မေတ္တာများဖြင့်အေးမြစေ(ကိုဥဂ္ဂါ မွေးနေ့ဆုတောင်း)

မိန်းမသားဆိုတာ—အားနွဲ့ပါသတဲ့—

သေချာရဲ့လား ဟုတ်ရဲ့လားဟင်..။

 

ဖောင်သာစီးဘူး ၍ မီးမနေဘူးသူတို့ရဲ့ သတ်မှတ်ချက်

အထင်သက်သက် သာဖြစ်ပေ…လိမ့် …..။

 

နာကျင်မှုတွေ အဆုံးစွန်…

လျင်မြန်စွာ လွန်မြောက်ပါစေသား။

ခွန်အားဆိုတာ ကိုယ်တွင်းမှာသာရှိ။

ပြင်ပမှာလည်းရှိမနေ။

ချွေးစက်တွေက —ဇီးကင်းတမျှ

မျက်ရည်များလည်း မကျချင်။

လက်သီးဆုပ်ထား၊ မာန်တင်းထားပေါ့။

သတ္တိ သွေးတွေ…စွေးစွေးနီ..၊

ခိုင်ကျည် စိတ်ဓာတ်—-မြင့်မြတ်ပါစေ။

ဒါဟာ တိုက်ပွဲ—-ရဲရင့်ပါစေ။

သင့်ရဲ့ ဘဝသမိုင်း—– မရိုင်းစေနဲ့။

နူးညံ့ခြင်း မှာ စွမ်းအားရှိ ၊ ဘယ်သူအဖြေညှိချင်သလဲ..။

ကဲ—-အစွမ်းကုန် စုစည်း

ကြီးမြတ်တဲ့ သင့်မေတ္တာ နဲ့ သင်ကျော်ဖြတ်နိုင်မှာပါ..။

 

ဘာလေးလဲဟင်၊

အင်္ဂါစုံလား….ပေါင်ပြည့်လား နဲ့

မနားနိုင်ပါ။

သား—ဆိုပါ့လား၊

လျှပ်ပျက်သွားသလို….လင်းလက် စွာစီးဆင်း

ကရုဏာ မြစ်တစ်စင်း၊ ချစ်ခြင်းလှိုင်းထ

ခုဏ ဝေဒနာ သူမဟုတ်သလိုပါပဲ

ရင်ထဲက ပီတိ ၊ နှိုင်းပြစရာမရှိခဲ့တာ

အသေအချာမှတ်မိနေခဲ့တယ်။

 

သား–တဲ့

ဤမျှ အဓိပ္ပါယ်ပြည့်ဝသောစကား၊

အရင်က မသိခဲ့ မရှိခဲ့

အခုမှ သိ…ထိထိရှရှ–မိမိရရ

ကျန်တာဘာမှ အရေးမကြီး

ကျန်တာ ဘာမှ အဓိပ္ပါယ် မရှိ

ကျန်တာ ဘာမှ အဓိက မကျ..

ဒါသာလျင် ပဓာန တဲ့

ကျောက်ချ…ထုဆစ်

ရွှန်းသစ်သော မိခင်ဘဝ အဲဒီနေ့ကစတင်၊

သန့်စင်စွာ နိုးထ၊အရပ်ရှစ်မျက်နှာ မက—

လောကကို လည်းကြည့်ရဲ၊ မာနကိုလည်း လွှင့်ရဲ၊

ရဲတဲ့နေ့ တွေ ရှည်ခဲ့တယ်။

 

ရှာဖွေကြည့် ပါ၊

၃၂ ကောဋ္ဌာသ မှာ နို့ရည် ဆိုတာမပါဝင်

ဆင်ခြင်ဉာဏ် စိတ်သွင်း နော်…..ဖန်ဆင်းရှင် မရှိ

ပကတိ စွမ်းအားရှင်—–မိခင် ဖြစ်တယ် ကလေးရေ..။

 

ကြီးကျယ်သောမေတ္တာတရား

အရာရာအားပြောင်းလဲစေ၊

နီသောသွေးတွေ ဖွေးဖွေးဖြူခဲ့ ….။

နှိုင်းပြုစရာ ၊ ဥပမာဆောင်—

မြင့်မိုရ်တောင်ဟာ နွားချိုလောက်သာ ရှိပါသတဲ့။

မဟာသမုဒ္ဒရာဟာ ရေအိုင်ငယ် သဖွယ်တဲ့။

ကမ္ဘာမြေကြီး ဟာ ဝါးရွက်လောက်သာ ရှိသတဲ့ ။

 

တကယ်လို့များ

သားရဲ့အမေ၊ သည်အမေ ဟာ

တဏှာမြှေးယှက် ၊ မပေးရက်သူ။

ပေမ ငါးမျိုး ၊ မကိုးစားသူ။

မျှော်လင့်ချင်စိတ် ၊တိတ်တိတ် ဖြေသူ။

အလွမ်းမီးငြှိမ်း၊ သိမ်းဆည်းတတ်သူ။

သံယောဇဉ် မပါ၊ မေတ္တာဖြူစင်၊ ကြည်လင်ချင်သူ။

တာဝန်ကျေခြင်း၊ဝဋ်နှောင်ကင်း သူ။

ကျေးဇူးရှင် ဂုဏ်ပုဒ် ၊မဖေါ်ထုတ်ချင်သူ။

ဘဝဇာတ်ထုပ်၊ကကြိုးမရှုပ်လို၊

ဟိုအဝေးမှ အေးမြစေသူ။

ထိုထိုသူများ၊ ဖြစ်နေငြားလျှင်

မေတ္တာသည်ကား၊ မေတ္တာတရားအဖြစ်

ခံစား နားလည်

သားကျေနပ်မယ် ယုံကြည်တယ်။

(လွန်ခဲ့သော ၂၂နှစ် – (၁၃.၉.၁၉၈၇) သားကြီး ကိုဥဂ္ဂါ ဘဝထဲကိုရောက်ရှိခဲ့သော မွေးနေ့အမှတ်တရ အဖြစ်)

 

Advertisements

One thought on “မေတ္တာများဖြင့်အေးမြစေ(ကိုဥဂ္ဂါ မွေးနေ့ဆုတောင်း)

  1. မိဘမေတ္တာ လာရောက်ခံစားသွားပါတယ်…
    မယ်တော်ကြီးကို သတိရတယ်…
    ကျေးဇူးတွေကိုလည်း မြင်မိတယ်…
    ဘုန်းကြီးမှာ ကျေးဇူးတွေ ထပ်ပြီး ဆပ်ခွင့်တော့ မရနိုင်တော့ဘူး…
    မယ်တော်ကြီးကလည်း မရှိတော့ဘူး… ပြီးတော့…
     
    ဒကာဒကာမတို့မှာ အချိန်တွေ ရှိကြဦးမှာ မမေ့ကြပါနဲ့…
     
    ကျေးဇူးကြီးမားလှတဲ့ မိဘတွေအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ…
    ဒကာလေး မောင်ဥဂ္ဂါ ကိုယ်ရောစိတ်ပါ ချမ်းမြေ့ပါစေ…
    ဦးလောကနာထ
    ၉.၁၂.၂၀၀၉
     

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s