. မေမေချစ်သော သားကြီးကို ဥဂ္ဂါ…..
    အကောင်းမြင်ကြတဲ့မှတ်ချက်တွေအများကြီးရခဲ့ ဘူးပါတယ်.. ကိုယ့်သားသမီးများရဲ့ မှတ်ချက်ကတော့——–
    ရေကြည်ချမ်းမြ တစ်ပေါက်ကျသို့—ပေါ့သားရေ..။
    မေမေနားမလည်တဲ့ Globalization , Economics, Development, Adam Smith,Applied Psychology တို့ကို နားလည်ကျွမ်းကျင်တယ်။ တကယ်လည်း လူထုကြား မှာ အသုံးချနိုင်တာတွေ အတွက်မေမေ ကလည်း သားကြီး ကိုမွေးဖွားခဲ့ ခြင်းအတွက်—-အဓိပ္ပါယ်ရှိသော ဘဝ ဖြစ်ခဲ့ပါတယ်..
    မေမေ က နာဂစ် ကာလ အဝေး ကနေ သတင်းတောင် မသိ သေး— သား က Hit Area မှာကရုဏာတရားတွေနဲ့တက်ကြွရှင်သန်နေတယ်..။
    မေမေသိတဲ့ ဗဟုသုတဟာ 1 to 10 Micron ရှိတဲ့Cell တစ်လုံး..သားရဲ့ ဗဟုသုတ ဟာ….မြို့ပြ ကျေးလက်—ခရီးဆက်လက်နှင်နေတယ်…။
    Blogging and Blogger သားပြောမှသာသိခဲ့ရ တာ..
    ကျေးဇူး အနန္တ ပါ…ကိုဥဂ္ဂါရေ….။ အောင်မြင်တောက်ပပါစေသား။
    မချစ်တတ်သောမိဘ၊အချစ်ငတ်သော သားသမီး တွေ ထဲ မေမေတို့ မပါဝင်ပါသား။
    ချစ်သောမေမေ 

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s