ကြက်ခြေနီသုပ်ရဲ့ Formula

မေမေချစ်သောသားကြီးကိုဥဂ္ဂါ (အများအကျိုးဆောင်၊ကိုယ့်အကျိုးအောင်-ဆိုပေမဲ့-ကိုယ့်အကျိုးအောင်-ချင်တာနဲ့တော့ အများအကျိုးမဆောင် ပါနဲ့) ဆိုတဲ့ သားကြီး ရေးခိုင်း အတိုင်းမေမေ ရေးဘို့ စဉ်းစားနေခဲ့ပါတယ် သားကြီးရေ…။ မေမေရောက်နေတဲ့ရောမမြို့ ဟာအရင်က မေမေနေခဲ့တဲ့တောင်ပေါ်မြို့လေးနဲ့ခြားနားစွာ ပူနွေးစွတ်စို လှပါတယ်..။ ပင်လယ်နဲ့နီးတဲ့အပြင် ဥရောပရဲ့ နွေရာသီကိုရောက်ခဲ့ပြီမို့ နွေးထွေးလာပါတယ်၊သည်နေ့တော့ ထူးခြားစွာ လေရောမိုးပါ ပြင်းထန်နေ ခဲ့တယ်။အိမ်တွင်းအောင်းရင်း သားပြောတဲ့ ခေါင်းစဉ်ကိုစဉ်းစားတော့ မေမေ့ခေါင်းထဲကို (အရီးတောင်းကြက် ခြေနီလဘက် သုပ်) ပေါ်လာခဲ့ပါတယ်သားရေ..။ မိုးအေးအေးနဲ့ ချဉ်ချဉ်စပ်စပ် လဘက်သုပ်ကလေး ကို စားချင်လာတာလည်း ပါတာပေါ့ လေ။ စေတနာ ဆိုတာ ဆန်းကြယ် တတ်လို့ပါ။ မေမေတို့မြန်မာ ပြည်မှာ လက်မလည်အောင်ရောင်းရတဲ့ အရီးတောင်းကြက်ခြေနီ လဘက်သုပ်ဟာ ရောင်းကောင်းအောင်ဆိုပြီး ကြိုတင်ကြံစည်စိတ်နဲ့ ဖေါ်စပ်တီထွင်ခဲ့တာမဟုတ်ပါဘူးသားရေ။ မန္တလေးမြို့ရဲ့ ဆေးရုံတစ်ခုအတွင်း လုပ်အားပေးကြတဲ့ ကြက်ခြေနီလူငယ်လေးတွေကို အရီးတောင်းလဘက်ဆိုင်က…

Rate this:

လာခြင်းကောင်းသောလူကလေး

မေမေချစ်သောသားကြီးကိုဥဂ္ဂါ သားကြီး ကိုမေမေ စတင်မွေးဖွားခဲ့တဲ့ ကာလလေး ဟာ မေမေ့ဘဝရဲ့ အမှတ်တရ–ဖြစ်သောအမှတ်တရ–များစွာ တွေထဲမှာ အမှတ်တရ အဖြစ်ရဆုံး ပါပဲသားကြီးရေ..။ မေမေ ဟာအဲဒီတုံးက ရန်ကင်းတောင်အရှေ့ဘက် မှာတည်ရှိတဲ့ စိုက်ပျိုးရေးသိပ္ပံ ပုသိမ်ကြီးမှာ ဆရာမ အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာပေါ့..။ရန်ကုန်ကနေ မွေးဖွားခွင့် ယူဘို့ ပုသိမ်ကြီးကိုလာခဲ့တယ်။ ၁၉၈၇ စက်တင်ဘာလ ၃ရက်နေ့မှာပါ…။ ခွင့်တင်ပြီးတာနဲ့ မေမေ ဟာ ၅ရက်နေ့ ညရထားနဲ့ ညမှာ ရန်ကုန်ပြန်မယ်ပေါ့။စက်တင်ဘာလအတွက်လစာငွေ ၄၅၀ကျပ် ကို ထုတ်ယူပြီးမေမေ ဟာ မကြာခင် မှာလူ့လောကထဲရောက်လာမဲ့ သားကြီးတွက် ပြင်ဆင်ပါတယ်..။ရန်ကုန် မန္တလေး အထက်တန်းတွဲလက်မှတ် မှာပါတယ်..။မေမေ့အတွက် ဆွယ်တာတစ်ထည်၊သားကြီးအတွက် တရုတ်နို့မှုန့်၊ သူငယ်နာပေါင်းချုပ်ဆေး၊ လေနှင်ဆေး စသည်ဖြင့် မန္တလေးက နာမည်ကျော်မြန်မာဆေးတွေ ဝယ်ယူပြီး ၅ရက်နေ့ မနက်မှာ…

Rate this:

ပြန်ခြင်းကောင်းသောလူကလေး

    မေမေချစ်သော–သားကြီးကိုဥဂ္ဂါ မသန်စွမ်းတဲ့သူများ စာရင်းSurvey ဆင်းဘို့ ကယားပြည်နယ်၊လွိုင်ကော်၊ဒီမောဆိုးမြို့တွေမှာ တစ်အိမ်တက် ဆင်း လူထုကြားမှာ တိုးဝင်လှုပ်ရှား နေပုံလေးတွေ မေမေ မြင်ယောင် နေမိတယ်..။ဟိုးအခါတုံး ကရုပ်ရှင်မင်း သားရဲအောင် မင်းသားအဖြစ် စတင်ရိုက်ကူးခဲ့ ဘူးတဲ့ မေတ္တာအိမ်-ဆိုတဲ့ ဇာတ်လမ်း မှာ ဆရာဝန်လုပ်တဲ့ ရဲအောင် ဟာ ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွေ အထိ ကွင်းဆင်းကုသပေးတဲ့ဆရာဝန် အဖြစ်သရုပ် ဆောင် ခဲ့တာမေမေ မှတ်မိနေခဲ့တယ်..။ သားလည်း အဲလိုနေမှာပဲလို့မေမေ ထင်တယ်။မေမေ ဂုဏ်ယူပါတယ်သား။ ကယား ဆိုတာကလည်း–ရိုးသားဖြောင့်မတ်ကြတဲ့ မေမေတို့ရဲ့သွေးသားတွေပဲပေါ့။မတော်ဘူးတဲ့ဆွေမျိုးမှ မရှိတာ..။ သားကောက်ယူခဲ့တဲ့ကိန်းဂဏန်းတွေ၊ အချက်အလက်တွေ ဟာ မသန်စွမ်းတဲ့လူတွေအတွက် ဘဝတစ်ဆစ် ချိုး စေနိုင်ပါလိမ့်မယ်လို့မေမေ ယုံကြည်နေတယ်လေ..။ ဒါ့အပြင် ကျေးလက်နေလူထုနဲ့ တွေ့ထိဘူးတဲ့ အတွေ့အကြုံ ဟာ…

Rate this: