အလှူပြုပညာပေးဖျော်ဖြေရေး

ကျနော်တို့ ဗုဒ္ဓဘာသာလူငယ်လေးတွေ စုပြီး ၁၂၊၉၊၂၀၀၉ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာ မှာရှိတဲ့ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှာ ရှိတဲ့ကလေးတွေကို နေလည့်စာကျွေးကြပါတယ်။ နောက်နေ့၁၃ရက်ကကျနော်မွေးနေ့ဆိုတာလဲ ပါတယ်။ ဒီဟာကိုလုပ်ရ အောင်ဆိုပြီး စဆော်သြတာကတော့ ကျနော်တို့ သူငယ်ချင်းကြီး သိန်းစိုး(အလင်းအိမ်စာပေ)။ ကျနော်တို့လူငယ်တွေ အားလုံးက ရှိစုမဲ့စု မုန့်ဖိုးလေး လစာလေးတွေစုပြီး ကလေးတွေ အတွက်လှူကြတာပါ။ နောက် ကလေးတွေကို ပညာရောစပ်ဖျော်ဖြေရေး(Edutainment)လုပ်ကြပါတယ်။ သဘာဝပတ်ဝန်ကျင်းကို ချစ်တတ်အောင်၊ ဗုဒ္ဓယဉ်ကျေးမှုတွေကို ကလေးတွေ ပိုသိလာအောင်၊လုပ်ကြ တာပါ။ ကလေးတွေနဲ့ အတူကျနော်တို့ ကစားကြတယ် သီချင်းတွေဆိုကြတယ်။ ကျနော်လည်း ကျနော့်မွေးနေ့အထိမ်းအမှတ်နဲ့ လုပ်ဖြစ်သွားတော့ပျော်ပါတယ်။

ဒီအစီအဏဉ်လေးကို ကျနော်တို့ BYSD ကလုပ်ပေမဲ့ တခြားလူငယ်ဖွံဖြိုးရေး အဖွဲ့တွေက သူငယ်ချင်းတွေ က လည်းကူညီကြပါတယ် ပါဝင်ကြတဲ့ သူတွေကတော့ ကျနော်တို့BYSD ကဆိုရင် ပပ(BYP)၊သန်းစိုး (အလင်းအိမ်စာပေ)၊အောင်အောင်၊နောက်ကျနော်တို့ပါပါတယ်။ အစ်မကြီးမညိုမီ (လောကထ္ထစရိယ ဖောင်ဒေးရှင်း)ကတော့ မအားလပ်တာကြောင့် ဒီအစီစဉ်မှာ မပါလာခဲ့ဘူး။

ကျနော်တို့ BYSD ကမဟုတ်ပဲ လိုက်ပါကူညီကြတဲ့ သူများကတော့ ကလေးတွေကို တေးကဗျာလေးတွေ ပုံပြင်လေးတွေသင်ပေးတဲ့ မမိလေးနွယ်(ငြိမ်းဖောင်ဒေးရှင်း)၊မစန္ဒာ(IYCA)၊မသီရိကိုကို(BARS)၊ မှတ်တမ်း ဓာတ်ပုံ ဗီဒီယိုရိုက်ပေးတဲ့ ကိုနောင်နောင်း(Stand for all)၊ကိုစိုင်း( Stand for all) တို့က တတတ်တအား ၀ိုင်းကူညီကြပါတယ်။

ဒီကျောင်းမှာ ကလေးအယောက် ၈၀/၉၀ လောက်ရှိပါတယ်။ ဆရာက၂ယောက်ပဲရှိပါတယ်။ နောက်ဦးဇင်း နှစ်ပါးက လည်းကလေးတွေကို သင်ပေးတယ်ဆိုတော့ စုစုပေါင်းဆရာ ၄ယောက်ပဲရှိပါတယ်။ ဒီကျောင်းမှာ တတ်တဲ့ ကလေးတွေကတော့ အတန်းကျောင်းမတတ်နိုင်တဲ့ ကလေးတွေ ဆင်းရဲတဲ့ မိသားစုက ကလေးတွေများပါတယ်။ ကျနော်တို့ ဒီကျောင်းရောက်ရောက်ချင်း ကလေးတွေ ကိုနှုတ်ဆက်ကြတယ်။ နောက် သီချင်းတပုဒ်ကို ပပ ကသင်ပေးပြီး သီချင်းအတိုင်း သရုပ်ဖော်ကကြတယ် သိန်းစီုးကတော့ ဂီတာတီးပြီးအားဖြည့်တယ် နောက် ကစားနည်းတွေနဲ့ ပျော်ပျော်ပါးပါးကစားကြတယ်။ အားလုံးမြိုင်မြိုင် ဆိုင်ဆိုင်ပါပဲ။ ပြီးတော့ ကလေးတွေကို လူစုခွဲလိုက်တယ် ၃တန်း၎တန်း ကလေးတွေကို အောင်အောင် ကသဘာဝပတ်ဝန်းကျင်ကို ငယ်စဉ်တည်းက ထိန်းသိမ်းတတ်အောင် ပုံပြင်လေးတွေ ပြောပြပြီးသင်တယ်။ သူငယ်တန်း၊၁တန်း၊၂တန်း ကလေးတွေ ကို မမိလေးနဲ့ မစန္ဒာတို့က ကလေးကြိုက်ပုံပြင်တွေ ပြောပြကြ  တယ်။ နောက် ကျောင်းထိုင်ဆရာတော်ကို ဆွမ်းကပ် ကလေးတွေ ကိုထမင်းကျွေးကြတယ်။ ကလေးတွေ စားနေတာကို ကြည့်ပြီ ပီတိဖြစ်လိုက်တာဗျာ ကျနော်ဆို ထမင်းတောင်မဆာတော့ဘူး ပီတိကိုစားရင် တကယ်အားရှိတယ် ဆိုတာယုံပါပြီ။

ထမင်းစားပြီင်္း ခဏနားကြတယ် နောက် မအိမ်ချင်အောင် ကစားကြတယ်။နောက် အကောင်းမြင်စိတ်လေး တွေ ငယ်ဏဉ်ထဲက မွေးကြအောင် သီချင်းလေး သင်ပေးလိုက်တယ်။ ပပနဲ့ ကျနော်က အမူအရာလိုက်လုပ်ကြတာပေါ့ဗျာ။ ကျနော်သတိရမိသေးတယ် သဗ္ဘူလကိုလေ သူဆိုရင် အတော်တော် ပျော်မှာလေ။ နောက် ကိုစိုင်းက ကင်မရာကို ခဏချပြီး ကေးတွေရဲ့ ဘ၀ရည်မှန်းချက်တွေ ကို ဖော်ထုတ်ကြတယ်။ ပပကလည်းဝိုင်းကူကြပါတယ်။ ကလေးတွေ ကကျနော်တို့ ထက် လိမ်မာကြတယ် ဘာလုပ်ချင်လည်းမေးတော့ မိဘကိုလုပ်ကျွေးချင်တယ်တဲ့ ဘယ်လောက်လိမ်မာလိုက်တဲ့ ကလေးတွေလဲ ဒါပြီးတော့ ကျနော်တို့ တွေပြန်ကြတယ်။ ဒီနေ့ကျနော်တို့အားလုံး တကယ်ပင်ပန်းသလို တကယ်ပျော်ကြ တယ်ဗျ။ နောက်လည်း အလှူမျိုးလေးတွေဆက်လုပ်သွားအုံးမယ်ဗျာ။

ဒီငါးဆူတောင်က ဘကကျောင်းကို ရွှေးရတာတော့ ကျနော်တို့နဲ့ နီးနီးနားနားမှာ ကတယ်လိုအပ်တဲ့ နေရာတွေကို ကူညီပေးချင်လို့ပါ။ ကျနော်တို့ ဒီလိုလုပ်တာ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်က အစ်မကြီးမညိုမီမွေးနေ့မှာပါ အခုတော့ ကျနော်မွေးနေ့မှာပေါ့။ ကျနော်ချစ်တဲ့ ဖွံဖြိုးရေးရဲဘော်ရဲဘက်တွေ နဲ့အတူ ကလေးတွေနဲ့ အတူပညာပေး သီချင်းတွေ ကစားနည်းတွေနဲ့ ပျော်ပျော်ပါးပါး ကစားရတာ သီဆိုရတာ ကတယ်ပျော်ပါတယ်။ နောက်လ ရောက်ရင်တော့ ကထိန်သင်္ကန်းကို ဗုဒ္ဓအလိုကျ ပကာသနမဖက်ပဲ ထေရ၀ါဒနည်းလမ်းတကျ ကပ်လှူဖို့စီစဉ်ထားပါတယ်။

Advertisements

One thought on “အလှူပြုပညာပေးဖျော်ဖြေရေး

  1. ၀မ်းသာတယ်ဒကာလေးရေ…
    ရှိတဲ့စွမ်းအားတွေကို
    အစွမ်းကုန်အသုံးချနေတဲ့
    ဒကာလေးမောင်ဥဂ္ဂါကို
    မွေးနေ့လက်ဆောင်အဖြစ်
    အကြိမ်များစွာ သာဓုခေါ်ပါတယ်…
    ဒါပြီးတော့ ကျနော်တို့ တွေးပြန်ကြတယ်…

    ဒါကိုလည်း နှစ်သက်သဘောကျသွားတယ်…
    မိသားစုစိတ်ချမ်းသာကြပါစေ
    ဦးလောကနာထ
    ၉.၁၅.၂၀၀၉

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s