သီတာဦး(၁)

ကျနော်လေ ဒီအကြောင်းတွေ မေ့ထားပေမဲ့ မေ့မရဘူး။ အရမ်းချစ်ကြတဲ့ ကျနော်တို.သူငယ်ချင်း ၅ယောက် ထဲက သူတို.နှစ်ယောက် အကြောင်းပြောပြချင်လိုက်တာဗျာ။

ကျနော်မှာ အချစ်ဆုံးသူငယ်ချင်း ၄ယောက်ရှိတယ်။ကျနော်ပါ ပါရင် ငါးယောက်ပေါ့။ကျနော်တို.တွေ အားလုံးကျောင်းအသီးသီးဆီက ဘွဲ့ရပြီးထုံးစံအတိုင်း သင်တန်းတွေ လိမ့်တတ်ရတဲ့ အခါသူတို.ကိုတွေတာပေါ့ ဗျာ။ သုံးလအတွင်းမှာပဲ ကျနော်တို.တွေတကယ်ငယ်ပေါင်းကြီးဖော်လို ခင်သွားကြတယ်။

ကျနော် သူတို.တွေထဲမှာစဦးဆုံး စခင်တာ ကိုဦးဗျ။ အဓိကပြောချင်တာလည်း သူအကြောင်းပဲ အခုတော့ သူလောကထဲမှာ မရှိတော့ပါဘူးဗျာ။ ဒါကြောင့်လည်း ဒီပို.လေးကိုစတင်တာပါ။ ကိုဦးက ကျနော်ထက် တစ်နှစ်ငယ်တယ် ဒါပေမယ်လေးစားသမှုနဲ့ ကိုဦးလို.ခေါ်တာပေါ့။ ဒီကောင်က အကုန်သိအကုန်တတ်တယ်။ ဒါပေမယ် ဘာကိုမှ သေသေချာချာမလုပ်ဘူးလို. ကျနော်တို. အတန်းဖော်အစ်မကြီးတစ်ယောက်က ပြောဖူး တယ်။ သူတကယ်လည်းတော်ပါတယ် သင်တန်းက အဆိုင်းမန့်တွေကို ကျနော်တို. အတွက် သူတစ်ယောက်ပဲ ဒိုင်ခံရေးပေးရတာ။သူက သူငယ်ချင်းတွေ အတွက်ဆို ဘယ်တော့မဆိုလုပ်ပေးတယ်။အခြား မိန်းကလေး သူငယ်ချင်း၃ယောက်ကိုလည်း သူနဲ့ခင်ပြီးမှကျနော်နဲ့ခင်တာ။နောက်တစ်ခုက သူက ဘယ်တော့မှ ကောင်း ကောင်းမွန်မွန် သတ်သတ်ရပ်ရပ် မနေတတ်ဘူး။ ရှမ်းလွယ်အိပ် ပြဲကြီးကို မြတ်မြတ်နိုးနိုး လွယ်တတ်တယ်။ သူလွယ်အိပ်ထဲမှာ အမြဲထမ်းဖတ်စရာ စာအုပ်တစ်အုပ်ရှိတယ်။ ဒီစာအုပ်ကို သူပျင်းတိုင်းထုတ်ထုတ်ဖတ်တယ်။ စာအုပ်နာမည်က Giver တဲ့။အခုသူ လူလောကမှာမရှိတော့တာ တနှစ်ပြည့်ပါပြီ။ မင်းကို ငါတို.မမေ့သေးပါဘူး ကိုဦးရာ။

နောက်တစ်ယောက်ကတော့ မသီတာတဲ့ နယ်မြို.တစ်မြို.ကနေပြီး ရန်ကုန်မှာ သင်တန်းလာတတ်တာ။ သင်တန်း ဖွင့်တဲ့နေ မှာသူတို.ကျနော် စသိထားမိတာ။သူက ကျနော်နဲ့ ရွယ်တူပါပဲ ဒါပေမယ် ကိုဦးတို.က မသီတာ လို.ခေါ်တော့ ကျနော်လည်း မ တတ်ခေါ်ရတာပေါ့။သူကတော်တော် လှတယ် သင်တန်းမှာ Queen ရွှေးတော့သူရတယ်။သင်တန်းမှာ အလှဆုံးပေါ့ဗျာ။နောက် တစ်ခုတော့ ကိုဦးရဲ့ အချစ်ဆုံးလေ။ သူကတော့ အခု နိုင်ငံရပ်ခြား မှာအခြေတကျနဲ့ အိမ်ထောင်တောင်ကျနေပါပြီ။ကိုဦးကို သူမေ့နေပြီလား မမေ့သေးဘူး လားဆိုတာ သူကိုယ်တိုင်က လွဲဘယ်သူမှ မသိကြဘူး။

နောက်သူငယ်ချင်းတစ်ယောက် ကခင်ပုလဲတဲ့ ကျနော်ထက်၂နှစ်ငယ်တယ်။ကိုဦးတို.နဲ. အထက်တန်းကျောင်း ကအတူတူပဲ တဲ့။ ကိုဦးက ၁၀တန်းမှာ ပုလဲက ၉တန်းပေါ့။ ဒါပေမယ် သင်တန်းတတ်မှ သိကြတာ။သင်တန်းမှာ ကိုဦးအရင်ဆုံးခင်တာ ပုလဲပေါ့။ပုလဲကတော့ လူတွေတိုင်း ပြုံးပြတတ်တယ်။တခါက ဆရာစာသင်နေတုန်းမှာ ဆရာကိုပြုံးပြနေလို. ဆရာကသူကို ဘာမှားလို.ပြုံးပြတာလဲ လို.မေးယူရတယ်။နောက်သူလမ်း လျှောက်တာ ဘဲရုပ် ကာတွန်းလေးနဲ့တူလို. ဘဲရုပ်တဲ့ ကိုဦး က ကင်ပွန်းတတ်ထားတယ်။

နောက်တစ်ယောက်က ဘဲရုပ်နဲ့အတူတူ ငယ်ငယ်ကထဲက ခင်ကြတဲ့ သူငယ်ချင်း ၀ိုင်း တဲ့ သူကတော့ အမြဲငေးမောနေတတ်တယ်။ သူမှာအမြဲ ပြဿနာကြီးပဲ သူဇာတ်သူမနိုင်တော့တာအမြဲ အဲဒီခါကြမှ သူငယ်ချင်းတွေကိုကယ်ပါယူပါ အော်လေ့ရှိတယ်။ သူကိုတော့ ကိုဦးက ဂွမ်ဖင် လို.ပေးတယ်။ ဘာသဘော တော့မသိ။

နောက်ဆုံးကတော့ ကျနော်ပေါ့ဗျာ။ ကျနော်က ဒီဇာတ်လမ်းကို ပြန်ပြောပြသူ ကျနော်အကြာင်းလဲ အားလုံး သိတာပဲလေ။

ကျနော်တို.ရဲ့၅ယောက်ပါတဲ့ သူငယ်ချင်းအဖွဲ့လေးက သင်တန်းမှာ တသီးတခြားလို.ပဲ။သူများတွေ အဆိုင်းမန့် တွေနဲ့ လုံးပမ်းနေချိန်မှာ ကျနော်တို.က ရုပ်ရှင်သွားကြည်ကြတယ်။ည ပန်းခြံတို. ကစားကွင်းတို.မှာ ကစားကြတယ်။ အေးအေးဆေးဆေးနဲ့ ပျော်စရာကောင်းတယ်။နောက် ကိုဦး မန္တလေးကို သူအလုပ်ကိစ္စ နဲ့သွားကြတော့ ကျနော်တို.တွေမှာ သူကိုလွမ်းလိုက်ရတာဗျာ ဒီကောင်ပြန်လာမှာနေ.တိုင်းမျှော်နေရတယ်။ နောက်သူပြန်လာတော့ သူ မသီတာကို ချစ်နေမိပြီဆိုတာကို ကျနော်ကို ရင်လာဖွင့်တယ်။ ကျနော်ကတော့ အချစ်ကြောင့် ဘော်ဒါကဏ္ဍမပျောက်စေချင်တော့ သူကို ဖွင့်မပြောနဲ့လို.တားရတယ်။ သူကလည်း လက်ခံ ပါတယ်။ နောက် မသီတာရဲ့ချစ်သူက အပြစ်တစ်ခု ကျုးလွန်ပြီး မသီတာကို အဆက်ပြတ်လိုက်ကြတယ်။ ဒီနေရက်တွေမှာ မသီတာကို ကျနော်တို. သူငယ်ချင်းတွေ အားလုံးက ၀ိုင်းအားပေးကြတာပေါ့။ နောက် မသီတာက သူကောင်လေးကို မေးလ် ကနေစာပို.ချင်တော့ ကိုဦးက ပို.ပေးတယ်။စာရိုက်ပေးတယ်။ အဲဒီညမှာ ကိုဦးငိုတယ်။သူပြောတာက မသီတာသနားပါတယ်ကွာ သူကောင်းလေးကို တော်တော်ချစ်ရှာတာတဲ့။

နောက်စိတ်ညစ်စရာ တစ်ခုပေါ်လာပြန်ရော သင်တန်းက အကူဆရာတစ်ယောက်က မသီတာကို ချစ်ရေး ဆိုတယ်။ ဒီအကြောင်းကို သူငယ်ချင်းတွေ ပေါ်တိုင်ပင်တော့ ဂွမ်ဖင်နဲ့ဘဲရုပ် ကအပြည့်အ၀ ထောက်ခံကြတယ်။ ကိုဦးကတော့ အင်းကောင်းပါတယ်တဲ့။ နောက်တစ်ပတ်လောက်ကိုဦး မျက်နှာမကောင်း ကျနော်နဲ့ နှစ်ယောက်ချင်းမေးကြည့်တော့ အကူဆရာနဲ့မသီတာနဲ့အတူ လှည်းတန်းသွားကြတယ်ကွာ မသီတာကို ငါလည်းအတူလိုက်ပါရစေပြောတော့ မျက်နှာမှာ မလိုလားမှုတွေပါ့နေတယ်ကွာ ငါစိတ်မကောင်း ဘူး။ကျနော်က မင်းမသီတာကို ဖွင့်ပြောလိုက်ပါလားလို. အကြံပေးတော့ မလုပ်ပါနဲ့ သူ ခမျာ သူအရင်ကောင်လေးမှာတုန်းကလည်း စိတ်ညစ်ရ အခုအကူဆရာကြောင့် စိတ်ရှုပ်နေတာ ကို ငါထပ်ဒုက္ခမပေး ဘူးချင်ကွာ။

နောက်ကျနော်တို. သူငယ်ချင်းတွေ အပျော်ဆုံးရက် ၂ရက် ရှိတယ်။တစ်ရက်က သင်တန်းဆင်းပွဲနေ နောက် တစ်ရက် ကကိုဦးမွေးနေ တိုက်တိုက်ဆိုင်ဆိုင် ဒီနေက သင်တန်းဆင်းပွဲဆို မနက်ဖြန်က ကိုဦး မွေးနေ ကျနော်တို. သူငယ်ချင်းအားလုံးလည်း အပျော်ဆုံးလို.ထင်ပါတယ်။ သင်တန်းဆင်းပွဲည ကသင်တန်းမှာ ပါတီပေးကြတယ်။ပြဇာတ်တွေကကြ အငြိမ့်တွေ ကလိုက်နဲ့ တကယ်ပျော်စရာကြီးပဲ။နောက် ကျနော်ကတော့ ပြင်ဆင်ရေးအလုပ်တွေနဲ့ ဆိုတော့ပင်ပန်းပြီး အိပ်ပျော်သွားတယ်။ဘဲရုပ်လည်းအိပ်တယ်။ ဂွမ်ဖင်၊မသီတာနဲ့ ကိုဦးတို.ကတော့ တညလုံးစကားထိုင်ပြောကြတယ်။နောက်နေ.ကြတော့ ကိုဦးမွေးနေ ဘုရားကို အစောကြီးထ သွားကြတယ်။နောက် မနက်စာ ဒင်ဆမ်းတွေကို ကိုဦးကကျွေးတယ်။တ၀ါးဝါးတဟားဟားနဲ့ကတယ်ကို ပျော်စရာကြီးဗျာ။ ဘေးကလူတွေတောင် ကျနော်တို.ကိုကြည်ပြီး အပျော်ကူးကြတယ်။

နောက်သင်တန်းပြီးပြီ ဆိုတော့ နေတိုင်း ကျနော်တို.၅ယောက်မတွေဖြစ်ပေမယ့် ရံဖန်ရံခါ ဆိုသလိုတော့တွေကြ တယ်။ဒါပေမယ် ကိုဦးနဲ့မသီတာတို.ကတော့ အမြဲတွေကြတယ်။သူတို.တွေက အိမ်လည်းနီတယ်လေ နောက် ကျနော်တို.ထက်ပိုသူတို.နှစ်ယောက်ဟာ ပိုရင်းနီးလာတယ်။ သူငယ်ချင်းတွေ ဆုံဖြစ်ရင်လည်း ကာရာအိုကေဆို လိုက် ကစားကွင်းသွားနဲ့ အသက်၂၀ကျော် ကလေးကြီးတွေလို. တချို့ကစနောက်ကြတယ်။ဒီ ကာလတွေဟာ ကတယ်ကို ပျော်စရာပါပဲဗျာ။ ကျနော်တို.တွေ ညီညွတ်ပြီး ချစ်ခင်ကြတယ်။ ဒီအချိန်ထိ မသီတာကို ကိုဦး ချစ်နေတာကို ကျနော်ကလွဲပြီး ဘယ်သူမှ မသိကြဘူး။

နောက်ကကျနော်က လည်းအရင်ထဲက ဒေသဖွံဖြိုးရေးပဲ လုပ်ချင်တော့ Local NGO တစ်မှာလုပ်တယ်။ မသီတာနဲကိုဦး ကလည်း INGO တစ်ခုမှာ အတူတူလုပ်ကြတယ်။ပုလဲကတော့ မျိုးစေ့ထုတ်တဲ့ လုပ်ငန်းမှာ ၀ိုင်းက LCCI သင်ပေးတဲ့ဆရာမ လုပ်ကြတယ်။အားလုံးအလုပ် အသီးသီးရကြတော့ အရင်လို အားအားယားယား မဟုတ်တော့ ကျနော်တို. သူငယ်ချင်းတွေ သိပ်မတွေကြတော့ဘူး။

၂၃၊၈၊၂၀၀၉ ဒုတိယပိုင်းလာမယ်နော် စောင့်ပါအုံးနော်

နောက် ဒီဝတ္ထုကိုဖတ်ပြီး စုံစမ်းမေးမြန်းခြင်းသည်းခံပါ။

Advertisements

One thought on “သီတာဦး(၁)

  1. ဥဂ္ဂါ
    နင့် အရေးအသားတော်တော်ကောင်းလာပြီပဲ။ ကိုမျိုးဇော်စကားနဲ့ဆို ” ငါတို့ သူငယ်ချင်းပဲဟာ။ အချာတော့ ဘယ်ဟုတ်မလဲနော်။”    ငါလဲ ” သူ့အတွက်ရေးတဲ့ ကျမရဲ့ ဒိုင်ယာရီ” ကို ဆက်ရေးရမယ်ထင်တယ်နော်။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s