အညတရများကိုစောင့်ရှောက်ပါ

ကဆုန်လပြည်.နေအထိမ်းအမှတ် အဖြစ်ရေးပါတယ်။ လောကမှာအများစုဟာ အညတရတွေပါ ထူခြားတဲ့ဝိသေသပုဂ္ဂိုလ်တွေရှားပါပါတယ်။ထူခြားတဲ့ဝိသေသပုဂ္ဂိုလ်တွေကို တွေကိုကြည်ညိုဂရုစိုက်တာ ဟာ တစ်သီးပုဂ္ဂိုလဆန်ပါတယ်။ အညတရများကို ဂရုစိုက်တာ ဟာလောကအကျိုးသယ်ပိုးရာရောက်ပါတယ် လောကထဲ ကိုယ်ပါ ပါဝင်တာမို. ကိုယ်အတွက်လည်းအကျိုးများ ပါတယ်။ ဒေသနာထဲမှာ `သဒိသံ ပါကံ ဇနေတိ´လိုဆိုပါတယ်မိမိပြုတဲ့အလုပ်အတိုင် ပြန်အကျိုးပေးပါတယ်။ဒီအတိုင်းပါပဲ ကျနော်တို.တွေ သံသရာမှာ ကျင်လည်တာ အညတရအဖြစ်ကျင်လည်တာများပါတယ်။ အညတရများကို ဂရုစိုက်မှသာ သံသရာမှာ ကျနော်တို.အညတရအဖြစ် ကျင်လည်စဉ် ကိုယ်ကို ဂရုစိုက်မယ်သူရိုပါမယ်။ အညတရ များမှာ နေရာတိုင်းမှာရှိပါတယ် ဒါကြောင့်သူတို.အပေါ် အခက်အခဲမရှိ ကောင်းမှုကုသိုလ်ပြုနိုင်ပါမယ်။ဝိသေသပုဂ္ဂိုလ်များမှာ လောကတွင်ရှားပါ သဖြင့် ကုသိုလ်ပြုရန် မလွယ်ပါ။အလှူခံ ပုဂ္ဂိုလ် ရွှေးချယ်လှူခြင်းသည် ပါရမီမြောက်သောဒါန မဟုတ်ပါ။ ဘုရားအလောင်းဖြစ်သည် ဝေဿန္တရာမင်းကြီးသည် ဇူစကာ ပုဏ္ဏားလို. လူမျိုးကို ပင် ကြည်ကြည်ဖြူဖြူပေးလှူနိုင်ပါတယ်။ အညတရများအပေါ် ကြည်ညိုစိတ်ရှိရင်…

Rate this:

မေ့ပင်ကြီး

တခါ က ရွာနှစ်ရွာကြားထဲမှာ မေ့ပင်တပင်ပေါက်နေတယ် ဘယ်အချိန်ကစပေါက်သလဲဘယ်သူမှမသိကြဘူး။ မေ့ပင်ကြီးက အသီးသီးဖို.မေ့နေတယ်။ဒါပေမယ် ရှင်သန်ကြီးထွားဖို.မမေ့ပဲ ရှင်သန်ကြီးထွားလာတယ်။ အနီးနားရွာနှစ်ရွာက လူတွေက မေ့ပင်ကြီးကို ဘာအပင်မှန်းမသိကြဘူး။ တရွာတစ်ရွာက ကောင်မလေးနဲ့ တစ်ဖက်ရွာကချစ်သူနှစ်ယောက်ဟာမေ့ပင်ကြီးအောက်မှာချိန်တွေ့ကြတယ်။ ကောင်လေးက ကောင်မလေးကိုစောင့်နေရင်း ကောင်မလေးကိုသူချစ်သူဆိုတာမေ့သွားတယ်။တခါ ကုန်သည်တွေကရွာနှစ်ရွာဆီ ကုန်ရောင်းဖို.လာကြရာ မေ့ပင်ကြီးအောက်မှာ နားနေကြပြီး သူတို.ကုန်ပစ္စည်းတွေကိုဘယ်လို.အမြတ်ထုတ်ရမလဲဆိုတာမေ့သွားတယ်။ ပြီတော့ကုန်ပစ္စည်းတွေကိုရွာနှစ်ရွာက လူတွေကိုအလကားပေးလိုက်ကြတယ်။ နောက်တခါ ဓမြတွေကရွာနှစ်ရွာကို ဒမြတိုက်ဖို. မေ့ပင်ကြီးအောက်မှာ အစီအစဉ်ဆွဲ ကြတယ် ဒါပေမယ့် သူတို.ရဲ့ လက်နက်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာမေ့သွားတယ်။လက်နက် တွေကိုစွန်ပစ်ခဲ့ပြီး နေရပ်ကို ပြန်သွားကြတယ်။ ကျနော်လည်းမေ့ပင်ကြီဆီသွားချင်ပါတယ် အရာရာကိုမေ့ပစ်ချင်လို.မေ့ပင်ကြီးတည်ရှိရာကို မေ့ပင်ကြီးအောက်ရောက် ဖူးတဲ့သူတွေမေးကြည်ပါတယ်။ သူတို.လည်း မေံ့ ပင်ကြီး တည်ရှိရာကို မေ့နေကြ တယ်။ ခင်ဗျာတို.လည်းမေ့ပင်ကြီးရှိရာနေရာကို သိရင်ပြေဲာပပါနော်။ p.s:စတိုင်သစ်လား စပယ်ဖြူလားမမျတ်မိတော့ပါ ဘယ်သူရေးလည်းမမှတ်မိတောပါ့။ ဒီအက်ဆေးလေးကို…

Rate this:

Wave မဂ္ဂဇင်း၃နှစ်စာE-books တွေရပြီ

မနေ.ကအင်းဝစာအုပ်ဆိုင်မှာ ကမ္ဘာအရေး၊Globalizationအကြောင်းတွေအများဆုံးရေးတဲ့ ဆရာကျော်ဝင်းတို.ရဲ့wave မဂ္ဂဇင်း၃နှစ်စာလောက်ကို တစုတစည်းတည်းစုပြီ ebookလုပ်ထားတဲ့ CD လေးတွေ.လို.၀ယ်လိုက်တယ် တထောင်ပဲပေးရတယ်။ စုစုစည်းစည်းဖတ်ချင်သူအတွက်အဆင်ပြေတာပေါ့။ကျနော်ကြိုက်တဲ့  စံပယ်ဖြုကိုလည်း ဒီလို. လုပ်ပေးရင်ကောင်းမယ်။wave က ထွက်တချက်မထွက်ဆို.တော တစ်နှစ်ကို ၁၂အုပ်တော့မဟုတ်ဘူး ထွက်သလောက်ပေါ.လိုချင်ရင် ဒီမှာယူလို.ရသဗျ။ Wave မဂ္ဂဇင်း အောင်မြင်ပါစေ။ ဆရာကျော်ဝင်းရေကြော်ညာပေးတယ်နော်မုန့်ကျွေးရမယ်ဗျ  😉 လိုချင်ရင်ယူနော်ဒီမှာရှိတယ်။

Rate this:

ကမ္ဘာကြီးကိုကယ်တင်ပါ

အင်းဘာလိုလိုနဲ့ နာဂစ်မုန်တိုင်းတိုက်သွားတာ တစ်နှစ်ပြည့်ပြီ သေကျေအပျက်အဆီးကြားထဲမှာ ဧရာဝတီတိုင်းသားတွေအတွက်စိတ်ပျက်ခြောက်ခြားစရာတွေ ကြုံခဲ့ရပြီ။အခုလိုရာသီ ဥတုတွေဖောက်ပြန် နေအောင် လူတွေလုပ်နေကြတယ်။တချို.ကပြောတယ် ပိတောက်တွေတောင် သစ္စာမရှိတော့ဘူးတဲ့ တကယ်သစ္စာမရှိတာ လူတွေပါ။စည်းမဲ့ကမ်းမဲ့ သစ်ပင်တွေခုတ်ကြတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မုန်လုံအိမ်ဓာတ်ငွေ.တွေနင်းကန်ထုတ်နေကြတယ်။မြေကမ္ဘာကိုချစ်တယ် ချစ်တယ်နဲ့ ကမ္ဘာကြီးရဲ့ အရင်းအမြစ်တွေထုတ်ယူစားသုံးကြတာ ကမ္ဘာကြီးလည်း နာမကျန်းဖြစ်နေပြီ။စိမ်းမြရောင်မြေကမ္ဘာဟာ နီကျင်ကျင် အင်္ဂါဂြိုလ်လို.ဖြစ်တော့မှာ စိုးရမ်ရမယ်ထင်ပါရဲ့။ကမ္ဘာကြီးကိုအရိပ်ပေးတဲ့ထီးလိုကာကွယ် ပေးတဲ့စိမ်းစိုစိုသစ်တောတွေ ကောင်းကင်ပေါ်က တိမ်ပြာပြာ မိုးသားတိမ်တိုက်တွေအိုဇုန်းလို့ ခေါ်တဲ့ ကမ္ဘာကိုကာကွယ်တဲ့ ဓာတ်သားအလွှာပြင်ကြီးတွေ ဒါတွေဒါတွေ ပျက်စီးအောင်လူတွေလုပ်နေကြတယ်။ နာဂစ်မှာလဲကုန်တဲ့ သစ်ပင်တွေပြိုလဲအပင်တွေ အစား ပြန်အစားတိုးစိုက်နေတာ ပလတ်စတစ်တိုက် ဖျက်ရေးအစီအစဉ် တွေ၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသင်တန်းတွေအရင် ထက်အများကြီး ပေါ်လာတာကြားတော့

Rate this: