နာမ်ပိုင်းဆိုင်ရာစားသုံးသူပဓာန၀ါဒ

လာပြန်ပြီလား ဒီစားသုံးသူဝါဒ လို့တော့မပြောလိုက်ပါနဲ့ဗျာ။ တကယ် အရေးကြီးလို့ ပြောနေတာပါ။ ကျနော်တို့တွေ သတိရှိရင် အသိရှိရင် ဘာလာလာကြောက်စရာ မလိုပါဘူး။ အခုဟာလည်း သတိရှိဖို့ အသိရှိဖို့ ပြောနေရတာပါ။ ဆရာကြီးလုပ်တယ်လည်း မထင်ပါနဲ့ဗျာ။ သိထားတာလေးတွေ ဝေမျှရုံ သက် သက်ပါ။

ကျနော်တို့ ရန်ကုန်က ရွှေတိဂုံဘုရားကိုသွားလိုက်ပါ စောင်းတန်းတိုင်းတက်သွားလိုက် ဈေးသည်တွေ ဈေးရောင်းနေတာကို တွေ့မှာပါ ရွှေတိဂုံရောက်သူတိုင်းမြင်ဖူးကြမှာပါ။ ဗေဒင်ယတြာအဆောင် ပစ္စည်း တွေ ဆင်းတုတော်တွေ ပုတီးတွေ မင်္ဂလာရှိတယ်ဆိုတဲ့ ပစ္စည်းတွေ အများကြီးရောင်းချနေပါတယ်။ ဒါ မထူးခြားပါဘူး ယနေ့ခေတ် ကိုးကွယ်ယုံကြည်မှုဟာ မင်္ဂလာရှိတဲ့ အတိတ်ကောင်းနမိတ်ကောင်း အရာ တွေကို ၀ယ်ယူကိုးကွယ်နေကြတာ ထူးခြားတာ။ ကိုးကွယ်ယုံကြည်မှုဆိုတာ ဘာသာတရားရဲ့ သွန် သင် ဆုံးမတဲ့အချက်တွေကို လက်တွေ့ဘ၀မှာ အသုံးချတာပဲမှတ်လား အခုတော့ဒီလိုမဟုတ်ပဲ အထွဋ် အမြတ် ပစ္စည်းတွေကို ဘယ်လောက်ဝယ်ယူနိုင်သလဲဆိုတာနဲ့ တိုင်းတာနေကြပါတယ်။ သူဘုရားခန်း ကိုယ့်ဘုရား ခန်း ယှဉ်ပြိုင်နေတာမျိုးဟာ ဗုဒ္ဓအလိုကျဟုတ်လိုလား။ ကျနော်တို့ စောကြောသင်ပါ့ပြီ။ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်က ၀ိပဿနာအားထုတ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုတာဟာ ဗုဒ္ဓကိုအမြတ်ဆုံးပူဇော်နည်း ပဲလို့ ဟောကြားဘူးပါတယ်။ ကျနော်တို့တွေက ဗုဒ္ဓဘာသာဝင်တွေလို့ပြောပြီး ရုပ်ဝတ္ထုအားကိုးနဲ့ ငြိမ်း အေးမှု ကိုရှာဖွေနေတာ နည်းလမ်ကျရဲ့လား။ တောင်မြို့ဆရာတော်ကြီးရေးတဲ့ အနာဂတ်သာသနာရေး ထဲမှာ ဘုရားကိုဆင်းတုတော်ကွယ်တယ်လို့ ရေးသားဆုံးမဖူးပါတယ်။ တကယ်လွတ်မြောက်ရာ ချမ်းသာကို ပေးစွမ်းနိုင်တာ ကျနော်တို့ ခန္ဓာထဲမှာပါ။ တခြားအပြင်မှာ မရှိပါဘူး။

ဘာသာတရားကို ဗန်းပြပြီး စီပွားရေးသမားတွေကလည်း အဆောင်အမျိုးမျိုး  ပုံကားချပ်အဖုံဖုံ ရောင်းချ နေပါတယ်။ ၀ယ်ယူတဲ့သူကလည်းဝယ်ပါတယ်။ ဒီလိုဝယ်ယူသုံးစွဲတာဟာ တရားဓမ္မကို သိရှိနားလည်မှု တိုးပွားဖို့ မဟုတ်ပါဘူး ဂုဏ်တုဂုဏ်ပြိုင်တွေဖြစ်လာပါတယ်။ ဘာသာရေးကို လက်တွေ့ကျင့်သုံးရေးထက် ၀ယ်ယူ သုံးစွဲဖို့ ပိုစောင်းပေးနေကြတာ ၀မ်းနည်းစရာပါ။ ပိုဆိုးတာက ဘာသာတရားတကယ်ကိုင်းရှိုင်းတဲ့ သူတွေ ကပါ ၀ယ်ယူဖို့ စိတ်ထက်သန်နေကြပါပြီ။ ကျနော်တို့တွေဟာ ရုပ်ပိုင်းကို အမှီအခိုပြုလွန်းတော့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေလျော့ကျလာပါပြီ။ တစ်နေ့က ဂျာနယ်တစ်စောင်မှာ မင်းသားတစ်ယောက်က ဆံပင်ပုံစံပြောင်း လိုက်ရလို့ ကိုယ့်ကိုကိုယ်ယုံကြည်မှု တိုးပွားလာတယ်တဲ့ ကိုယ့်ကိုကိုယ် ယုံကြည်တာ ဆံပင်ပုံစံနဲ့ဘယ်လိုပတ်သက်ပါသလဲ။ ဒီကတည်းက ကိုယ်ကိုကိုယ် မယုံကြည်တာ သိသာပါတယ်။

ဒီလိုဝယ်ယူစားသုံးတာနဲ့ ကျနော်တို့စိတ်တွေ လုံခြုံသွားမှာလား ယုံကြည်မှုတိုးပွားလာမှာလား။ လုံခြုံ သွားမယ် ဆိုရင်လည်း ဒါဟာ လုပ်ယူတဲ့လုံခြုံမှုမျိုးပါပဲ။ ဘာသာရေးဟာ အဆင်သင် စားသုံးလို့ ရတဲ့ ခေါက်ဆွဲခြောက်ထုပ် မဟုတ်ပါဘူး ဒါကို အဆင်တင့် စာသုံးလို့ရတဲ့ ခေါက်ဆွဲခြောက်ထုပ်လို့ ကော်ဖီမစ်ထုပ်လို ဖြစ်အောင်လုပ်ပေးတာ စားသုံးသူပဓာန၀ါဒက မျက်လှည့်ပြလိုက်ခြင်းပါ။ ပုံတော်တွေ ရုပ်ထုတွေ အဆောင်လက်ဖွဲ့တွေ ၀ယ်ယူလိုက်တာနဲ့  ကျနော်တို့ စိတ်မငြိမ်းချမ်းနိုင်ပါဘူး။

ကျနော်တို့တွေ အားလုံး စာသုံးသူပဓာန၀ါဒအောက်မှာ ပြားပြားမှောက်နေပါပြီ နစ်မွန်းနေကြပါပြီ။ ဘယ်လို့နစ်မွန်းလဲဆိုတော့ ပစ္စည်းတစ်ခုဝယ်ယူမယ့်အခါ နှောက်နှေးသံသယမရှိပဲ ၀ယ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းအပေါ် အာရုံစူးစိုက်လွန်းလို့ပါ ဒီပစ္စည်းတစ်ခုကို မ၀ယ်ယူပဲနေမယ်ဆို သောကတွေ ဖိစီးလာမှာပါ။ ဒီပစ္စည်းလေးတွေကို ပဲမ၀ယ်ရမနေနိုင်ဖြစ် လောဘတွေကြောင့် မဟုတ်တဲ့ နည်းလမ်း တွေနဲ့ ငွေရှာ ဒါနဲ့ပဲ ဒုစရိုက်မှုတွေတိုးပွားလာတာပေါ့။ ပိုပိုပြီးဝယ်ရလေလေ လူတွေ ပိုစိတ်ချမ်းသာလေ ပျော်ရွှင်မှုပိုရလေ လိုထင်နေကြပြီး ပြဿနာရပ်တွေကို ရုပ်ဝတ္ထုကဖြေရှင်းနိုင်တယ် လို့ထင်နေကြတယ်။

ဝနေလား ပိန်ဆေးစား၊ လူတွေရဲ့လေးစားမှုရဖို့ ဘာကုတ်အင်္ကျီ် ၀တ်ကြစို့၊ အသားမဲနေလား ဖြူနှချောစေတဲ့ မိတ်ကပ်လေးကို လိမ်းလိုက်ပါ ၀ိုင်းဝိုင်းလည်သွားမယ်။ ဒီလိုကြော်ငြာတွေက လည်း ၀ယ်ချင်စိတ် ဖြစ်လာအောင် ဆွပေးနေတတ်တယ်။ တကယ်ကော ကျနော်တို့ ဘ၀တွေဟာ ၀ယ်ယူမှ လုံခြုံစိတ်ချရမှာလား ရန်သူမျိုးငါးပါးကို ဒီင်္ပစ္စည်းတွေက ကာကွယ်နိုင်မှာလား အိုနာသေ ကိုကော ဖြေပျောက်စေမှာလား ကိုယ်ဖာသာစဉ်စားကြည့်ပေါ့ဗျာ။ ကျနော်တို့တွေ ပိုက်ဆံပေးပြီး အလိမ်ခံနေတာနဲ့ မတူဘူးလား။

လူတစ်ယောက်က စားသုံးသူပဓာန၀ါဒဆီ အပ်နုံလိုက်တာနဲ့ ငြိမ်းချမ်းခြင်း လွတ်မြောက်ခြင်း တွေရရှိဖို့ ခက်ခဲမှာအမှန်ပဲ ကိုယ်ကိုကိုယ် ပြန်မြင်တွေနိုင်ဖို့ကို စားသုံးသူပဓာန၀ါဒက ပိတ်ကာထားတယ်လေ။ ဘ၀ရဲ့ ပြည်စုံမှုဟာ လောဘရှိနေသမျှ မရနိုင်ပါဘူး။ ရုပ်ဝတ္ထုတွေကို ၀ယ်ယူခြင်းရနေလဲမရနိုင်ပါဘူး။ အတ္တကို ဖယ်ခွာပြီး ကိုယ်ကိုကိုယ်အမှန်တိုင်းသိမြင်ပြီး လောဘမောဟဒေါသတွေ ကင်းမှသာ အခုဘ၀ကောနောင် သံသရာမှာမှာပါ ပြည်စုံသွားမှာပါ။

Ref:    Spiritual Materialism and Consumerism by Phra Paisam Vialom Seed of Peace Journal 9/1998

2 thoughts on “နာမ်ပိုင်းဆိုင်ရာစားသုံးသူပဓာန၀ါဒ

  1. လူတစ်ယောက်က စားသုံးသူပဓာန၀ါဒဆီ အပ်နုံလိုက်တာနဲ့ ငြိမ်းချမ်းခြင်း လွတ်မြောက်ခြင်း တွေရရှိဖို့ ခက်ခဲမှာအမှန်ပဲ ကိုယ်ကိုကိုယ် ပြန်မြင်တွေနိုင်ဖို့ကို စားသုံးသူပဓာန၀ါဒက ပိတ်ကာထားတယ်လေ။ ဘ၀ရဲ့ ပြည်စုံမှုဟာ လောဘရှိနေသမျှ မရနိုင်ပါဘူး။ ရုပ်ဝတ္ထုတွေကို ၀ယ်ယူခြင်းရနေလဲမရနိုင်ပါဘူး။ အတ္တကို ဖယ်ခွာပြီး ကိုယ်ကိုကိုယ်အမှန်တိုင်းသိမြင်ပြီး လောဘမောဟဒေါသတွေ ကင်းမှသာ အခုဘ၀ကောနောင် သံသရာမှာမှာပါ ပြည်စုံသွားမှာပါ။

    Like

Leave a comment