မြန်မာကလေးကဗျာ၊ကလေးသီချင်းသမိုင်း

ကျနော်တို့ မြန်မာပြည်စာပေသမိုင်းမှာ ကလေးကဗျာ နေရာသိပ်မရခဲ့ပါဘူး။ ၁၉ရာစု ၂၀ရာစုအတွင်း ကလေးကဗျာဆိုပြီး သတ်သတ်မှတ်မှတ် များများစားစား မရှိခဲ့ပါဘူး။ ၂၀ရာစုအလယ်ပိုင်းလောက်မှ ကလေးကဗျာမှတ်တိုင်တစ်ခု ဆိုက်ထူနိုင်ခဲ့ပါတယ်။ ဒါကတော့ဆရာကြီးမင်းသုဝဏ်ရဲ့ မောင်ခွေးဖို့ကဗျာများ ဖြစ်ပါတယ်။ နောက်ပိုင်းဒေါက်တာမောင်ဖြူးရဲ့ ကလေးစာပေ၊ ဆရာတင်မိုးရဲ့ ကလေးကဗျာတွေ ပေါ်ထွက်လာပါတယ်။ အဲဒီနောက်ပိုင်းမှာ ကလေးကဗျားတွေ ကလေးသီချင်းတွေ အလျှိုလျှိုပေါ်ထွက်လာပါတယ်။ ယနေ့ခေတ်မှာတော့ ကလေးကဗျာတွေ သီချင်းတွေ များပြားလာသော်လည်း ကလေးသူငယ်များကြား ပျံနုံမှုနည်းနေပါသေးတယ်။

ကျနော်တို့ဗမာလူမျိုးတွေရဲ့ အစဉ်အလာရ ကလေးတွေကို နေရာပေးတာမျိုး လေးစားတန်ဖိုးထားတာမျိုး သိပ်မရှိလောက်ပါဘူး။ အစဉ်အလာအရ ကလေးတွေ က လူကြီးတွေကို လေးစားရတယ်။ လူကြီးစကားကို နားထောင်လိုက်နာရတယ် ဒီလိုမှ လိမ္မာတယ်လို့ အယူရှိကြတယ်မလား။ မှားမယ်ဆိုကလေးတေ၊ွ အမြဲမှန် တာလူကြီးတွေပေါ့။ ဒီလိုအတွေးအခေါ်အယူအဆတွေကြောင့် ကလေးစာပေဟာ ဖွံဖြိုးသင့်သလောက် မဖွံဖြိုးခဲ့ပါဘူး။

ဗမာကလေးတွေ ငယ်စဉ်မှာ ရွတ်ဆိုရ၊သီဆိုရမလွယ်ကူတဲ့ ဆုံးမစာတွေ ပျို့တွေ သင်ယူခဲ့ကြရတယ်။ ကလေးတွေ ဥာဏ်ပညာဖွံဖြိုးဖို့ သီဆိုလွယ်ကူတဲ့ကဗျာတွေ စာတွေ မရှိခဲ့ကြဘူး။

ကျနော်တို့တွေမှာ ကလေးတွေ ဥာဏ်ပညာဖွံဖြိုးစေနိုင်တဲ့ ကလေးကဗျာတွေ ဖွံဖြိုးတိုးတက်ဖို့ ကလေးသူငယ်ကြား များများစားစားပြန်နှံ့ဖို့ လုပ်ဆောင်ဖို့ ကောင်းနေပါပြီ။

မြန်မာပြည်မှာရှိတဲ့ ကလေးကဗျာကို အမျိုးအစားခွဲကြည့်မယ်ဆိုရင်

ကလေးချော့တေး(သားချော့တေး)

ကစားချင်း(ကစားတဲ့အခါမှာဆိုလေ့ရှိတဲ့ ကလေးသီချင်း)

ကလေးကဗျာ

လူကြီးမဆိုတဲ့ ကလေးသီချင်း

ကလေးဆိုတဲ့ လူကြီးသီချင်းတွေ ဆိုပြီးရှိပါတယ်။

ဆက်ရန်ရှိသေးသည်…………….

မြန်မာသားချော့တေးများ

မြန်မာ ကလေးကစားချင်းတေးများ

Advertisements

2 thoughts on “မြန်မာကလေးကဗျာ၊ကလေးသီချင်းသမိုင်း

  1. မောင်ဥက္ကာ- ကလေး မြေအောက်တေး တွေအကြောင်း ပြောသွားလို့..လာ လည်ပါတယ်။ အဆင်ပြေ သလို..ယူသုံး လို့ရပါတယ်။
    ဟုတ်တယ်..ကလေး ကဗျာတွေက..စိတ်ဝင်စားစရာတွေ အများကြီး ကျန်သေးတယ်။

    ခင်မင်စွာဖြင့်-

    Like

  2. ဒကာလေးမောင်ဥဂ္ဂါရေ…
    ကိုယ်စိတ်နှစ်ပါး မျှတပါစေ…
    <a> ((လူကြီးစကားကို နားထောင်လိုက်နာရတယ် ဒီလိုမှ လိမ္မာတယ်လို့ အယူရှိကြတယ်မလား။)) </a>
    မှန်ကန်စွာ ဆုံးမတဲ့လူကြီးရဲ့ စကားဆို လိုက်နာမယ်…
    မှန်ကန်စွာ မဆုံးမသူလူကြီးရဲ့ စကားဆို မလိုက်နာဘူး…
    ဘုန်းကြီးကတော့ ဒီလိုသတ်မှတ်ထားပါတယ်…
    ဒါပေမဲ့…
    မိမိမှာ အမှန်အမှားဆုံးဖြတ်နိုင်တဲ့ စွမ်းရည်တော့ ရှိဖို့လိုပါတယ်…
    ကလေးဆိုတဲ့နေရာမှာ အရွယ်မျိုးစုံပါနေတော့ စဉ်းစားဖွယ်ရာရှိပါတယ်…
    <a>((မှားမယ်ဆိုကလေးတွေ၊ အမြဲမှန်တာ လူကြီးတွေပေါ့။))</a>
    ဒီလိုတွေးခေါ်နေတဲ့ လူကြီးတွေဟာ အသိဉာဏ် မပြည့်ဝသေးတဲ့…
    အသက်သာကြီးလာတဲ့ လူကြီးတွေလို့ ထင်မိပါတယ်…
    အသိဉာဏ်ပြည့်စုံတဲ့ လူကြီးတွေကတော့…
    လူငယ်တွေရဲ့ အယူအဆ အတွေးအခေါ်တွေကို ထည့်သွင်းစဉ်းစားကြပါတယ်…
    ထည့်သွင်း စဉ်းစားပေးဖို့လည်း ဒီနေရာက တိုက်တွန်းပါတယ်…
    လူထုအကျိုးပြုစာပေတွေအတွက် သာဓုခေါ်ပါတယ်…
    မိသားစုစိတ်ချမ်းသာပါစေ…
    ဦးလောကနာထ
    ၉.၂၂.၂၀၀၉

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s