အားတင်းထား တာ

တစိမ်းတရံတွေရှေ့မှာ

တာ ပြုံးနေနိုင်မယ်ဆိုတာ

ကျနော်သိတယ်။

လောကရဲ့အမှောင်ချထားတဲ့

ကျားကွက်တွေကြား တာ

ရှိးရှိးသားသားကစားနိုင်မယ်လို.

ကျနော်ယုံတယ်။

ကိုယ်ကောင်းရင်ခေါင်းမရွှေ့ဆိုတဲ့စကား

ရှိသားပဲ တာ။

ကြိုးစားထား တာ အားတင်းပါ

ယုံကြည်ရာရွက်လွင် တနေ.တော့

ပန်းတိုင်ရောက်မပေါ့

ဘယ်သူမှာဘေးနားမရှိတောင်

အထီကျန်မဆန်စေရဘူး တာ

အားတင်းထား တာ

ပန်းတိုင်ရောက်လုပြီ။

အမှောင်ပြီးရင်အလင်းလာမယ်မဟုတ်လား

အားတင်းထား တာ……..

Advertisements

4 thoughts on “အားတင်းထား တာ

  1. ဒကာလေး မောင်ဥဂ္ဂါရေ…
     
    ကဗျာတယ်ကောင်း…
    ကဗျာထဲက တာ ကတော့ အတော်အားရှိသွားမယ်…
     
    မျက်ကန်း ပုထုစဉ်လူသားတွေအတွက် အားဆေးကြီးတစ်ခွက်…
    ဒီလို ပုံဖေါ်ကြည့်မိတယ်…
    အမှောင်တွင်းမှ အရိယာဆိုတဲ့ သစ္စာများရှိရာ အလင်းဆီသို့ …
     
    မိသားစုစိတ်ချမ်းသာပါစေ…
    ဦးလောကနာထ
    ၇.၂၂.၂၀၀၉
     

    Like

  2. ကောင်းလိုက်တာဟယ်။ ငါ အားတွေ တော်တော်ရှိသွားပြီ။ ကျေးဇူးအများကြီးတင်တယ်နော်။ ငါ အားတင်းထားတယ် သိလား။ နင့် ကဗျာနဲ့နော်။

    Like

  3. အလွန် ခွန်အားရှိသောစာပါ–တစ်ယောက်တည်းရှိတဲ့အခါ မှပိုဖတ်လို့ကောင်းမယ်
    ကျနော် ကူသွားပါတယ် ခွင့်ကြိုမတောင်းတာ တောင်းပန်ပါတယ်
    လေးစားစွာဖြင့်

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s