ညီမလေး၁၇နှစ်ပြည့်မွေးနေ့အမှတ်တရ

မိစုမရေ…မနက်ဖြန်ဆိုရင် ညည်း(၁၇)နှစ်တောင် မှပြည့ှ်ပြီနော်။ လွန်ခဲ့တဲ့(၁၇)နှစ်တုန်းက ပေါ့ဟာ ငါ့သူငယ်ချင်းတွေက ညီမလေးတစ်ယောက် စရလာတော့ ယောက်ဖဆိုပြီး အခေါ်ခံရတယ်။ ငါကလည်း(၅)နှစ်ဘယ်သိအုန်းမလဲ။ ယောက်ဖလို့အခေါ်ခံရရင် စိတ်ဆိုးရမယ်ဆိုတာတော.သိသားဟ။ ယောက်ဖဆိုတဲ့အဓိပ္ပာယ်ကို သေချာမသိခဲ့ပေမယ့် ကိုယ့်သွေးသားကို ကာကွယ်ရမယ်ဆိုတဲ. အသိစိတ်လေး တစ်ခုတော့စရခဲ့တာပေါ့ဟာ။ အဲအချိန်ကတည်းက ညည်းကငါတို့ဘ၀ထဲ စ၀င်လာတာလေ။ ညည်းကိုမွေးမယ့်နေ့က တနင်္လာနေ့ဖြစ်နေတယ်။ ဒါပေမယ့် တနင်္လာနေ့အကျော်(၁၅)မိနစ်မှ မွေးတာသိလား။ ညည်းငယ်ငယ်တည်းက အရမ်းရုပ်ဆိုးတာ သိလား။ဒါပေမယ် အလှအပကလည်း အခုလိုအရမ်းကြိုက် လှချင်လိုက်တာမှ နင့်ထက်အပြင် နှစ်ယောက်မရှိဘူး။ ညည်းကို ငါက နဖူးမောက်တယ်လို့ပြောရင် ညည်းက ကြမ်းပြင်နဲ့ ဆောင့်ဆောင့်ပြီး နဖူးကိုမမောက်အောင်လုပ်တယ်။ နောက်ညည်းမူကြိုရောက်တော့ နေနံတွေအလိုက် ဘယ်လိုနာမည်ပေးလဲဆိုတကို စသင်ပေးတယ် ညည်းက ပညာကို လက်တည့်စမ်းချင်တော့ မူကြိုကျောင်းကို အသွား မူကြိုက နင်သူငယ်ချင်းကောင်လေးကို ဟဲ့ နင်ဘာနေ့သားလည်းမေးဖူးတာ…

Rate this:

ရလဒ်

ကမ္ဘာမြေရေ မင်းအတွက်ပေးဆပ်ခဲ့တဲ့ကောင် ခေါင်းခေါင်းမာမာနဲ့ ဘလော့ဂါဆိုတဲ့ ၀ိသေသလေးကို ရွှေးချယ်ခဲ့တာပါ။ ငါဟာ နာကျင်ခြင်းတွေခပ်များများနဲ့ လည့်ကွက်ဆန်ဆန် ယန္တာရားအောက်မှာ ဘယ်လို ထူထောင်ဆောက်တည်ရမှန်းမသိတဲ့ အမှောင်မှာ အိမ်ပြန်တော့မယ့်သူ ကြယ်တွေမသိ လားရာမရှိ အချိန်တွေတတိတိကုန်နေ မင်းရဲ့မေတ္တာတရားကို တွေ့လိမ့်နိုးနိုးနဲ့ လွတ်မြောက်ရာလမ်းဆီဦးတည်နေပြီ အညံစားအတ္တတွေထမ်းပိုးရင်း အနတ္တချောက်ထဲ ခုန်ချ ရှင်သန်နိုင်တဲ့အသက်ဓာတ်ဆိုတာ ခပ်ယဲ့ယဲ့ပဲကျန်တယ် အဝေးဆုံးလမ်းကို ခရီးနှင်ချင်သူတစ်ယောက်ရဲ့ နောက်ဆုံးရလဒ်ကတော့ စိုက်ပျိုးပြီးလို့ရိတ်သိမ်းခဲ့တာတွေအားလုံး ရိုးပြတ်တောတွေချည်းပဲကွယ်။

Rate this:

မြန်မာသားချော့သီချင်းများ

မြန်မာကလေးကဗျာသမိုင်းရဲ့ဆက်ပါ။ဘုန်းဘုန်းဦးလောကနာထကော မကေ ကကောအားပေးလိုကျေးဇူးတင်ပါတယ်။ အခုဟာ တကယ်မြန်မာရိုးရာကလေးတေးလေးတွေအကြောင်းပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကလေးချော့တေး(သားချော့တေး)က ၂၀ရာစုမတိုင်ခင်ထဲက ရှိနေပါတယ်။ မြန်မာကလေးကဗျာသမိုင်းမှာ အစောဆုံးပေါ်ထွက်လာတာ သားချော့တေးတွေပါ။ ရွှေဗျိုင်းညို ရေကန်ရိုး၊ထိုးမဲ့ငါးရှင်။ ကျောင်းအောက်ကိုဝင်တဲ့လေမှ၊ မေ့သားငယ်ရွှေစာသင်။ ကြောင်ဘားကြီးရယ်မြီးတန်တို အဆီကိုစားပါလို့အစားကိုမျို။ ကြောင်အိုပေမြေး ကိုက်လိမ့်မယ်လေး။ ဟီလေးရယ်တဲ့ပေါက်ပင် ရေပေါ်လွှမ်းပါတဲ့ ကန်စွန်းပင်။ နေ၀င်ခါနီးကန်စွန်းသီး။

Rate this:

မြန်မာကလေးကဗျာ၊ကလေးသီချင်းသမိုင်း

ကျနော်တို့ မြန်မာပြည်စာပေသမိုင်းမှာ ကလေးကဗျာ နေရာသိပ်မရခဲ့ပါဘူး။ ၁၉ရာစု ၂၀ရာစုအတွင်း ကလေးကဗျာဆိုပြီး သတ်သတ်မှတ်မှတ် များများစားစား မရှိခဲ့ပါဘူး။ ၂၀ရာစုအလယ်ပိုင်းလောက်မှ ကလေးကဗျာမှတ်တိုင်တစ်ခု ဆိုက်ထူနိုင်ခဲ့ပါတယ်။ ဒါကတော့ဆရာကြီးမင်းသုဝဏ်ရဲ့ မောင်ခွေးဖို့ကဗျာများ ဖြစ်ပါတယ်။ နောက်ပိုင်းဒေါက်တာမောင်ဖြူးရဲ့ ကလေးစာပေ၊ ဆရာတင်မိုးရဲ့ ကလေးကဗျာတွေ ပေါ်ထွက်လာပါတယ်။ အဲဒီနောက်ပိုင်းမှာ ကလေးကဗျားတွေ ကလေးသီချင်းတွေ အလျှိုလျှိုပေါ်ထွက်လာပါတယ်။ ယနေ့ခေတ်မှာတော့ ကလေးကဗျာတွေ သီချင်းတွေ များပြားလာသော်လည်း ကလေးသူငယ်များကြား ပျံနုံမှုနည်းနေပါသေးတယ်။ ကျနော်တို့ဗမာလူမျိုးတွေရဲ့ အစဉ်အလာရ ကလေးတွေကို နေရာပေးတာမျိုး လေးစားတန်ဖိုးထားတာမျိုး သိပ်မရှိလောက်ပါဘူး။ အစဉ်အလာအရ ကလေးတွေ က လူကြီးတွေကို လေးစားရတယ်။ လူကြီးစကားကို နားထောင်လိုက်နာရတယ် ဒီလိုမှ လိမ္မာတယ်လို့ အယူရှိကြတယ်မလား။ မှားမယ်ဆိုကလေးတေ၊ွ အမြဲမှန် တာလူကြီးတွေပေါ့။ ဒီလိုအတွေးအခေါ်အယူအဆတွေကြောင့် ကလေးစာပေဟာ ဖွံဖြိုးသင့်သလောက် မဖွံဖြိုးခဲ့ပါဘူး။

Rate this:

နာမ်ပိုင်းဆိုင်ရာစားသုံးသူပဓာန၀ါဒ

လာပြန်ပြီလား ဒီစားသုံးသူဝါဒ လို့တော့မပြောလိုက်ပါနဲ့ဗျာ။ တကယ် အရေးကြီးလို့ ပြောနေတာပါ။ ကျနော်တို့တွေ သတိရှိရင် အသိရှိရင် ဘာလာလာကြောက်စရာ မလိုပါဘူး။ အခုဟာလည်း သတိရှိဖို့ အသိရှိဖို့ ပြောနေရတာပါ။ ဆရာကြီးလုပ်တယ်လည်း မထင်ပါနဲ့ဗျာ။ သိထားတာလေးတွေ ဝေမျှရုံ သက် သက်ပါ။ ကျနော်တို့ ရန်ကုန်က ရွှေတိဂုံဘုရားကိုသွားလိုက်ပါ စောင်းတန်းတိုင်းတက်သွားလိုက် ဈေးသည်တွေ ဈေးရောင်းနေတာကို တွေ့မှာပါ ရွှေတိဂုံရောက်သူတိုင်းမြင်ဖူးကြမှာပါ။ ဗေဒင်ယတြာအဆောင် ပစ္စည်း တွေ ဆင်းတုတော်တွေ ပုတီးတွေ မင်္ဂလာရှိတယ်ဆိုတဲ့ ပစ္စည်းတွေ အများကြီးရောင်းချနေပါတယ်။ ဒါ မထူးခြားပါဘူး ယနေ့ခေတ် ကိုးကွယ်ယုံကြည်မှုဟာ မင်္ဂလာရှိတဲ့ အတိတ်ကောင်းနမိတ်ကောင်း အရာ တွေကို ၀ယ်ယူကိုးကွယ်နေကြတာ ထူးခြားတာ။ ကိုးကွယ်ယုံကြည်မှုဆိုတာ ဘာသာတရားရဲ့ သွန် သင် ဆုံးမတဲ့အချက်တွေကို လက်တွေ့ဘ၀မှာ အသုံးချတာပဲမှတ်လား အခုတော့ဒီလိုမဟုတ်ပဲ…

Rate this:

Happy Birthday မှ Happy Death Day

ကျနော် ၂၂နှစ် တိတိပြည့်ပါပြီ ဘာရေးရမလဲ စဉ်းစားမိတယ်။ ကျနော်မွေးနေ့မတိုင်မီတရက်က ကျနော်တို့ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှာ အလှူသွားလုပ်ကြတယ်။ နောက် ကျနော်ွေးနေ့ နေလည်ရောက်မှ ရန်ကုန်ကို ရောက်ဖြစ်ပါတယ်။ ရန်ကုန်ရောက်ရောက်ချင်းပဲ အင်တာနက်ဆိုင်ကို ပြေးတယ် ဘယ်သူတွေငါဆီ မွေးနေ့ဆုတောင်းပေးမလဲပေါ့ မေမေက ကဗျာတပုဒ်ရေး ပြီးတင်ပေး ထားတယ်။ နောက်တွေ့ပါတယ် ကျနော်ဝင်ထားတဲ့ ဖိုရမ်တွေက စာတွေ နောက်ကိုသားဖြိုး က မွေးနေ့ပါဆိုပြီး ဂျီတော့က နှုတ်ဆက်တယ် ကျနော်စိတ်မချမ်းသာသွားဘူး ကျနော်မျှော်တဲ့သူဆီက စာတကြောင်းမှ မလာဘူး။ ညနေကတော့ ကျနော်တို့ BYSD မောင်နှမများနဲ့ပဲ အချိန်ကုန်စေ လိုက်ပါတယ်။ နောက် ကျနော်ဆရာတစ်ယာက်ကို တွေ့တယ် ဆရာဒီနေ့ ကျနော်မွေးနေ့သိလားလို့ ပြောလိုက်ပါတယ်။ ဆရာကလက်ဆွဲနှုတ်ဆက်ပြီး ဟုတ်လား Happy Birthday ပါ ကိုဥဂ္ဂါ…

Rate this:

အလှူပြုပညာပေးဖျော်ဖြေရေး

ကျနော်တို့ ဗုဒ္ဓဘာသာလူငယ်လေးတွေ စုပြီး ၁၂၊၉၊၂၀၀၉ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာ မှာရှိတဲ့ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှာ ရှိတဲ့ကလေးတွေကို နေလည့်စာကျွေးကြပါတယ်။ နောက်နေ့၁၃ရက်ကကျနော်မွေးနေ့ဆိုတာလဲ ပါတယ်။ ဒီဟာကိုလုပ်ရ အောင်ဆိုပြီး စဆော်သြတာကတော့ ကျနော်တို့ သူငယ်ချင်းကြီး သိန်းစိုး(အလင်းအိမ်စာပေ)။ ကျနော်တို့လူငယ်တွေ အားလုံးက ရှိစုမဲ့စု မုန့်ဖိုးလေး လစာလေးတွေစုပြီး ကလေးတွေ အတွက်လှူကြတာပါ။ နောက် ကလေးတွေကို ပညာရောစပ်ဖျော်ဖြေရေး(Edutainment)လုပ်ကြပါတယ်။ သဘာဝပတ်ဝန်ကျင်းကို ချစ်တတ်အောင်၊ ဗုဒ္ဓယဉ်ကျေးမှုတွေကို ကလေးတွေ ပိုသိလာအောင်၊လုပ်ကြ တာပါ။ ကလေးတွေနဲ့ အတူကျနော်တို့ ကစားကြတယ် သီချင်းတွေဆိုကြတယ်။ ကျနော်လည်း ကျနော့်မွေးနေ့အထိမ်းအမှတ်နဲ့ လုပ်ဖြစ်သွားတော့ပျော်ပါတယ်။ ဒီအစီအဏဉ်လေးကို ကျနော်တို့ BYSD ကလုပ်ပေမဲ့ တခြားလူငယ်ဖွံဖြိုးရေး အဖွဲ့တွေက သူငယ်ချင်းတွေ က လည်းကူညီကြပါတယ် ပါဝင်ကြတဲ့ သူတွေကတော့ ကျနော်တို့BYSD…

Rate this: