ကျနော် တစ်ကိုယ်ကောင်းဆန်မိခြင်း

ကျနော်ကို သူငယ်ချင်းရာဇာက ဟေ့ကောင်မင်းကယားပြည်အကြောင်းရေးမယ်ဆိုပြီး အခုတိဘာလို.မရေးတာ လဲ လို.ပြောပါတယ်။အမှန်မှာ ကျနော်အပျင်းကြီးနေတာကြောင့် မရေးဖြစ်တာပါ။ အခုရေးပါတော့မယ်။ ရေးမယ် ဆိုပြီး မရေးဖြစ်တဲ့အတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်။

ကယားပြည်နယ်မှာ ကျနော် တစ်ကိုယ်ကောင်းဆန်မိဘူးတယ်ဗျ။

ကျနော်တို့ သွားတဲ့အချိန်က မေလလောက်ဆိုတော့ မိုးဦးကျလောက် တောင်သူတွေ စိုက်ပျီုးဖို့ မိုးမျှော်နေတဲ့ ကာလ ဒီနှစ်မှာ ဘာမှမစိုက်တဲ့ရန်ကုန်ကြတော့ မိုးတွေသဲသဲမဲမဲရွာပြီး စိုက်မဲ့ပျိုးမဲ့ နယ်ဒေသတွေကြတော့ မိုးနည်းနေတာ အားလုံးသိမှာပါ။ ကျနော် ဒီးမောဆို့မြို့နယ်ထဲက ၆မိုင်ဒေါကလိုခူ ရွာစဆင်းမဲ့နေပေါ့။ ကောင်းကင်မှာ မိုးတွေအုပ်မှိုင်းနေတယ်။ ကျနော်ရွာထဲဆင်းရင် တစ်အိမ်တက်တအိမ်ဆင်းသွားရမှာ ဆိုတော့ မိုးရွာရင်မဆင်မပြေလှဘူး နံနက်ထဲက မိုးမရွာပါစေနဲ့ဆုတောင်းနေတာ တကယ်လည်း ညနေအထိ မိုးမရွာဘူး ဒီလိုနဲ့ ညဖက် ကျေးရွာဥက္ကဌနဲ့ စကားလက်ဆုံကြတော့ ရွာမှာဘာစိုက်လဲ ဘယ်လိုစိုက်ကြလဲ မေးကြည့်တော့ သူက မိုးမရွာရင်တော့ ဒီနှစ်ပြောင်းဖူးတော့ပျက်ပြီ ဆရာလေးရယ်။ ဒီနှစ်မိုးအာကြီးခေါင်တယ် ကြက်ရိုးထိုးတော့ လည်း မိုးရွာမယ်ပဲပြောနေတယ်။ ဒါပေမယ်မရွာဘူး ပြောင်းပျက်ရင်တော့ ဒီနှစ်ရွာသားတွေ ဒုက္ခကောင်းကောင်း ရောက်ပြီ။ မျိုးစေ့တွေကအကြွေးယူထားတာလေ။ ပြောင်းအောင်အောင် မအောင်အောင် ပေးရမှာ မိုးမရွာတော့ခက်ပေါ့ဗျာ။ဒီလိုမျိုးဝေးဝေတစ်ခါ ဖြစ်တတ်တယ်ဗျ။

ကျနော်စိတ်မကောင်းပါ အဲဒီနေ့က ကျနော်ကွင်းဆင်းဖို့ အဆင်ပြေအောင် မိုးမရွာပါစေနဲ့ကြီးပဲ ဆုတောင်းနေမိတယ်။ မိုးမရွာရင် သူတို့တွေစားဝတ်နေရေးခက်ချေပြီ။ ကျနော်အတော်အတ္တကြီးတာပါလား ကျနော်လုပ်နေတဲ့ အလုပ်က ဒေသဖွံဖြိုးရေး အခုသူတို့ဒေသဖွံဖြိုးဖို့နေနေသာသာ သူတို့ဒုက္ခရောက်အောင် ကိုယ်အလုပ် အဆင်ပြေဖို့တစ်ခုလည်း ကြည့်မိပါလား။ဖွားဖွားကြီး ကျနော်ကို ဆုံးမသလို ဘို့တဘို့ထဲကြည်ရင် လူမဟုတ်ဘူးနွားတဲ့ ကျနော်နွားဖြစ်နေပြီ။ လူလို့နေပြီးနွားစိတ်မွေးနေမိပြီ။

နောက်နေ့လည်း ကွင်းရပါတယ်။ အရင်နေ့ကလို မိုးမရွာပါစေနဲ့ ဆုမတောင်းတော့ပါ။ မိုးရွာပါစေလို့သာ ဆုတောင်းပါတော့တယ်။ တိုက်ပဲတိုက်ဆိုင်တာလား ကျနော်ပါးစပ်စီးတာလားမသိ မိုးတွေရွာချပါတော့တယ်။ ကျနော်လည်းမိုးရွာနေပေမဲ့ ရွာရိုးကိုးပေါက်လျှောက်ပြီး စာရင်းကောက်ပါတော့တယ်။ လမ်းပေါ်မှာ ရွာသူ ရွာသားတွေ ပျော်ပျော်ပါးပါး မိုးရေထွက် ချိုးကြတယ်။ မိုးမရွာတာကြာတဲ့အခါမှာ မိုးရွာတာပျော်စရာပါ ကျနော်နောက်နေ့နှာစီးပါတယ်။ဒါပေမယ့်ကျနော်ပျော်တယ်။

ကိုယ့်ပတ်ဝန်းကျင်က လူတွေစိတ်ဆင်းရဲနေရင် ကိုယ်လည်းစိတ်ဆင်းရဲပါတယ် ကိုယ့်ပတ်ဝန်းကျင်က လူတွေပျော်နေရင် ကိုယ်လည်းပျော်တာပေါ့ ဗျာ။ကျနော်အဲဒီနေ့ရလိုက်တာ ဒါပါပဲ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s