ဘိုးဘွားအမွေစောက်ရှောက်ကြလေ

ကျနော်တို.ရဲ့ထေရ၀ါဒဗုဒ္ဓဘာသာကို ဘိုးဘွားဘီဘင် အဆက်ဆက်လက်ဆင့်ကမ်းထိန်းသိမ်းစောင်ရှောက်ခဲ့ တဲ့ မြန်မာ တို.ရဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆင်ကမ်း အမွေအနှစ် ဖြစ်ပါတယ်။ဒီလို.အမွေပေးခဲ့တာက လွယ်လွယ်ကူကူ ပေးခဲ့ တာ မဟုတ်ပါဘူး။သေသေချာချာ စိစစ်ဝေဖန်ပြီးမှ ယုံကြည်လက်ခံကျင့်သုံးခဲ့ တာပါ။ခန္ခာအတွင်း နှလုံးသားအတွင်းမှ အစစ်အမှန်တည်ရှိတဲ့ စေတနာ၊ဥာဏ်၊၀ီရီယ၏ တန်ဖိုးများကိုသာ အသိအမှတ်ပြုတဲ့ ဘာသာတရားတစ်ခုကိုဘိုးဘွားတွေ လက်ဆင့်ကမ်းသယ်ဆောင်ပေးခဲ့တဲ့ မဟာကျေးဇူးကိုပေးဆပ်ရမှာ ကျနော်တို.ယနေ. ဗုဒ္ဓဘာသာတွေရဲ့တာဝန်မဟုတ် ဘူးလားဗျာ။

ကိုးကွယ်တဲ့ဘာသာတရားဆိုတာ လူမျိုးတစ်မျိုး ရဲ့အသက်သွေး ပဲမဟုတ်လား။ဓလေ့ထုံးထမ်း အစဉ်အလာ ယဉ်ကျေးမှု ဆိုတာဘာသာတရား စည်ပင်မှ ထွက်ပေါ်လာတဲ့ အကိုင်းခက်တွေလို.ဆိုချင်တာပဲဗျာ။လူမှုရေး၊နိုင်ငံရေး တိုးတက်မှုဟာ ဘာသာတရားပေါ် လုံးလုံးလျားလျားမှုမတည်တောင် အနည်းအကျဉ်းတော့သက်ရောက်နိုင်တယ် ထင်တာပဲဗျ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာ လူတိုင်းလူတိုင်းရဲ.မွေးရာပါ အခွင့်အရေးပါပဲ ဒါကြောင့် လူသားတိုင်း နှစ်သက်ရာ ဘာသာ တရားကို ကိုးကွယ်နိုင်ပါတယ်။ ဗုဒ္ဓဘာသာတစ်ဦးအနေနဲ့လည်း မိမိသဘောကျတဲ့ တခြား ဘာသာတစ်ခုကို ပြောင်းကိုးကွယ် နိုင်ပါတယ်။ဒီလိုပြောင်းလဲလို. ဗုဒ္ဓဘာသာအနေနဲ့လည်းဘာမှ ဆုံးရူံးစရာမရှိပါ။

ဒါပေသိ……!!!!!!!

ဘာသာရေးအမွေအနှစ်ကို ရရှိခံစားဖို. ထိန်းသိမ်းစောင့်ရှောက်ဖို. ဘာသာဝင်တိုင်းရဲ့ မပြုမနေရကိစ္စ​တစ်ခုပါ။ ဟို ဘာသာ ကဘယ်လို.မကောင်းတာ ဘယ်လို.ဆွယ်တာမျိုးတွေ ပြောနေမဲ့အစား ကိုယ်ဘာသာဝင်တွေ ကိုဘာသာရေး ကိုယ်ခံအား ကောင်းအောင် လုပ်တာပိုမကောင်းဘူးလားဗျာ။ဒီလိုမှမဟုတ်ရင် အကြမ်းဖက်မှုဆန် တဲ့ဘာသာရေး ပဋိပက္ခ တွေပေါ်လာ မှာအမှန်ပါပဲ ခင်ဗျာ။တခြားဘာသာဝင်တွေကို ညီအကိုမောင်နှမ သားချင်း စိတ်မျိုးဘာလို. ကျနော်တို.မမွေးနိုင်ကြတာလဲ။  လူတစ်ယောက်ကို လို.မမြင်ပဲ ဘာသာခြားပဲ ဆင်းရဲသားပဲ လူချမ်းသာ ပဲ လူမျိုးခြားပဲ ဆိုတဲ့ ဒိဠိ မာန တဏှာအမြင်တွေ တွေနဲ့ ကြည်.နေမဲ့အစား လူကိုလူလိုသာမြင်တဲ့ ရုပ်နာမ်နှစ်ပါး အစုအဝေးပဲလို. ဗုဒ္ဓအလိုကျ ရူမြင်ပုံနဲ့ကြည်ရင်ပို မကောင်းဘူးလားဗျာ။

ဗုဒ္ဓဘာသာ အမည်ခံထားပြီး ရောယောင်ဝါးနဲ့ ဘာဘိုးတော် ညာဘိုးတော်နဲ့နောက်ဟိုနတ်ဒီနတ် တောင်မယ်တော် မြောက်မယ်တော် တွေကို ဗုဒ္ဓမြတ်စွာဘုရား နဲ့တန်းတူထားတဲ့ ယောင်ဝါးဝါးမှုန်ပြာပြာ ကပြား ဗုဒ္ဓဘာသာတွေက လည်း ရှိသေးဗျ။ဒီလိုလူတွေရဲ.  ဘာသာရေးအသိဥာဏ်နည်းပါးတာတွေ ဟာသူတို.ရဲ့သားသမီးတွေလက်ထက် အထိ အကျင့်ပါ ရိုးရာလိုက်လာပြီဆိုရင် အနာဂတ်သာသနာရေးအတွက် ရင်လေးဖွယ်ပါ။ ကိုယ်ကိုကိုယ်ထေရ၀ါဒဗုဒ္ဓ နိုင်ငံမှာနေတယ်ကြွေးကြော်ထားပြီး အင်းအိုင်လက်ဖွဲ့တွေ ဥုံခံပြီး မြန်မာမှုပြုထားတဲ့ ပြည်တွင်းဖြစ် နိုင်ငံခြား ဂါထာ တွေ နတ်ဘိုးတော်မယ်တော် ရောနှောခံနေရတာက တခြားဘာသာကိုပြောင်းသွားတာထက် ပိုရင်နာဖို. ကောင်း ပါတယ်။အိန္ဒိယ ဆိုတဲ့ ဗုဒ္ဓပွင့်ခဲ့တဲ့နေရာမှာတောင် ဒီလို.ရောနှောခံရပြီး ဗုဒ္ဓဘာသာကွယ်ပျောက်သွားတယ် ဆိုတာ လေ့လာကြည်.ရင် သိနိုင်ပါတယ်။ကိုယ်ရဲ့ဘာသာကိုဖျက်မှာအပြင်ထက်အတွင်းကိုကြောက်ရမှပါ။

ထေရ၀ါဒဗုဒ္ဓဘာသာဝင်စစ်စစ်တွေဟာ ကံ ကံ၏အကျိုး(ကံ=အလုပ် ကိုယ်နှုတ်စိတ်) ကိုနှစ်နှစ်ကာကာ ယုံကြည်ကြ တယ် ဗေဒင်မေးရင်ဆန်ကုန်တယ် စေတနာကောင်းရင်ကံကောင်းမယ်လို.ခံယူကြတယ်မှလား။ပုဗာဏှာသုတ်ရွတ်ရင် နှလုံးသွင်းရင် ယတြာချေစရာလို လို.လားဗျာ။မေတ္တာလက်ကိုင်ထားရင် အဆောင်လက်ဖွဲ့လို လို.လား။ဘုရားတည်ပြီး သာသနာပြုမဲ့အစား(ကျနော်တို.ဆီစေတီတွေများနေပါပြီ) ဗုဒ္ဓဘာသာလူငယ်သင်တန်းတွေ ရပ်ကွက်တိုင်းလုပ်ရင် ပိုမကောင်းဘူးလားဗျာ။  ရက်ရာဇာ ပြဒဒါးကိုဂရုမပြုကောင်းတာလုပ်တဲ့နေ.ကောင်းတဲ့နေမဟုတ်လား။တဘောင်ရွှေ ပေလွာငွေပေလွှာ အရေးမထား၊နတ်စုန်းကဝေသရဲတစ္ဆေ ဂရုမစိုက် ဘာဖြစ်လို.လဲဆိုတော့ သာသနာပြင်ပ လောကီ အတတ်ပညာတွေဟာ သံသရာလွတ်လမ်းကိုအထောက်အကူမပြုဘူးလေ။တကယ်အားကိုရမှာ ခိုင်လုံပြီးပြည်စုံတဲ့ ထေရ၀ါဒ ပိဋတ်တော်များကို လက်ဆင့်ကမ်းအမွေအနှစ်အဖြစ်ပေးခဲ့တဲ့

ဘိုးဘွားတို.ရဲ.ကျေးဇူးတရားကို ဆပ်ချင်ရင်  ထေရ၀ါဒ ပိဋတ်တော်များမှာပါတဲ့ လမ်းညွှန်ပြီးသားဖြစ်တဲ့ ဆောင်ရန်ရှောင်ရန်များအတိုင်းသာ တိတိပပလိုက်နာတာအကောင်းဆုံးပါ။

ထေရ၀ါဒပြင်ပက လွဲမှားတဲ့ ကိုးကွယ်ရာနောက်တကောက်ကောက်လိုက် နေတဲ့ လူတွေဟာ ရှေးဘိုးဘွားဘီဘင်တွေ အမွေပေးခဲ့တဲ့ အမွေအနှစ်တွေကို ဖျက်လိုဖျက်စီးလုပ်နေ သလိုဖြစ်မနေဘူးလား။ သန့်ရှင်းစင်ကြယ်ပြီး အကြွင်းမဲ့ ပြည်စုံတဲ့ ထေရ၀ါဒအနှစ်သာရ အရောအနှောမခံဘဲ မြတ်မြတ်နိုးနိုး စောက်ရှောက်ထိန်းသိမ်းဖို.က ထေရ၀ါဒဗုဒ္ဓဘာသာ ၀င်တွေရဲ့ရှောင်မရတဲ့ သမိုင်းပေးတာဝန်မဟုတ်လားဗျာ။

ဗုဒ္ဓမြတ်စွာသာသနာရောင်ဝါနေသို.လင်းစေသော်

ဗုဒ္ဓမြတ်စွာသာသနာ ခန္ခာတွင်းမှာလင်းစေသော်

ဗုဒ္ဓမြတ်စွာသာသနာ ခန္ခာတိုင်းမှာလင်းစေသော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s