ကျနော်ဘလော့ဂါ

ဘလော့ဒေးအထိမ်းအမှတ်အဖြစ်ရေးသည်။ ကျနော်ဘလော့စရေးတာ ဘယ်တုန်းကလဲ ပြန်စဉ်းစားမိတယ်။အင်တာနက်စသုံးတာ ကိုစပြောရ မယ် ထင်တယ်။၂၀၀၃ခုနှစ်လောက်ကပေါ့ ကျနော်၁၀တန်း ဖြေအပြီးမှာ တောင်မရောက်မြောက်မရောက် ဖြစ်နေတုန်း ကွန်ပြုတာသင်တန်းစတက်ဖြစ်တယ်။ နောက်သင်တန်းဆင်းတော့ သူငယ်ချင်းတွေက အင်တာနက်သုံးကြတယ်။နောက်သူတို.တွေဆီက ပြန်သင်ရတယ်။အဲဒီတုန်းက အင်တာနက်ဆိုင်ဆိုလို့ မနလေး မှာနှစ်ဆိုင်ပဲရှိတယ်။တစ်ခုက ဂျပန်အင်တာနက် နောက်တစ်ခုက ဆိုင်ဘာဝါး ရတနာပုံဈေးအပေါ်က လေ။နောက် အဖေကဂျီမေးအကောင်ဖွင့်ပေးတယ်။ကျနော်ဘယ်လောက် တုံးလဲဆိုတော့ ဂျီမေးအကောင့်ရှိရင် ဂျီတော့ပြောလို.ရတယ်ဆိုတာမသိဘူးလေ။အဲဒီလောက် ပိန်းတာ။

Rate this:

စိတ်ညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင်

စိတ္တေနနီယတိလောကော၊စိတ္တေန ပရိကဿိ။စိတ္တေဿ ဧကဓမ္မဿသဗ္ဗ၀ ၀သံအနွဂူတိ။ ၃ (သံယုတ္တနိကာယ် ၁၊၃၉) ဒီိဂါထာ လေးကိုဗုဒ္ဓဘာသာဝင်တိုင်း နားယဉ်နေပြီးသား ဖြစ်မှာပါ။ “စိတ်သည်လောကကိုဆောင်၏ စိတ်ဖြင့်လောကကိုဆွဲငင်၏။စိတ်၏အလိုသို. အရာအားလုံး အစဉ်လိုက်၏။” လူသမိုင်းတလျှောက်မှာ လူတွေရဲ့ကူးအကြံတွေ အသိမြင်တွေမြင်မားလာမှုနဲ့ အတူကမ္ဘာမြေ မျက်နှာပြင်ကို ဘယ်လိုဘယ်ပုံ ပြောင်းလဲပစ်တယ်ဆိုတာကို လူယဉ်ကျေးမှုထွန်သစ် ကာစကာလမှာ သဘာဝတရားဟာ အနှောင့်အယှက် ကင်းကင်းနဲ့ ရှိနေပါသေးတယ်။နေက်ပိုင်း စိုက်ပျိုးတတ်လာတဲ့ အခြေအနေရောက်တော့ ဆည်တွေဆောက် မြောင်းတွေဖောက် လုပ်ပြီးသဘာဝတရားဟာ ပြုပြင်စီရင် စခံရတာပါပဲ။နောက်စက်မှုတော်လှန်ရေး အပြီး မှာ အရင်းရှင်ဝါဒပေါ်ပေါက်လာပြီး သဘာဝသံယံဇာတအရင်းအမြစ်တွေကို အလွန်ကျွံထုတ်သုံးကျ တော့တယ်။ အဒမ်စမစ် ကလည်း များများထုတ်များများရောင်း မြန်မြန်စိပွားရေးတတ်ဆိုတဲ့ သီအိုရီတွေ ခေတ်စားတဲ့ကာလပေါ့။အင်္ဂလိပ်နဲ့တခြားနယ်ချဲ့နိုင်ငံတွေက ကိုလိုနီပြုထားတဲ့ နိုင်ငံတွေဆီက ကုန်ကြမ်း တွေယူပြီ ကုန်ချောထုတ်ပြီး ကိုလိုနီပြုခံရတဲ့နိုင်ငံတွေဆီပြန်ရောင်း တော့အရမ်းကို အဆင်ပြေကြတယ်။…

Rate this:

လက်ဆောင်

ပန်းရနံတွေရဲ.အသက်ရူသံကို မပိတ်ပါဘူး အသေးမွှားလေးတစ်ခုတောင်လက်မခံရဲဘူး ငါရဲ.အရာရာတိုင်းဟာမင်းအတွက်ဆိုပေမဲ့ မင်းရဲ.အရာခပ်သိမ်းကတော့ ငါဖို.မဟုတ် အထီးကျန်ဆန်တဲ့စိတ်ပျက်ခြင်း သီချင်းတစ်ပုဒ်ဟာ ငါရာဇ၀င်မှာ ပထမဆုံးပဲ။ တစ်စစီခွဲကြေခံရတဲ့ ရင်ဘတ်တစ်ခုလုံး လှုံဆော်နေတဲ့ အချစ်ငတ်မှုဟာ အလိုလိုနေရင်း ဘ၀ကိုသေကျေပျက်စီးစေတယ် ကသောင်းကနင်းနိုင်တဲ့ စည်းဝါးနရီ ပြီတီတီနဲ့ လှောင်နေတယ်။ လှပတဲ့မင်းမျက်နှာလေးငါအသက်ရူသံ မင်းနဲတွဲသွားတိုင်း ဈေးကြီးကြီး အ၀တ်တည်ဝတ်ထားသလိုလုံခြုံမှုရှိတယ် မင်းတကိုယ်လုံးကို ကာကွယ်နိုင်ဖို. အချစ်နရံပါးပါးလေးကာပေးချင်တယ် မင်းခေါင်းလှလှလေး တိမ်တွေမစွန်းမိအောင် နှလုံးသားသစ် ခေါင်မိုးပြာပြာလေးလိုချင်တယ် ဒီလိုခပ်ရူးရူးအတွေတွေကြောင့် မင်းရဲနူးညံသိမ်မွှေမှုတွေကြောင့် ဒီကောင်ရဲ့ရင်ဘတ်ဟောင်းလောင်းကြီးထဲ ဒဏ်ရာလက်ဆောင်တစ်ခုအဖြစ် တစ်သက်လုံးသိမ်းထားတယ်။

Rate this:

Myanmar Blogger Survey 2009

ကိုညီလင်းဆက်ဆီကကူးထားတာပကျနော်တို့မြန်မာဘလော့ဂါတွေအတွက် အခက်အလက်ခိုင်ခိုင်မာမာရှိဖို.လိုနေပါပြီ ကူညီကြပါအုံးခင်ဗျာ မန်မာပြည်မှာ အချက်အလက် အတိအကျ ရဖို့ရာ တော်တော်ခက်ပါတယ်။ အင်တာနက် အသုံးပြုသူနဲ့ ဘလော့တွေအကြောင်း ကျွန်တော်တို့ ဒီရပ်ဝန်းကလူတွေတောင် ခန့်မှန်းခြေနဲ့ပဲ ပြောနေရပါတယ်။ ခန့်မှန်းခြေ လုပ်နေရတော့ နိုင်ငံတကာက လေ့လာသူတွေ သိနိုင်ဖို့ အတိအကျရေးရာမှာ အခက်အခဲ တွေ့ကြရပါတယ်။ မြန်မာဘလော့ဂါ လောကကြီးဟာ ၂၀၀၇ နှစ်ဆန်းကစပြီး တရှိန်ထိုး တိုးတက်လာလိုက်တာ အခုဆို တော်တော်ကို ကြီးထွားစည်ပင်နေပါပြီ။ ဒါကြောင့် မြန်မာဘလော့စစ်တမ်းလေး တစ်စောင်လောက် ကောက်ကြည့်ဖို့ ကျွန်တော် ဒါလေးကို လုပ်ထားလိုက်ပါတယ်။ နိုင်ငံတော်တော်များ ဒီလို စစ်တမ်းလေးတွေ ရှိပါတယ်။ ဒီလိုရှိတဲ့အတွက် ပညာရှင်တွေအနေနဲ့ အကဲဖြတ်လို့ ရတယ်။ ခန့်မှန်းလို့ရတယ်။ အနာဂတ်ကို မျှော်ကြည့်လို့ရတယ်။ ဒါလေးကို ကူညီဖြည့်စွက်ပေးကြမယ်ဆိုရင် ကျွန်တော်တို့ ဘလော်ဂါတွေ ဘယ်လောက်ရှိတယ်၊…

Rate this:

မွေးနေ့မင်္ဂလာပါ သမ္ဘူလ

သမ္ဘူလရေ ၂၃နှစ်ပြည်ပြီနော် အသက်ကြီးလာတာလား စိတ်ကြီးလာတာလား စဉ်းစားပေါ့ အသက်ကြီးရင်တော့ လူအို စိတ်ကြီးမှ လူကြီးတဲ့ ဘ၀ရဲ့ရည်မှန်းချက်တွေဘယ်လောက်ပြည်မှီပြီလဲ အသစ်သစ်သော အတွေ့အကြုံ့တွေ အသစ်သစ်သော အတွေးကြံတွေနဲ့ ဘ၀ခရီးလျှောက်လှမ်းနိုင်ပါစေဗျာ။

Rate this:

သီိတာဦး(၂)

နောက်အတော်ကြာမှာတော့ ကိုဦးက မသီတာကို ဖွင့်ပြောလိုက်တယ်။အဲ ဒီလိုဖွင့်လိုက်တာကို မသီတာက ကိုဦးပြောတဲ့ ရည်းစားစကားကို ရည်းစားစကားလို.မထင်ပဲ။သူကိုစာသင်နေ တယ်ထင်လို.တဲ။ ကိုဦးက အဲဒီလိုကြောင်တာ။ နောက်ဒီလို ဖွင့်ပြောဖြစ်တာကို သူငယ်ချင်းတွေရှေ့မှာ ထုတ်ပြောကြတယ်။ သူငယ်ချင်းတွေအားလုံးက မအံသြကြဘူး ဘာဖြစ်လို.လည်းဆိုတော့ ကျနော်က ပုလဲတို.ကို ကြိုပြောထားတာ ကိုး။ကျနော်၊ကိုဦးနဲ့မသီတာတို.က ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်နေကြတော့ ခဏခဏနယ်ထွက်ရတယ်။ ကိုဦးနဲ့ ကျနော်အဖွဲ့အစည်းချင်း မတူပေမဲ့ တချို.နေရာတွေမှာတွေရတယ်.။ ကိုဦးကိုမသီတာနဲ့ဘယ်လို.အခြေအနေရှိလဲလို.မေးတိုင်း “ငါဘက်ကဖိတ်စာ တစ်ခြမ်းရိုက်ပြီး သွားပြီ သူဘက် ကတော့ ရဲတိုင်ထားတယ်” (ဒါမှမဟုတ်ရင်) “ငါကတော့ ကလေးတောင်ရနေပြီ သူကတော့ အခုထိ သူငယ်ချင်းပဲတဲ့” ငါကတစ်ဖတ်သတ်ကြီးပါကွာလို. နောက်နောက်ပြောင်ပြောင် ပြောတတ်တယ်။ မသီတာ ကိုမေးတဲ့အခါမှတော့ သူငယ်ချင်းပဲလေ ဘာဖြစ်လို.လဲတဲ့။ကျနော်ကလည်း သူတို.နှစ်ဦး ကြာရင်တော့ နှစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ချစ်ကြမှာပဲ…

Rate this: