Happy Birthday မှ Happy Death Day

ကျနော် ၂၂နှစ် တိတိပြည့်ပါပြီ ဘာရေးရမလဲ စဉ်းစားမိတယ်။ ကျနော်မွေးနေ့မတိုင်မီတရက်က ကျနော်တို့ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှာ အလှူသွားလုပ်ကြတယ်။ နောက် ကျနော်ွေးနေ့ နေလည်ရောက်မှ ရန်ကုန်ကို ရောက်ဖြစ်ပါတယ်။ ရန်ကုန်ရောက်ရောက်ချင်းပဲ အင်တာနက်ဆိုင်ကို ပြေးတယ် ဘယ်သူတွေငါဆီ မွေးနေ့ဆုတောင်းပေးမလဲပေါ့ မေမေက ကဗျာတပုဒ်ရေး ပြီးတင်ပေး ထားတယ်။ နောက်တွေ့ပါတယ် ကျနော်ဝင်ထားတဲ့ ဖိုရမ်တွေက စာတွေ နောက်ကိုသားဖြိုး က မွေးနေ့ပါဆိုပြီး ဂျီတော့က နှုတ်ဆက်တယ် ကျနော်စိတ်မချမ်းသာသွားဘူး ကျနော်မျှော်တဲ့သူဆီက စာတကြောင်းမှ မလာဘူး။ ညနေကတော့ ကျနော်တို့ BYSD မောင်နှမများနဲ့ပဲ အချိန်ကုန်စေ လိုက်ပါတယ်။ နောက် ကျနော်ဆရာတစ်ယာက်ကို တွေ့တယ် ဆရာဒီနေ့ ကျနော်မွေးနေ့သိလားလို့ ပြောလိုက်ပါတယ်။ ဆရာကလက်ဆွဲနှုတ်ဆက်ပြီး ဟုတ်လား Happy Birthday ပါ ကိုဥဂ္ဂါ Happy death day လို့ ပြောနိုင်အောင် ကြိုးစားပြီး ပြီလားတဲ့။ ကျနော်ကြောင်သွားတယ်။ ကျနော် အခုသေမယ်ဆို သေနိုင်ပြီလား။ ပျော်ပျော်ကြီးကို သေနိုင်ပြီလား မသေနိုင်သေးလိုထင်ပါတယ်။ နောက် အသက်ရှင်တာ ဘာအဓိပ္ပာယ်လဲ စဉ်းစားမိပြန်ပါတယ်။ ကျနော် ကြောင့်စိတ်ဆင်းရဲခဲ့ ရတဲ့သူတွေ ရှိခဲ့တယ်၊ ဒုက္ခရောက်သူတွေလည်း ရှိတယ်။ ကျနော် အသက်ရှင်သန်နေထိုင်မှုဟာ သန့်စင်လိုလား ကျနော်ကိုယ်ကျနော် သံသယရှိပါတယ်။

မန္တလေးက ကျနော်စကားမပြောတော့တဲ့ ကျနော်သူငယ်ချင်း တယောက်က ကျနော်ကို ပစ်ပစ်ခါခါ တစ်ခါပြောဖူးပါတယ်။ သူက ကျနော်ကို တခုခုပြောရင် ကျနော်က ငါသိတယ် ငါတတ်တယ်လို ခဏခဏပြောလို့ သူက ကျနော်ကို ဥဂ္ဂါနင့်က ဘုန်းကြီးတစ္ဆော ကျွတ်မှာ မဟုတ်ဘူးတဲ့။ သူဒီလိုပြောလိုက်တော့ ကျနော်လည်း အနာပေါ်တုပ်ကျသလို ဆတ်ဆတ်ခါနာခဲ့ဖူးပါတယ်။ နောက် မန္တလေးကနေ ရန်ကုန်ရောက်တော့လည်း အစည်းဝေးတစ်ခုမှာ နာမည်မတပ်ပဲ တစ်ခါ အပြောခံခဲ့ ရဘူးပါတယ်။ ဖတ်ထားတဲ့ စာအုပ်တည်းက စာတွေရွှတ်ပြပြီ လူထွင်ကျယ်မဟုတ်ပါနဲ့တဲ့ နာမည်မတပ်ပေ မဲ့ ကျနော်ကိုပြော မှန်းလူတိုင်းသိကြပါတယ်။ အပြောခံရတာ များတော့ မှတ်လောက်သားလောက် ရှိလာပါပြီ။

မညာတိုင်းပြောရရင် ကျနော်ရဲရဲဝံ၀ံ မသေရဲပါ။ ကျနော်အသက်ရှင်မှုဟာ မသန်ရှင်းမစင်ကြယ်ပါ။ ကျနော် လောကအကျိုးသယ်ပိုးပါလို့ ပြောနပေမဲ့ ကျနော်ကိုယ်တိုင် လောကအတွက် ကိုယ့်ကိုကိုယ့် မစွန့်လွတ်နိုင်ပါဘူး။ ဆရာဦးရွှေအောင် စကားနဲ့ပြောရရင် အသိနဲ့ အကျင့်တတပ်တည်းမကျ ဟာ ဓမ္မကိုသစ္စာဖောက်တာပဲတဲ့ ဒါဆိုရင် ကျနော်ပြောထားသလို တွေးထားသလိုမကျင့်နိုင်ခဲ့တဲ့ တွက် ကျနော် ဓမ္မကိုသစ္စာဖောက်မိပါပြီ။ ဓမ္မကို သစ္စာဖောက်မိသူရဲ့လမ်းကြောင်း ဟာ အပယ်ပဲဖြစ်မှာပါ။ ဒါကြောင့် အခုသေရင် ကျနော်အပယ်လားမှာပါ ဆရာပြောသလို Happy Death day  မအော်နိုင်သေးပါဘူး။

မန္တလေး ပံသုစန္ဒာ ပန်းချီသင်တန်းမှာ င်တန်းတက်တုန်းက ကျနော့်ဆရာ ဦးခင်မောင်စီုး က ကျနော်ကို ဆုံးမဖူးပါတယ်။

ကိုယ်ညံ ညံမှန်းသိ လူမိုက်ပညာရှိ

ကိုယ်တော်တော်မှန်းသိ တကယ်ပညာရှိ

ညံရက်ကယ်နဲ့တော်တယ်ထင် ညံမြဲ ညံမည်ပင် တဲ့

ဆရာသင်ပေး ဆုံးမဖူးတဲ့ ကဗျာလေးပါ ။ကျနော်လူညံပါ အခုညံမှန်း သိပါပြီ လူမိုက်ပညာရှိ ဖြစ်အောင်လုပ်ပါမယ်။ နောက် တွေးပြောလုပ်တဲ့ ကံ၃ပါးလုံး တတပ်တည်းကျအောင် ကြိုးစားပါတော့မယ်။ တစ်နေ့ကြရင် တော့ဆရာကို ကျနော် Happy Death Day လို့ ကိုယ်သေတဲ့အခါ ရဲရဲကြီးပြောနိုင် အောင်ကြိုးစားပါတော့မယ် ခင်ဗျာ။

Happy Birthday လို့ပြောနိုင်တာထက် Happy Death Day လို့ပြောနိုင်ဖို့ပို အရေးကြီးပါတယ်။

Advertisements

One thought on “Happy Birthday မှ Happy Death Day

  1. ကျွန်တော် ZOX ပါ ကိုဥက္ကာ။ MMgenius ရဲ့ ရေးဖော်ပါပဲ။ အစ်ကို့ မွေးနေ့အတွက် သတင်းကောင်း ပျော်စရာလေး ပေးချင်ပါတယ်။ mmgenius ရဲ့ Fully Access ပေးမယ့် အစီအစဉ်ကိုတော့ သိပြီးသွားပြီ ထင်ပါတယ်။ မသိသေးရင် http://mmgenius.com မှာ ဖတ်ကြည့်လိုက်ပါဦး။ ကျွန်တော် ပျော်စရာသတင်းပေးချင်တယ် ဆိုတာက mmgenius admin တွေဘက်ကနေပြီး မေတ္တာလက်ဆောင် အနေနဲ့ free Fully Access ကို mmgenius မှာ တစိုက်မတ်မတ်ရေးနေတဲ့ သူအနည်းငယ်ကို စိစစ်ပြီး ပေးမှာဖြစ်ပါတယ်။ Vote နဲ့ ပေးမှာကတော့ တပိုင်းပေါ့။ အဲဒီ Free Fully Access ပေးမယ့်သူတွေ စာရင်းမှာ အစ်ကို ပါပါတယ်။ ၄၊ ၅ ယောက်လောက်ပါပဲ။ ကိုဘလက် Admin ကြီးက သတင်းကောင်းပါးခိုင်းလို့ပါ။ မုန့်ဝယ်ကျွေးရမယ်နော်။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s