ငါတယောက်တည်းလား

6480_1193502044456_1435564019_529191_3666901_n
ငါတယောက်တည်းလား

မျှော်လင့်ခြင်းစပါးကျီထဲမှာမနက်ဖြန်အတွက်

လက်ကျန်တောင်မရှိတော့ပါလား

နာကျင်မှုအခေါင်းတလားထဲသေနေတဲ့

မျှော်လင့်ခြင်းတွေ ရှင်သန်လာအောင်

ဆုတောင်းလို.မရဘူးရေဆန်ဖြတ်ပြီးရေငတ်နေသူပါ။

ဘ၀ဟောင်းကိုရှင်သန်အောင် စိုက်ပျိုးဖို.အချိန်မရှိ

လောဘဒေါသတွေနဲ့ပြည့်လျှံနေတဲ့ ငါခန္ဓာ

တွန့်တိုတဲ့မစ္စရိယကိုလည်းလူရာသွင်းမိရင်ထဲမှာမချိဘူး

မချိပြုံးပြတာကိုလှောင်တယ်လို့ထင်သူကရှိသေး။

အမယ်မင်း

မင်းဒုက္ခမသေးပါလား

စိတ်ကူးယဉ်မှုထဲတွင် အနှစ်သာရမဲ့စွာအထီးကျန်ဆန်နေတယ်

လှေလေးကိုလှော်ပြီး ဘေးမသန်းပဲ အေးချမ်းချင်တာပေါ့

မသေခင်တော့နေမ၀င်ခင်နေကိုမြင်ချင်သေးတယ်။

ရှင်နေရင်တော့ဝန်းဝန်းပပ လပြည့်အလှကိုလည်းမြင်ချင်သေးတာပေါ့

ဘ၀ကလှရင်တော့ တရားဓမ္မနဲ့လည်းပျော်မွေ့ချင်တာပေါ့။

အခုတော့

မိုးလိုက်ရွာတာ ငါတယောက်ထည်းလား

အထီးကျန်ဆန်တာ ငါတယောက်ထည်းလား

အမုန်းခံရတာ ငါတယောက်တည်းလား

မတရားခံရတာ ငါတယောက်တည်းလား…………………………..။

Advertisements

4 thoughts on “ငါတယောက်တည်းလား

  1. ကဗျာကောင်းတယ် ဒကာလေးရယ်…
    ဘုန်းကြီးနောက်မှာလည်း မိုးလိုက်ရွာနေတယ်…
    ဆောင်းစရာ ကာစရာလေးတော့ လိုပြီပေါ့…
    တရားဓမ္မရှိရင်တော့ လက်ကျန်ဘဝ လှဦးမှာပါ…
     
    ဦးလောကနာထ
    မိသားစုစိတ်ချမ်းသာပါစေ…

    Like

  2. ကောင်းလိုက်တဲ့ ကဗျာ
    လှလိုက်တဲ့ စာသား
    နင့်ဓါတ်ပုံကို မြင်တော့ ရိုဒင်ရဲ့ ” အတွေးအခေါ်”ဆို တဲ့ ရုပ်တု ကို သတိရမိတယ် သိလား?
    သူငယ်ချင်းရှေ့ ဆက်ရှောက် ရှေ့မှာ ချောက်ကြီး
    နောက်မဆုတ်နဲ့ ကိုကံချွန် ဆိုသလိုပေါ့ကွာ—–
    သေချာတာ တခုက နင်တစ်ယောက်တည်းမဟုတ်ဘူး
    လူတွေက ပုံဆန် အမျိုးမျိုးနဲ့ ဓါးသွားပေါ်က ပျားရည်စက်ကို ရက်နေကြတာကွ
    ဆရာကြိးတော့မဟုတ်ဘူး
    ဘ၀ကပေးတဲ့ lesson learn ပေါ့ကွာ ဟုတ်တယ်ဟုတ်

    Like

  3. ရိုဒင်ရဲ့ပုံက အ၀တ်စားမပါဘူးကွ ငါကပါတယ် ဟဲဟဲ တစ်သက်လုံး lesson learn နေတာ ကုန်ကိုမကုန်နိုင်ဘူး

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s