ကျနော်ဘလော့ဂါ

ဘလော့ဒေးအထိမ်းအမှတ်အဖြစ်ရေးသည်။

fri

In this photo: Nyein Nyein Aye, ʍɐʎʞ əᴓʎɥɗ, Nhin Pwint, Phoophoo Lay, Phoe Thu Taw, BarNyar Kwi Kwi, Zaw Zaw Myo Lwin, Sai Naung, Thi Han, Thet Htoo, Kyaw Nyo Thaway, ဇောင်း Zaung (photos), Soe Zeya Tun (photos), Mg Ogga (photos | remove tag), Thet Paing Kha (photos), ပင့်ဂိုလ်း Pinkgold (photos), Ka Kha Ga, Tar Tar Lay, Nang Nyi, Thar Phyo, Prize Wai, Yay Kel Yay, Kyaw Zay Ya, Papa Poem

ကျနော်ဘလော့စရေးတာ ဘယ်တုန်းကလဲ ပြန်စဉ်းစားမိတယ်။အင်တာနက်စသုံးတာ ကိုစပြောရ မယ် ထင်တယ်။၂၀၀၃ခုနှစ်လောက်ကပေါ့ ကျနော်၁၀တန်း ဖြေအပြီးမှာ တောင်မရောက်မြောက်မရောက် ဖြစ်နေတုန်း ကွန်ပြုတာသင်တန်းစတက်ဖြစ်တယ်။ နောက်သင်တန်းဆင်းတော့ သူငယ်ချင်းတွေက အင်တာနက်သုံးကြတယ်။နောက်သူတို.တွေဆီက ပြန်သင်ရတယ်။အဲဒီတုန်းက အင်တာနက်ဆိုင်ဆိုလို့ မနလေး မှာနှစ်ဆိုင်ပဲရှိတယ်။တစ်ခုက ဂျပန်အင်တာနက် နောက်တစ်ခုက ဆိုင်ဘာဝါး ရတနာပုံဈေးအပေါ်က လေ။နောက် အဖေကဂျီမေးအကောင်ဖွင့်ပေးတယ်။ကျနော်ဘယ်လောက် တုံးလဲဆိုတော့ ဂျီမေးအကောင့်ရှိရင် ဂျီတော့ပြောလို.ရတယ်ဆိုတာမသိဘူးလေ။အဲဒီလောက် ပိန်းတာ။

နောက်မုံရွာရောက်တော့ ဘလော့တွေစဖတ်ဖြစ်တယ်။ကိုညီလင်းဆက်၊နိုင်းနိုင်းစနေ၊ကိုနေဘုန်းလတ် စတဲ့ ဘလော့တွေစဖတ်ဖြစ်တယ်။ နောက်ဘလော့စ ရေးချင်လာတယ်။ ဘလော့စပေါ့ ကလည်းဘန်းထား ၀က်(စ်)ပရက်ကလည်း မလုပ်တတ်။နောက် မာတီနဲ့ စရေးဖြစ်တယ်။မာတီကလည်း မုံရွာက သူငယ်ချင်း တစ်ယောက်ရေးလိုရေးဖြစ်တာ။မာတီမှာ ကိုဂငယ်နာမည်နဲ့ရေးတယ်။ လိပ်စာက http://kogange.multiply.com နောက်ကိုသင်္ကြန်တို. Mmwordpres.com ကိုပုံမုန်ဝင်ကြည့်တော့ wp နဲ့ရေးချင်လာတယ်။ နောက်စာတွေဖတ်လာတော့ နဲနဲစမ်းရေးကြည့်တယ်။ အဲဒီတုန်းက ဘbyhost ကလည်း အဆင်မပြေ 000webhost ကလည်း  ftp မကောင်းလို.လုပ်မရ တော့ ဒိုမန်းကို co.cc ယူပြီး freehostis နဲ့ရေး ဖြစ်တယ်။နည်းပညာဗဟုသုတကလည်း နုံနဲ ဘာမှာလည်းမလုပ်တတ်တော့ တော်တော်လေးကြာမှ ဘလော့ပုံမုန်လေးဖြစ်တယ်။နောက်ပိုင်း အခုရေးနေတဲ့ mmgeniusနဲ့ အထိဆိုပါတော့ဗျာ။

ပြောချင်တာအခုမှဗျ မြန်မာပြည်မှာ ဘလော့ရေးရတာ တော်တော်ဆိုးတယ် ကော်နက်ရှင်မကောင်းရင်တမျိုး ဘလော့စပေါ့ကလည်း ဘန်းခံရတာတမျိုး အင်တာနက်ဖိုးပိုက်ဆံကုန်တာတမျိုး တော်တော်ဒုကခရောက်ကြ တယ်။ ကျနော်ဘလော့ရေးချင်စိတ်စဖြစ်တာကတော့ ကိုညီလင်းဆက်တို့ ကိုနေတို.ကို အားကျလို.၊ မာတီ ရောက်တော့ ကိုဇောင်းတို. ရေးတဲ့ဘလော့ တွေဖတ်ပြီးပိုပြီးလုပ်တ်လာတယ်။နောက် ဘလော့စပေါ့ ကိုသိချင်တာလေးတွေ ကို ကိုပီကေဘလော့ ကနေသိလာတယ်။ဝက်ပရက် ကတော့ ကိုသင်္ကြန်တို.ကျေးဇူးပေါ့ နောက်ပြီး mmgeniusနဲ့ ပဲရေးတော့တယ်။နောက်ပိုင်း သုံးကျောင်းပြောင်းတဲ့ရှင်၊ သုံးလင်ကွာတဲ့ မိန်းမ၊ ကျော့ကွင်းကနေ သုံးကြိမ်လွတ်တဲ့ငှက် ပြီးရင် သုံးအိမ်ပြောင်းတဲ့ ဘလော့ဂါတွေ များလာအုန်းမလားမသိ။ အခုလိုကျနော်ရေးလာနိုင်တာ ဘလော့ဂါ အစ်ကိုကြီး အစ်မကြီးတွေရဲ့ ကျေးဇူးမကင်းပါဘူး။နောက် ဘလော့ရေးဖို.ခက်နေတဲ့ အချိန်မှာ mmgenius တို.လို services ပေးတာတွေဟာ အလွန်ကျေးဇူးကြီးပါတယ်။  ဒါကြောင့် အိမ်ခဏခဏပြောင်းရတဲ့ဒုက္ခ တွေတော်တော်ကင်းစေတယ်။ ကျနော်တို့ဆီမှာ ကော်နက်ရှင်မကောင်းဘူး ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပေမယ့် မြန်မာဘလော့ဂါတွေဆီမှာ သိချင်တဲ့သူတွေ ဘလော့ရေးချင်တဲ့ သူုတွေ ကို အကူညီပေးတဲ့ သူတွေ မရှားလှပါဘူး။ရေးချင်သိချင်တဲ့သူတွေ အတွက် မှ ဝေပေးတဲ့ သူတွေလည်းရှိပါတယ်။ မြန်မာဘလော့ဂါတွေအဓွန်ရှည်ပါစေ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s