လောဘ(သို့မဟုတ်)စာသုံးသူပဓာန၀ါဒ

ဘောဂဗေဒ၏ ခေါင်းကိုင်ဖခင်ကြီး အဒမ်စမစ်ကစပြီး ဘောဂဗေဒပညာရှင်တိုင်းလိုလို အဓိက စီးပွားရေးရဲ့မောင်းနှင်အားဟာ လူသားတို.ရဲ့လောဘလို. တစ်ညီတစ်ညွှတ်တည်းလက်ခံကြတယ်။ ဒါဗုဒ္ဓရဲ့အဆုံးမကို ဖောင့်ဖောင့်ကြီးဆန့်ကျင့်နေတာပဲ။ ကျနော်တို.တွေ ငယ်ငယ်တည်းက စားသုံးလာကြ တယ် များများကောင်းကောင်း စားသုံးနိုင်သူဟာဂုဏ်ရှိတယ်ဆိုပြီး လူအဖွဲ့အစည်းကနေ ကျနော်တို့ကို လောဘတွေ များလာအောင်ရှိလာအောင် သိမ့်သိမ့်မွေ့မွေ့သင်ပေးနေကြတယ်။ကျနော်တို.ကလည်း သင်ယူလို.သင်ယူနေမှန်းမသိပဲ သင်ယူမိတယ်။ တစ်နေက ဆရာခင်မောင်သန်း(စိတ်ပညာ)ရဲ့ စာအုပ်တစ်အုပ်မှာ Nike ဖိနပ်တစ်ရံ အတွက်လူသတ်တဲ့ ဆယ်ကျော်သက်လူငယ်လေး တစ်ယောက် အကြောင်းပါ။ ဖိနပ်တစ်ရံအတွက်လူသတ်တယ်တဲ့။ကြားလို့မှကောင်းကြသေးရဲ့လားဗျာ။ ကျနော်တို. ဆီ ဒီစာသုံးသူပဓာန၀ါဒကြီးက တစ်ကမ္ဘာလုံးကြောက်လန့်နေပါပြီ။ ဆရာမတစ်ယောက်က စာသုံးသူဝါဒ ဆိုတာ ကုန်ပစ္စည်းတွေနဲ့ အရည်ခြုံထားတဲ့ နယ်ချဲ့စနစ်တစ်ခုပါတဲ့ သူကိုကျနော်တို. သတိထားသင့်နေပါ ပြီ။

ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ကမ္ဘာလုံးစီးပွားရေး နလန်ထူပြီး ဖွံဖြိုးတိုးတက်ကာစမှ စားသုံးသူပဓာန၀ါဒ ပေါက်ဖွားလာတယ်။ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေ များပြားလာပေမဲ့ လက်တစ်ဆုပ်စာလူအနည်းစုက လူ အဖွဲ့ အစည်းရဲ့ ငွေပင်ငွေရင်းတွေကို ကိုင်ဆိုင်ပြီး ကုန်ထုတ်လုပ်နေသလို လူအများစုကကာမဂုဏ်အာရုံတွေ နဲ့ထောင်သောင်းများပြားလှတဲ့ ပစ္စည်းတွေကို ၀ယ်ယူရင်း လောကစနစ်ကြီး(စားသုံးသူပဓာန၀ါဒ) ထဲမှာ ပျော်မွေ့နေကြတာ အမှန်ပဲ။ လူအနည်းစုထုတ်လုပ်သူ လုပ်ငန်းရှင် အများစုက စားသုံးသူ တွေ.တဲ့အခါ အရောင်းအ၀ယ်ဖြစ် ဈေးကွက်ဖြစ် စီပွားရေးတွေတိုးတက် GDP တိုးတက်တယ် မကောင်းဘူးလားမေးစရာ ရှိပါတယ်။ ကျနော်တို.တွေ လွန်ခဲ့တဲ့တစ်လက ၀ယ်ယူခဲ့တဲ့ အရာတွေကိုစာရင်းပြုစုကြည်ပါ ကျနော်တို. အသက်ရှင် နေထိုင်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းဘယ်လောက်ပါလို.လည်း။ တကယ်တမ်းပြောရ ရင် မလိုပဲဝယ်တာတွေက တော်တော်များတယ်။ တီဗီက ကြော်ငြာတွေကကော့ ကျနော်တို.ကိုအမှန်တိုင်း သတင်းပေးမှာလဲ။ကြော်ငြာတွေကြောင့် ကုန်ပစ္စည်းဈေးတွေတက်လာတယ်။ လူတွေက ခေတ်စားတဲ့ ပစ္စည်းမှမသုံးနိုင်ရင် လူရာမ၀င်ဘူးလို.ထင်လာကြတယ်။နောက် အဆိုးဝါးဆုံးက လူသားတွေရဲ့ နာမ် ပိုင်းဆိုင် ဖွံဖြိုးမှုဟာ ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးမှုနဲ့ပြောင်းပြန် ဆက်စပ်နေတာပဲ။ ရုပ်ဝတ္ထူတွေတိုးတက်လေ စိတ်ပိုင်းနာမ်ပိုင်းကျဆင်းလေ ဖြစ်နေပါပြီ။ လူတွေရဲ့စိတ်ဓာတ်အင်အားနာမ်ကိစ္စဟာ အားနည်းနေတာမို့ လူတွေက ရုပ်ဝတ္ထုတွေအပေါ်မှီခိုလာတယ်။ ဘယ်အကျီင်္တံဆိပ်ဝတ်မှ မိုက်တာတို. ဈေးကြီးကြီး အသုံးဆောင်တွေဝယ်သုံးပြီး ကိုယ်ကိုကိုယ်လုံခြုံမှုရှိတယ်ထင်နေကြတယ်။ လူတွေရဲ့စိတ်ချမ်းသာမှုကို ရုပ်ဝတ္ထုပစ္စည်းတွေ ပေါ်မှုတည်ခွင့်ပြုလိုက်တာ အဆိုးဆုံးပဲ။ ဒီကုန်ပစ္စည်းတွေက ကျနော်တို.ဘ၀ကို လွမ်းမိုးနေပါပြီ ကျနော်တို.ရဲ့ပျော်ရွင်မှုကိုလည်း ထိန်းချူပ် ထားနေပါပြီ။

ဂလိုဘယ်လိုက်ဇေးရှင်းမှာ နည်းပညာအကျိုးကျေးဇူးကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံအလွယ်ကူးလူး ဆက်ဆံ နိုင်ပါပြီ ဒီနေရာမှာ ပြဿနာက အားကြီးတဲ့ ယဉ်ကျေးမှုတွေက အားနည်းတဲ့ယဉ်ကျေးမှုတွေကို ၀ါးမြိုလိုက်တာပဲ။ မြ၀တီက ကျန်ကျောင်းပေါင်ချိန် ပြတဲ့အချိန်မှာ အားလုံးသတိထားမိမှာပါ။ပွဲဈေးတန်းတွေ ဈေးပွဲတော်တွေ ဆီမှာ အရင်ကစစ်သူကြီးမဟာဗန္ဓုလမောက်တိုဦးထုပ်တွေ အစားကျန်ကျောင်းခေါင်း ပေါင်းတွေဝင်လာတာကိုလေ။ ငှက်ကြီးတောင်နေရာ တရုတ်ဓားဝင်လာတယ်။ အခုလည်း ကိုရီးယား လိုက်ဇေးရှင်းပြဿနာ အပျိုမလေးတွေ အရင်မက်မက်စက်စက်စားခဲ့တဲ့ လက်သုပ်စားရင် ခေတ်မမှီ ကိုရီးယားပဲခေါက်ဆွဲစားမှ ခေတ်မှီတယ်တဲ့။ ဒါတွေဟာ ဥပမာပြောတာပါ ဒီထက်ဆိုးတာတွေ အများကြီးပါ။ ဒါယဉ်ကျေးမှုအားဖြင့် နယ်ချဲ့တာပါပဲ။အမျိုးသားရေး နိုးကြားသင့်ပါပြီ။

ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ အတူစည်ပင်လာတာက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပါ။ဒီလုပ်ငန်းတွေက ယဉ်ကျေးမှု၊အနုပညာ၊အစားအသောက်၊ဒေသထွက်ကုန်၊ကမ်းခြေ နောက် လူသား စတာတွေကို ရောင်းကုန်တစ်ခုလိုရောင်းနေကြတယ်။ကျနော်တို.ပိုင်တဲ့ သဘာဝအရင်းအမြစ်တွေဟာ သက်ရှိတွေရဲ့ ဒေသခံတွေရဲ့ အကျိုးအတွက် နားလည်မှု၊ပေါင်းစည်းမှု ပျော်ရွှင်မှုနဲ့ငြိမ်းချမ်းရေးအတွက် အသုံးချရမယ့်အစား ဟော်တယ်တွေဆောက် ငါးတွေဖမ်း ပြီးအလွန်အကြုံသုံးစွဲကြတယ်။နောက် ဒေသခံတွေက အရေးကြီးတဲ့ သဘာဝသံယံဇာတတွေကို မစီမံနိုင်ရှာပဲ အ၀တ်လျှော်၊ စားပွဲထိုး၊ တက္ကစီမောင်း နောက်အလွန်ဆု့းဧည်လမ်းညွန် ဖြစ်နေကြတာ ရင်နာစရာပါ ခရီးသွားဒေသဖြစ်လို. နောက်စီပွားဖြစ် လိင်အလုပ်သမတွေပါပေါ်လာတယ်ဘယ်လိုတောင်းစားရမယ် ဆိုတာသိလာတယ်။ နောက်ကိုယ်ဒေသ ကိုယ်ရပ်ရွာဓလေ့တွေကို အထင်ကြီးကြတော့ဘူး လူတို.နိုင်ငံမှာက ဘယ်လိုဘယ်ညာဆိုပြီး ချီးမွမ်းခန်းဖွင့်ကြတော့မယ်။ကိုယ်ဒေသကို အထင်မကြီးတဲ့ရောဂါကို ဘယ်ဆေးမှတိုက်လို.မပျောက်ပါဘူး။အမျိုးသားရေး ကိုယ်ခံအားကျရောဂါပါ AIDS ထက်ဆိုးပါတယ်။

ဒီစနစ်ကြီးထဲမှာ ကျနော်တို.ဗုဒ္ဓဘာသာဝင်တစ်ဦးချင်းစီအနေနဲ့ တရားထိုင်တရားစာရွတ်နေရုံနဲ့မရပါဘူး။ ဗုဒ္ဓဟောကြားထားတဲ့ ခြိုးခြံရေးတရားတွေကို လူတွေကျင့်သုံးလာနိုင်အောင်လုပ်ရပါတယ်။ လူတစ်ဦးစီ တစ်ဦးကျ ကိုယ်တွင်းလောဘကိုစောင်ထိန်းမယ်ဆိုရင် စားသုံးသူပဓာနာဝါဒဟာကျဆုံးမှာအမှန်ပဲ။ ဒီလိုမှမဟုတ်ရင် အလွန်အကျွံသုံးစွဲခြင်း၊လောဘ၊ငွေကြေး တွေက ရိုက်ပုတ်ခြင်း ကြိုးဆွဲရာက ပြီး ဒုက္ခပင်လယ်ဝေပြီး သစ္စာတရားထက်ဝေးရာရောက်မှာအမှန်ပဲ။

ဒီတော့ ကျနော်တို.တွေပစ္စည်းဝယ်ရင်လိုအပ်တာပဲဝယ်ပါ။လိုချင်တာတွေ လျော့ချပါ။သဘာဝကိုချစ်ပါ သဘာဝနဲ့နေထိုင်ပါ။နောက်ဆုံးပြောချင်တာက ခြိုးခြံချွေတာတာ မင်္ဂလာတစ်ပါးဖြစ်သလို လောဘတွေနဲ့ကမ္ဘာကြီးကို အေးစေမယ်ရေတစ်ပါပဲဗျာ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s