ဗုဒ္ဓ၀ါဒအစ အနစ်နာခံခြင်းက

လွန်ခဲ့တဲ့ ငါးနှစ်လောက်က နယ်မြို.လေးတစ်မှာ နာမည်ကြီး စာရေးဆရာတစ်ဦးရဲ့ စာပေဟောပြောပွဲကို ကျနော်သွားရောက်နားထောင်ခဲ့ ရပါတယ်။ဆရာကြီးက ဘာခေါင်းစဉ်နဲ.ဟောပြောသွားတယ် ဆိုတာ ကျနော် မမှတ်မိတော့။သူစပြောလိုက်တာက“ကျနော် မြတ်စွာဘုရားလောက် လောဘမကြီးဘူး ဘာဖြစ်လို.လဲဆိုတော့ မြတ်စွာဘုရားက သဗ္မုညုတဥာဏ်တော်ကြီးကို လိုချင်တယ် ကျနော်ကမလိုချင်ဘူး” တဲ့လေ ပရိတ်သတ် အားလုံး တဟားဟားနဲ့ လက်ခုတ်တွေတီးကြတာ ဆူညံသွားတာပဲ။ အဲဒီ လက်ခုပ်တီးတဲ့သူ တွေအထဲ ကျနော်လည်း ပါတယ်။ အဲဒီတုန်းက ကျနော်က ဖြစ်တည်မှုပဓာန၀ါဒတို. ကမှုးတို. ဆတ်တို.ကို အရူးအမှုးကြိုက်နေတဲ့ ကာလကိုး။အဲဒီတုန်းက ကျနော်စကားလုံးတိုင်းက အနီနံကလည်း သင်းနေတာပဲ။

နောက်မှ တောင်မြို့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၊ ဆရာကြီးဦးရွှေအောင်တို.ရဲ့ စာတွေဖတ် တော့မှပဲ ဘုရားမှန်းတရားမှန်း ကျောင်းမှန်းကန်မှန်း သိခဲ့ရတာပေါ့ဗျ။ အဓိကပြောချင်တာက ကျနော်တို. ဗုဒ္ဓမြတ်စွာဘုရားက တကယ်ပဲလောဘကြီးသလား။ သဗ္မုညုတဥာဏ်တော်ကြီးကို လိုချင်တယ်ဆို.တာ သူများအကျိုးအတွက်လား ကိုယ်ကျိုးအတွက်လား။ ဒါကို ကျနော်တို. သေသေချာချာ သဘောပေါက်ဖို. လိုပါတယ်။ဗုဒ္ဓမြတ်စွာဟာ ကိုယ်တည်းငြိမ်းအေးဖို.ဆိုရင် သုမေဓာအရှင်ရသေ့ ဘ၀တည်းက နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် နေပါပြီ။ ဒါကိုမျက်မှောက်မပြုပဲ သုမေဓာအရှင်ရသေ့ဘ၀ ကနေပြီး သိဒ္ဓတ္ထမင်းသားဘ၀ အထိ လေးသင်္ချနဲ့ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီဆယ်ပါးကို ဖြည်.ခဲ့တဲ့ ရည်ရွယ်ချက်ဟာ သဗ္မုညုတဥာဏ်တော်ကြီး ကိုရရှိဖို.ဆိုတာ ဘာမှ ငြင်းစရာမရှိပါဘူး။ ဗုဒ္ဓမြတ်စွာဘုရားဟာ သဗ္မုညုတ ဥာဏ်တော်ကြီးကို ဘာအတွက်လိုချင်တာလည်းဆိုတာကို စောကြောသင့်ပါတယ်။ဥပမာ လူတစ်ယောက်ဟာ လူအသက်ကို ဆေးပညာနဲ့ လူများကိုအသက်ကယ်ချင်တဲ့ ဆန္ဒရှိရင် ဒီလူဟာ ဆေးပညာသင်ကြားရပါမယ် သူရည်ရွယ်ချက်ဟာ ဆရာဝန်ကြီးဖြစ်ဖို. မဟုတ်ပါဘူး လူအများအသက်ကယ်ဖို.ပါ။ ဒီလိုပါပဲ ဗုဒ္ဓမြတ်စွာဘုရား ဟာ သဗ္မုညုတဥာဏ်တော်ကြီးကိုရမှသာ လောကအကျိုးစီပွားကို အနစ်နာခံပြီး ဆောင်ရွယ်အနိုင်ဆုံးသူ ဖြစ်ဖို့ သာဖြစ်ပါတယ်။ သုမောဓာအရှင်ရသေ့ဘ၀က ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်းမှာ ရမှာလည်း နိဗ္ဗာန်ပါပဲ နောက် ဂေါတမမြတ်စွာဘုရားအဖြစ် ပရိနိဗ္ဗာန်ပြုပြီး ရမှာလည်း နိဗ္ဗာန်ပါပဲ ရလဒ် အဓိကအနေနဲ့ ကြည်ရင် ရတာ ချင်းတူတူပါပဲ။ လောကအကျိုးအတွက်သာ သဗ္မုညုတဥာဏ်တော်ကြီး ယူခဲ့တာဖြစ်တာ ရှင်းရှင်းလေးပါ။

တကယ်တမ်းပြောရရင် အများအတွက် ကိုယ်ကျိုးစွန်တာ ဗုဒ္ဓမြတ်စွာဘုရား အလိုတော်ကျပါ တနည်းဆိုရင် ဗုဒ္ဓ၀ါဒအစ အနစ်နာခံခြင်းက လို.ကိုပြောလို. ရပါတယ်။

နောက်တစ်ခုက ကျနော်တို.လို.လူမှုရေးလုပ်ငန်းတွေ လုပ်နေတဲ့ သူတွေကို ပြောချင်တာပါ။ လူမှုရေးလုပ်ငန်း တွေရဲ့ ရည်ရွယ်ချက်ဟာ လူသားအကျိုးပြုဖို.ပါ။ ဒါကို လူသားအကျိုးပြုချင်တဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ပဲ စကော်လာရဖို.လွယ်လို.၊ လစာကောင်းလို.၊ ဒေသစုံလျှောက်သွားလို.ရလို.၊ ဒေါ်လာစားရလို. ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့လုပ်နေမယ်ဆို.ရင် သိပ်မကောင်းတော့ပါဘူး။ နောက် ဒီလိုလူတွေလုပ်နေတဲ့ လူမှုရေးလုပ်ငန်းတွေဟာ အောင်မြင်နိုင်ဖို. မလွယ်ပါဘူး။ အောင်မြင်ရင်လည်း  ဖွဲမီးအောင်မြင်မှုမျိုးပဲ ဖြစ်ပါလိမါ့မယ်။ ကုသိုလ်ကံတွေ အထဲမှာ အများကျိုးဆောင်ရွက်တယ် ဆိုတဲ့ကုသိုလ် အရိုန်အစော်ဟာ မသေးပါဘူး ဘယ်တော့မှလည်း အဟောသိကံ မဖြစ်ပါဘူး အကျိုးပေးကလည်းကြီးမားပါတယ်။

ဘုရားရှင်ပါရမီ ဖြည့်ကျင့်တဲ့ လေးသင်္ချနဲ့ကမ္ဘာတစ်သိန်း ကာလပတ်လုံး လူဖြစ်ရင်လည်း လူမင်း၊နတ်ဖြစ်ရင် လည်း သိကြားမင်း၊တိရစ္ဆာန်ဖြစ် ရင်လည်း မျောက်မင်း ယုန်မင်း စသဖြင့် သင့်တော် သလို အကြီးအမှုးတွေ ဖြစ်တာများတယ်ဆိုတာကို ငါးရာငါးဆယ်ပုံဝတ္ထုတွေ ငယ်ငယ်က ဖတ်ဖူးလို.သိခဲ့ရပါတယ်။ဒီလို အကြီးအမှုနေရာတွေကို ရခဲ့တာ ဗုဒ္ဓမြတ်စွာအလောင်းတော်က လိုချင်လို.ရခဲ့တာ မဟုတ်ပါဘူး မလိုချင်ပဲ ရခဲ့တာပါ။ လောကသဘာဝအရ လောကအတွက် ဓမ္မအတွက် ပေးဆပ်သူ အနစ်နာခံသူကို လောက ကကြီးမြတ်တဲ့ နေရာပေးတဲ့ ဘဘောရှိပါတယ်။

အဲဒီလိုပါပဲ ကျနော်တို.တွေ အမှန်တကယ်သာ လူသားအကျိုး လောကအကျိုးကို ကိုယ်ကျိုးမကြည့်ပဲ ရဲရဲဝံ၀ံ လုပ်ကြည့်ပါ ကျနော်တို.ကိုယ်ကျိုးအလိုလို ပြည်ဝလာပါလိမ့်မယ်။ အခုကျနော်တို.လုပ်နေတဲ့ ဒေသဖွံဖြိုးရေး လူမှုရေး အကျိုးဆောင်လုပ်ငန်းတွေကို စေတနာသန့်သန့်နဲ စိတ်ပါလက်ပါ အားသွန်ခွန်စိုက် လုပ်မယ်ဆိုရင် နောက်ပိုင်း စကော်လာတို. ဒေါ်လာတို. တွေအလိုလိုဝင်လာပါမယ်။ အများကျိုး ဆောင်ရွက်တယ် ဆိုတဲ့ အရိုန်အစောကြီးတဲ့ ကုသိုလ်အလုပ်လုပ်သူ အတွက် လောကီစည်းစိမ်ဆိုတာ ဘေးထွက်ပစ္စည်းပါလို. ကျနော်ကို ပိုင်းလော့ဆရာတော်ဘုရားကြီးက ဆုံးမဖူးပါတယ်။

နောက်ဆုံးပြောချင်တာကတော့

အူမတောင့်မှသီလမစောင့်ပါနဲ့ သီလစောင့်တာနဲ့ အူမတောင့်ပါတယ်။

အများကျိုးဆောင်ရင် ကိုယ်ကျိုးအောင်ပါတယ် ကိုယ်ကျိုးအောင်ဖို.နဲ့တော့ အများကျိုးမဆောင်ပါနဲ့။

တစ်စတစ်စ စွန်ဝံမှလျှင် ဘ၀နောက်နှောင်း ဆက်တိုင်းကောင်း၏။

Advertisements

One thought on “ဗုဒ္ဓ၀ါဒအစ အနစ်နာခံခြင်းက

  1. တရားစခန်းဝင်ပြီး မှရေးတာမို့လားမသိ။ သည်လိုပိုစ်မျိုးရေးတဲ့သားကိုမေမေ ဂုဏ်ယူပါတယ်သား။ ကျန်းမာချမ်းသာစွာ သာသနာအကျိုးသည်ပိုးနိုင်ပါစေ။

    ချစ်သောမေမေ

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s