ကျောက်တုံးနဲ့သဲပေါ်မှာ


တစ်ခါတုန်းက မောင်ဖြူနဲ့မောင်မဲအမည်ရှိတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကန္တာရခရီး တစ်ခုကို အတူသွား ကြတယ်။ လမ်းတစ်နရာမှာ နှစ်ယောက်သားအငြင်းပွားပြီးရန်ဖြစ်ကြတော့ မောင်မဲက မောင်ဖြူပါးကို ရိုက်လိုက်သတဲ့။ မောင်ဖြူက သူအရိုက်ခံခဲ့ရလို့ နာကြင်ပေမဲ့ စကားတစ်ခွန်းမှမပြောပဲ သဲပေါ်မှာ စာတစ်ကြောင်းချရေးလိုက်တယ်။ စာက “ဒီနေ့ငါ့အချစ်ဆုံးသူငယ်ချင်းက ငါကိုပါးရိုက်တယ်”ပေါ့။

နောက်ခရီး ရှေ့ဆက်ထွက်ကြတယ်။ သူတို့နှစ်ဦး အိုအေစစ်တစ်ခုကိုရောက်ရင်တော့ ရေချီုးကြမယ်လို့ သဘောတူထားကြတယ်။ အိုအေစစ်မရောက် မချင်းခရီးဆက်မယ် ရောက်မှားကြမယ်ပေါ့။ အိုအေစစ်နားရောက်ခါနီးမှာ မောင်ဖြူက ခလုတ်တိုကပြီး အနီးမှာရှိတဲ့ နွံအိုင်ကြီးထဲကျသွားတယ်။ ဆုံးဆုံးမမြူပ်ခင်မှာပဲ မောင်မဲက မောင်ဖြူကို ကယ်လိုက်နိုင်တယ်။ မောင်ဖြူလွတ်ရာကျွတ်ရာရောက်တော့ ကျေက်တုံးကြီးတစ်ခုဆီ သွားပြီး သူတွင်ပါလာတဲ့ဓားနဲ့ စာတစ်ကြောင်းထွင်းလိုက်တယ်။ “မောင်မဲက မနေ့ကငါ့မျက်နှာကိုရိုက်ခဲ့သော်လဲ ဒီနေ့ ငါအသက်ကိုကယ်လိုက်တယ်” ဆိုပြီးထွင်းထားလိုက်တယ်။

မောင်မဲက မောင်ဖြူအပြုအမှုတွေကို ထူးခြားတယ်ဆိုပြီးမေလိုက်တယ်။ “မင်းကိုငါပါးရိုက်လိုက်တုံးက မင်း သဲပေါ်မှာ စာချရေးတယ် အခုမင်းကိုငါကယ်လိုက်တော့ မင်းကျောက်တုံးပေါ်မှာ စာထွင်းတယ် ဘာကြောင့်လဲ” လို့မေးလိုက်တယ်။

မောင်ဖြူက “တစ်စုံတစ်ယောက်က မင်းကို နကျင်အောင် လုပ်ခဲ့မယ်ဆိုရင် ခွင့်လွတ်ခြင်းရဲ့ လေအဟုန် က နာကျငခြင်းကိုပယ်ပျက်ပေးလိမ်မယ် ဒါကြောင့် ငါရဲ့နာကျင်မှုတွေကို သဲပေါ်မှာချရေးတာ နောက်တစ်စုံတစ်ယောက်ကမင်းအပေါ်ကောင်ကျိုးရှိအောင်လုပ်ပေးခဲ့ရင် ကျောက်သားပေါ်မှာရေးမှတ် လိုက်ပါ ဘယ်လေပြင်းကမှ သူကျေးဇူးတွေကို မပယ်ပျကနိုင်ပါဘူးတဲ့ ” နောက်သူတို့သူငယ်ချင်း နှစ်ယောက် ခရီးဆုံးအထိလျှောက်ခဲ့ကြတယ်။ပုံပြင်လေးကတော့ ဒါပါပဲ

ကျနော်တို့လည်း သူတစ်ပါးလုပ်တဲ့နာကျင်မှုတွေကို သဲပြင်ပေါ်ချရေးပြီး ခွင့်လွတ်ခြင်း လေအဟုန်နဲ့ ပျောက်ကွယ်သွားပါစေ ကိုယ့်အပေါ်ရှိဘူးတဲ့ သူကျေးဇူးတွေ ကိုလည်း ဘယ်တော့မှမပျောက်ပျကနိုင်တဲ့ ကျောက်သားပေါ်အက္ခရာတင်ရအော်နော်။

ကတညုတာဆိုတဲ့ စိတ်ထားရေးမင်္ဂလာနဲ့ပြည်စုံတာ မင်္ဂလာရှိတာပဲ မဟုတ်လားခင်ဗျာ။

Ref: Stone and sand

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s