ဘက်(စ်)စကားပေါ်မှာမက်တဲ့အိမ်မက်

ကျနော်က တက္ကစီ စီးသောလူတန်းစားမဟုတ်ပါ။ ဒါကြောင့် ဘက်(စ်)ကားစီးပါတယ်။ ဘာကြောင့် ဘက်(စ်)ကားစီးလဲဆိုတော့ တက္ကစီစီးစရာငွေပို ငွေလျှံမရှိလို့ ဖြစ် ပါတယ်။ အခုတလောတော့ အထူးဆိုတဲ့ကားများ ပေါ်လာတော့ အတော်ကောင်းပါတယ်။ အဆင်ပြေလှတယ် နောက်ပိုင်းတော့ အထူးကောင်းသော အထူးကားများမှာ ထုံးစံအတိုင်း အထူးကျပ်လာပါတယ်။ အထူးကြာလှပါတယ်။ ကျနော်တို.ဆီမှာ ဒီလိုပါပဲ Air-Con ကားတွေပေါ်ခါစက အတော်ဟုတ်တယ် နောက်ပိုင်း တော့ Air-Con မလွှတ်တော့ပဲ ဒုံရင်း အတိုင်းပဲပြန်ဖြစ်သွားတာပေါ့ဗျာ။ အခုအထူးကားများသည်လည်း နန်းတွင်းဒုံရင်း ဇာတ်တော်ကြီးကို အဆင်အလာမပျက် ထိန်းသိမ်းကြလေသည်။ ဂုဏ်ယူစရာကောင်းလေစွ။

အခုလည်းကျနော် ဘက်(စ်)ကားစီး ရတာပေါ့။ သွားစရာ ရှိတယ် ပပတို့ သိန်းစိုးတို. နဲ့တွေစရာရှိတယ်။ ကားစီးသွားတယ် ကားက အထူးကား ဘာထူးသလဲတော့မမေးနဲ့ အထူးကျပ် အထူးကြာ စသော ဂုဏ်ရည် တွေ နဲ့ပြည်စုံတဲ့ မဟာအထူးကားကြီးပါတကား စီးမိတာ မှားလေစွ။

အနှုီအထူးကားကြီးက နောက်ကားမလာသေးလို့ဆိုပြီး အလွန်ခိုင်လုံသော အကြောင်းပြချက်နဲ့ အရိမေတ္တယျ ဘုရားပွင့်မှ ကားထွက်မဲ့ ပုံစံဖြင့် လှည်းတန်းမှတ်တိုင်တွင် ကျောက်ချရပ်နားနေသည်။ ထိုကားအတွင်း ရှိသော ခရီးသည် သပ္ပူရိသနွယ်ဝင်များသည် ခန္ခီပါရမီကို ဖြည့်ကျင့်နေကြ သော်လည်း တချို့မှာ မကြားတကြားအသံဖြင့် “တကယ်တည်းမထွက်နိုင်သေးဘူးဒီမှာနောက်ကျနေပြီရှင့်” ဟုတစ်မျိုး “ဟေ့ကောင်တွေကားထွက်တော့ကွာ မထွက်ရင်တိုင်မှာနော်”ဟု တဖုံ တစ်ယောက်တစ်ပေါက် က ကားဆရာနဲ့စပယ်ယာကို ချီးကျုးထောပနာပြုကြနေသည်။ တစ်ယောက်တစ်ပေါက် ပြောကြသော်လည်း စပယ်ယာမှာ အလောင်းတော်တေမိမင်းကို အားကျအတုယူကာ တုံတိဘာဝေ နေလေ၏။

ပူကားပူ၏ ထိုကြောင့် ချွေးထွက်၏။လူကားကျပ်၏ ထိုကြောင့် အနံပေါင်းစုံကြီုင်လေ၏။Air-con မနိုင်မှန်ကားပိတ်ထား၏ ဒါကြောင့် အသတ်ရူကြပ်၏ ဘာနဲသွားတူလဲဆို တော့ ဒုတိကကမ္ဘာစစ်တုန်းက အိုက်ခမန်း၏ ဂျူးတွေ ဓာတ်ငွေ့လွတ်သော အခန်းနဲ့တူနေသည်။အော် ဘက်(စ်)ကားစီးသူ ဒုက္ခ မသေး လှပါ တကား။

ထိုပြဿနတွေကို ဖြေရှင်းမဲ့ သူပေါ်လာလေသည် ထိုသူရဲကောင်းကား လူအုပ်ကြား တိုးဝေ့ကာ စပယ်ယာ ဆီ သွားကာ ရဲ့ရင့်တည်ကြည်သော အသံဖြင့် “ကားထွက်မှာလား မထွက်ဘူးလား” လို.ပြတ်သား စွာပြောလိုက်လေသည် ထိုအခါစပယ်ယာက ညောင်နာနာအသံသေးအသံကြောင်ဖြင့်  “ခဏပါ အစ်ကိုရယ် နောက်ကားလာရင်ထွက်ပါမယ် အဲဒီကကြရင် ဘယ်မှတ်တိုင်မှမရပ်ပဲ မောင်းပါမယ်” ဟုပြောလေသည်။စပယ်ယာနဲ့ ညိုနှိုင်းလိုမရတော့တာသိသွားလို သူမ က“ခရီးသည်တွေထဲက ဒီကားကို အခုထွက်စေချင်တဲ့သူတွေ ခြေထောက်ဆောင့်ပါ”လို့အော်ပြောလိုက်လေသည်။ ခရီးသည်များက သူမရှိရာ ကိုကြည့်ပြီး အူကြောင်ကြောင် အလုပ်ပဲဟူတွေးထင်ကြသည်။ သူမထပ်အော်သည် ပထမဆုံးအမျိုးသား တစ်ယောက်က ခြေလိုက်ဆောင့်သည့်သူ နောက်နှစ်ယောက် သုံးယောက်ဖြစ်လာပြီး နောက်ပိုင်း၁၀ ယောက်ခန့်ရှိတဲ့အချိန်မှာ စပယ်ယာက ခြေမဆောင့်ပါနဲ့ နောက်ကားလာရင်ထွက်ပါမယ် လို.ပြောပေ့မဲ့ အခုထွက်မှာ ရပ်မယ်လို့ခရီးသည်တွေကပြန်ပြောပါကြပါတယ်။ နောက်ကားတစ်စီးလုံးက ခရီးသည်တွေပါ ခြေထောက်ဆောင့်ကြသည်။ တစ်ကားလုံး တစ်ဒုန်းဒုန်းနဲ့ပေါ့။ နောက်စပယ်ယာကော ဒရိုင်ဘာပါ နားမခံနိုင်တဲ့အဆုံး ကားထွက်သွားပါတော့သည်။

ကားထွက်တော့ ကျနော်ငိုက်နေရာမှာ နိုးသွားသည်။ ခရီးသည်တွေတစ်ယောက်မှ ခြေဆောင့်ခဲ့ဟန်မတူ ဒါဆိုအိမ်မက်ပေါ့။့

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s