မျှော်နေသူဘဝ

နှလုံသားကို နည်းနည်းစီ

ဖဲ့ဖဲ့ဆပ်နေရ

အများသူငါ မကြိုက်တဲ့စကားလုံးတွေ

ပေါင်းစပ်ထားတဲ့ငါ

အခုထိတော့

ခေါင်းမာမာနဲ့နေထိုင်နေတာ

အချစ်ဆိုတဲ့ဝိသေသတစ်ခုကြောင့်ပါ

မကြင်နာသူရေ။

မင်းထိုးစိုက်ခဲ့တဲ့ဒဏ်ရာနက်နက်

နာကျင်ခြင်းခပ်များများကနဲ့

ကံကြမ္မာကပါ အလိုတူအလိုပါ

ငါကိုပူပေါင်းလုပ်ကြံကြပြီ။

ဒီလိုလှည့်ကွက်ဆန်ဆန်ယန္တရားအောက်မှာ

ငါဘ၀ဆောက်တည်ရမရ

အမှောင်မှာအိမ်ပြန်မဲ့အကောင်တစ်ကောင်အတွက်

ဓာတ်မီးတိုင်တွေဖွင့်လိုက်ပါ။

မကြင်နာသူရေ

မင်းမေတ္တာတရားတွေကိုတွေလိမ့်နိုးနိုးနဲ့

ငါဝိညာဉ်ဟာ

လွတ်မြောက်ရာအရပ်တစ်ခုစီမျောပါပေါ့။

One thought on “မျှော်နေသူဘဝ

Leave a comment