သီိတာဦး(၂)

နောက်အတော်ကြာမှာတော့ ကိုဦးက မသီတာကို ဖွင့်ပြောလိုက်တယ်။အဲ ဒီလိုဖွင့်လိုက်တာကို မသီတာက ကိုဦးပြောတဲ့ ရည်းစားစကားကို ရည်းစားစကားလို.မထင်ပဲ။သူကိုစာသင်နေ တယ်ထင်လို.တဲ။ ကိုဦးက အဲဒီလိုကြောင်တာ။ နောက်ဒီလို ဖွင့်ပြောဖြစ်တာကို သူငယ်ချင်းတွေရှေ့မှာ ထုတ်ပြောကြတယ်။ သူငယ်ချင်းတွေအားလုံးက မအံသြကြဘူး ဘာဖြစ်လို.လည်းဆိုတော့ ကျနော်က ပုလဲတို.ကို ကြိုပြောထားတာ ကိုး။ကျနော်၊ကိုဦးနဲ့မသီတာတို.က ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်နေကြတော့ ခဏခဏနယ်ထွက်ရတယ်။ ကိုဦးနဲ့ ကျနော်အဖွဲ့အစည်းချင်း မတူပေမဲ့ တချို.နေရာတွေမှာတွေရတယ်.။

ကိုဦးကိုမသီတာနဲ့ဘယ်လို.အခြေအနေရှိလဲလို.မေးတိုင်း “ငါဘက်ကဖိတ်စာ တစ်ခြမ်းရိုက်ပြီး သွားပြီ သူဘက် ကတော့ ရဲတိုင်ထားတယ်” (ဒါမှမဟုတ်ရင်) “ငါကတော့ ကလေးတောင်ရနေပြီ သူကတော့ အခုထိ သူငယ်ချင်းပဲတဲ့” ငါကတစ်ဖတ်သတ်ကြီးပါကွာလို. နောက်နောက်ပြောင်ပြောင် ပြောတတ်တယ်။ မသီတာ ကိုမေးတဲ့အခါမှတော့ သူငယ်ချင်းပဲလေ ဘာဖြစ်လို.လဲတဲ့။ကျနော်ကလည်း သူတို.နှစ်ဦး ကြာရင်တော့ နှစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ချစ်ကြမှာပဲ လို.ထင်ခဲ့မိတယ်။

ကိုဦးနဲ့မသီတာတို့လည်း တောင်ပေါ်ဒေသ တစ်ခုဆီခရီးထွက်သွား တယ်ကြားပြီး နှစ်လလောက်   အဆက်အသွယ်ပြတ် သွားသည်။ နောက်သူတို.ပြန်လာတော့ သူတို.တွေတစ်ယောက်နှစ်တစ်ယောက် စကားမပြောကြတော့ ဘာဖြစ်လို.လည်းဆိုတာလဲ မေးလို.မရ ဖြန်ဖြေကြည့်တော့ လည်းမရ။ကိုဦး ကတော့စိတ်ညစ်ပြီး စကားဘယ်သူနဲ့မှ မပြောတော့ မသီတာကတော့ ပုံမှန်တိုင်းဖြစ်ပေ့မယ် အမြဲမျက်နှာမရွှင် သူတို.တွေဘာပြဿနာတတ်ကြလည်း ကျနော်လည်းမသိ သူတို.ခြားမှာ အရင်လို ဆက်ဆံရေးမျိုး မရှိတော့တာတော့ အမှန်ပဲ။ကျနော်တို. သူငယ်ချင်းတွေ ၀င်ဖြန်ဖြေလို.လည်း မရပဲရှိတယ်။

နောက်တစ်လလောက်မှာ ကိုဦးအလုပ်ထွက်ပြီး တောင်တန်းဒေသတစ်ခုဆီ သွားတယ်။ တောင်တန်းဒေသက ရွာတွေမှာ ပတ်နေပြီး ကလေးတွေကို စာသင်လိုက် ရွာသားတွေနဲ့အတူစိုက်ပျိုးရေးလုပ်လိုက် နဲသူလုပ်ချင်တာတွေကိုစိတ်ကူးတည့်သလို လုပ်နေတော့တာပဲ။နောက်အဲဒီဒေသမှာလဲ အကြာကြီးမနေ စိတ်ကူးပေါက်ရင်နောက်တရွာပြောင်းတတ်တယ်။

မသီတာကတော့ နိုင်ငံခြာမှာပညာသင်ဖို. သူတို.အဖွဲ့အစည်းက လွတ်တော့နိုင်ငံရပ်ခြားမှာ ၃နှစ်လောက် ပညာသင်ခွင်ရခဲ့တယ်။ သူနိုင်ငံခြားမသွားခင် သူငယ်ချင်းတွေကို နှုတ်ဆက်တဲ့အနေနဲ့ ညစာကျွေးတော့ ကျနော်တို.တွေထဲ ကိုဦးမပါလာဘူး။ကျနော် ဒါကိုစိတ်မကောင်းပါ ကျနော်တို.ထဲ ကိုဦးမပါတဲ့ အတွက်ဝမ်းနည်းမိတယ်။ကိုဦးပါရင်ကောင်းမယ်လို. ပါးစပ်က လွတ်ကနဲ ထွက်သွားတော့ မသီတာ မျက်နှာပျက်သွားတယ်။ မျက်ဝန်းမှာလည်း မျက်ရည်တွေအပြည်.နဲ့လေ။ကျနော်နားလည်ပါတယ်။ဒီလိုပွဲမျိုးကို ကိုဦးကို မသီတာပါစေချင်ဆုံးဆိုတာကိုလေ။

မသီတာနိုင်ငံခြားထွက်ပြီး တစ်လလောက်မှာ ကိုဦးရန်ကုန်ရောက်လာတယ်။ ကောင်းကောင်းမွန်မွန် ပြန်ရောက်တာမျိုးမဟုတ်ဘူး။ သူသွားတဲ့ တောင်ပေါ်ဒေသဆေးရုံကနေပြီး စိတ်ကျန်းမာရေး ဆေးရုံကို လူနာအနေနဲ့ရောက်လာတာ။ကိုဦး စိတ်ကစဉ့်ကလျားရောဂါ(schizophrenia)ရောဂါ ဖြစ်နေပြီ ဒီရောဂါက ကုသလို. မပျောက်ခင်းနိုင်ဘူး သက်သာရုံသာ ဆေးရုံက ကုပးလို. ရွာသာကြီးက ဆရာဒေါက်တာ ခင်မောင်ကြီးကပြောတယ်။ ကျနော်စိတ်ပညာစာတမ်းနဲ့ ရွာသာကြီးဆေးရုံကို ခဏခဏရောက် တော့ ကိုဦးကို ကြည်ဖြစ်တယ်။ သူပြောတာတွေက တကယ်ပေါက်ကရတွေ ဂြိုလ်သားအကြောင်းတွေပါတယ်။ ကမ္ဘာကြီးပျက်တော့မယ်အကြောင်းတွေလည်းပါတယ်။ ထူးဆန်းတာက မသီတာက သူနာမှာပနြေနေတယ် လို.ထင်နေတာ သူဘေးမှာ မသီတာရှိတယ်လို.ခံစားနေတာ။ နောက်ရောဂါ နည်းနည်းသက်သာတော့ ဆေးရုံကဆင်းပြီး ကိုဦးရဲ့အိမ်မှာပြန်နေတယ် ကျနော်ကအားရင် ကိုဦး ရောဂါအခြေအနေကိုသွားကြည့် ပေးရတယ်။ သူအပေါ်အကျီင်္အတွင်းအိပ်ထဲမှာ အမြဲရှိတဲ့ အရာတစ်ခုရှိတယ် ဒါကမသီတာရဲ့ဆံပင်နဲ့ကိုဦး  အမေရဲ့ ခြေရာ။ ဒီပစည်းကိုဘယ်သူမှ အထိမခံ သွားကိုင်တဲ့သူ ဘယ်သူဖြစ်ဖြစ် ကိုဦး လည်ပင်း ညစ်တာခံရမယ်။နောက်ကိုဦးကို မြို့ထဲမှာတွေရင် ကျနော်ကို ငါရုပ်ရှင်ကြည်လာတာ လို.အမြဲပြောတယ် ။ ဘာကားလဲလို.မေးရင် လွန်ခဲ့တဲ့ ၂နှစ်လောက်က ပြဖူးတဲ့ Jumper တဲ့ ဘယ်သူနဲ့ ကြည်လဲမေးရင် မသီတာနဲ့တဲ့ ကျနော်က မယုံတဲ့ပုံစံပြရင် သူအိတ်ထဲက ရုပ်ရှင်လက်မှတ် ၂စောင်ကိုပြတယ် လက်မှတ်တွေက လည်း လွန်ခဲ့တဲ့ ၂နှစ်ကလက်မှတ်တေ၊ွ လွန်ခဲ့တဲ့ ၂နှစ်က သူတကယ်ပဲ မသီတာနဲ့ဒီကားကိုကြည်ဘူးခဲ့ပါတယ်။

ပုလဲနဲ့ဝိုင်းကလည်း ကိုဦးကို တစ်လတစ်ခါလောက်တော့ လာကြည်ကြတယ်။သူတို.က ကိုဦး အခြေအနေကို ကြည်.ပြီးငိုကြတယ်။ ကိုဦး သူတို.ကို ဟဲ့ ပုလဲ ၀ိုင်း ဘာဖြစ်လို.ငိုနေတာလဲ နင်တို.ဘဲတွေက နင်တို.ကို စ်ြသွားလို.လား အဲဒီကောင်တွေ ငါနဲ့တွေရင်နာတော့မယ်ဆိုပြီ နှစ်သမ့်တတ်တယ်။ ကျနော်တို.သူငယ်ချင်းတွေ မသီတာကို အကြောင်းကြားဖို.တိုင်ပင်ကြတယ် ကိုဦးအခြေအနေက သူလာရင် ပိုကောင်းနိုင်တယ်လေ။ မသီတာက စာမေးပွဲလုပ်နေရလို.မလာနိုင်ဘူးတဲ့ စာမေးပွဲဖြေပြီးတာနဲ့ ခက်ချင်းလာခဲ့မယ်လို.ပြောတယ်။

ဒါပေမယ် မသီတာကိုဦးကို မမြင်သွားရှာတော့ မသီတာမလာခင် ၁လလောက်မှာ ကိုဦး ကိုယ်ကိုကိုယ် သတ်သေလိုက် တယ်။ဒါ schizophrenia ရောဂါသည်တိုင်းဖြစ်လေ့ရှိတာပဲလေ။ဒါပေမယ်ကိုဦးရယ် မင်းချစ်တဲ့မသီတာကိုမင်းမမြင်လိုက်ရဘူးနော်။

ကိုဦးရဲ့ဈပနမှာ ကိုဦးသူငယ်ချင်းဆိုတာ ကျနော်တို.ချည်းပဲမဟုတ်မှန်းသိလိုက်ရတယ်။သူတော်တော် အပေါင်းအသင်းများတယ် နယ်ပယ်စုံ၊စရိုက်စုံ၊အရွယ်စုံ လူတွေတော်တော်များများ သူဈပနကိုလာကြတယ်။ ကိုဦး တခါပြောဘူးတယ် ငါသေရင် လူစည်ကွ လိုစနောက်ရင်ပြောခဲ့တာကိုကျနော် သတိရမိသေးတယ်။ ကိုဦး ကို မီးသဂြိုလ်ခါနီး ကိုဦး အင်္ကျီထဲက မသီတာဆံနွယ်စလေးကို ကျနော်ယူထားလိုက်တယ်။ ကိုဦး က မသီတာလာရင်ပြန်ပေးဖို. ကျနော်ကိုပြောသွား တယ်လေ။ ဈပနအကြောင်းမသီတာကို မေးလ်နဲ့ပို.လိုက်တယ်။

နောက်ကိုဦး တလပြည်မှ မသီတာရောက်လာတယ် ကိုဦးတစ်လပြည့် အထိမ်းမှတ်ကျနော်တို.ကဗျာသမားတွေ ကစိမ်းလန်းစိုပြေမှာ ကဗျာရွတ်ကြတယ်။ ကိုဦးရေးတဲ့တာတွေနောက် သူအတွက်ကျနော်တို.ရေးထားတာတွေ ကောပေါ့။ဒီပွဲ မသီတာလဲတတ်တယ် သူလည်းကဗျာရွတ်တယ် ကိုဦးအတွက်သူရေးထား တဲ့ same ဆိုတဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ်ရွတ်သွားတယ်။ သူမျက်ဝန်းမှာမျက်ရည်တွေနဲ့လေ။

အခုချိန်ရောက်ပြီ ကျနော်တို.သူငယ်ချင်းတွေလည်း အရင်လို.မဆုံတွေတော့ အရင်လို.မလတ်ဆပ်တော့ ကိုဦးကိုမေ့တဲ့ သူတွေလည်းရှိမှာပေါ့ ။မသီတာက ကိုကျော်ဖြိုးသက်နဲ့အိမ်ထောင်ကျပြီး နိုင်ငံခြာမှာ အခြေချနေတယ်။ပုလဲတော့ကိုဖြိုးကိုနဲ့ လက်ထပ်ပြီး စာရင်စစ်လုပ်ငန်းတစ်ခုထောင်ထားတယ်။ ၀ိုင်းက တော့ အခုထိ အိမ်ထောင်မပြုပဲ တရားစခန်းသွားလိုက် သူရုံးအလုပ်လုပ်လုပ်လိုက် သူမောင်ရဲ့ ကလေး တူတူမ တွေကို ထိန်းလိုက်နဲ့ပျော်နေတယ်။ ကျနော်ကတော့  အမိမြေမှာပဲ လူမှုရေးလုပ်ငန်းတွေကိုအရင်လိုပဲ လုပ်နေဆဲပါပဲ။

နောက်တစ်က မသီတာနဲ့ကိုကျော်ဖြိုးသက် တို.က ကလေးရပြီဆိုတဲ့ သတင်းလေ သူတို.နိင်ငံခြားမှာပဲ မွေးကြတာ မိန်းကလေး မသီတာရဲ့သမီးဦးလေးပေါ့။သူနာမည်ကသီတာဦးတဲ့ ကိုဦးကိုပဲ ရည်ရွယ်တာလား သမီးဦးမို. လားဆိုတာ ကျနော် မသီတာကိုမမေးလိုက်ရဘူး။ ကိုဦးသာရှိနေရင်တော့ သူနာမည်ပါတယ်ဆိုပြီး ကြံဖန်ဂုဏ်ယူပြီး ပျော်နေမှာ……..

ကိုဦးမင်းကိုငါတို့အားလုံးသတိရပါတယ်ကွာ


Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s