ညီမလေး၁၇နှစ်ပြည့်မွေးနေ့အမှတ်တရ

မိစုမရေ…မနက်ဖြန်ဆိုရင် ညည်း(၁၇)နှစ်တောင် မှပြည့ှ်ပြီနော်။ လွန်ခဲ့တဲ့(၁၇)နှစ်တုန်းက ပေါ့ဟာ ငါ့သူငယ်ချင်းတွေက ညီမလေးတစ်ယောက် စရလာတော့ ယောက်ဖဆိုပြီး အခေါ်ခံရတယ်။ ငါကလည်း(၅)နှစ်ဘယ်သိအုန်းမလဲ။ ယောက်ဖလို့အခေါ်ခံရရင် စိတ်ဆိုးရမယ်ဆိုတာတော.သိသားဟ။ ယောက်ဖဆိုတဲ့အဓိပ္ပာယ်ကို သေချာမသိခဲ့ပေမယ့် ကိုယ့်သွေးသားကို ကာကွယ်ရမယ်ဆိုတဲ. အသိစိတ်လေး တစ်ခုတော့စရခဲ့တာပေါ့ဟာ။ အဲအချိန်ကတည်းက ညည်းကငါတို့ဘ၀ထဲ စ၀င်လာတာလေ။

ညည်းကိုမွေးမယ့်နေ့က တနင်္လာနေ့ဖြစ်နေတယ်။ ဒါပေမယ့် တနင်္လာနေ့အကျော်(၁၅)မိနစ်မှ မွေးတာသိလား။ ညည်းငယ်ငယ်တည်းက အရမ်းရုပ်ဆိုးတာ သိလား။ဒါပေမယ် အလှအပကလည်း အခုလိုအရမ်းကြိုက် လှချင်လိုက်တာမှ နင့်ထက်အပြင် နှစ်ယောက်မရှိဘူး။ ညည်းကို ငါက နဖူးမောက်တယ်လို့ပြောရင် ညည်းက ကြမ်းပြင်နဲ့ ဆောင့်ဆောင့်ပြီး နဖူးကိုမမောက်အောင်လုပ်တယ်။ နောက်ညည်းမူကြိုရောက်တော့ နေနံတွေအလိုက် ဘယ်လိုနာမည်ပေးလဲဆိုတကို စသင်ပေးတယ် ညည်းက ပညာကို လက်တည့်စမ်းချင်တော့ မူကြိုကျောင်းကို အသွား မူကြိုက နင်သူငယ်ချင်းကောင်လေးကို ဟဲ့ နင်ဘာနေ့သားလည်းမေးဖူးတာ သတိရရဲ့ ညီမလေးရယ်။ နောက်အင်းစိန်ကဦးဗေလုဝ နင်ဆိုနေတဲ့ ကလေးသီချင်းတွေရေးတဲ့စာရေးဆရာဆိုင်မှာ နင်ထိန်းမနိုင်သိမ်းမနိုင်နဲ့ အီးအီးတွေပါချလိုက်တာလည်း သတိရသေးလား အဲဒီတုန်းက နင်တော်တော်ဆိုးတာမိစုမရဲ့။  ငယ်ငယ်လေးတည်းက နင်ကဆရာမညည်ပါတယ်ဟ မျက်နှာသုပ်ပ၀ါကြီးကိုခေါင်းမှာ ဆံပင်ရှည်ပုံစံနဲ့ပတ် ကြိမ်လုံတစ်ချောင်းယူပြီး ငါကို နင်တပည့်ပုံစံသဘောထားပြီး စာသင်သေးတယ်။အခုထိလည်း နင်ဆရာမကြီးလုပ်တုန်း တခါတလေ နင်ကအကြီးလား ငါကအကြီးလားဆိုပြီးပြန်မေးရသေး။ နောက်ညည်းကံကောင်းပါတယ်။ ငါထက်လူချစ်လူခင် ပေါတယ်။ ငါကတော့ ကြီးလာတည်းက လူတွေနဲ့သိပ်မတည့်လှဘူး သူပုန်စိတ်ရှိတယ်လို့ ငါဆရာတစ်ယေက်ပြောဘူးတယ်။ လူချစ်လူခင်ပေါတာ ငါညီမလေးက ချစ်စရာကောင်းလို့ပေါ့။ နင်၆တန်းနှစ်တုန်းက အိမ်ကိုဖုန်းဆက်ပြီးနင်ကိုမေးတယ် ငါကသူအကို ဘာပြောပေးရမလဲပြောတော့ ငါကို ဘာမှပြောစရာမရှိပါဘူး ယောက်ဖကြီးရယ်လို့ပြောတော့ ငါ ကျွဲမြီးတိုရသေးတယ်။ ငါမှာလည်းသိတဲ့ အတိုင်းပဲ အားနည်းချက်ဆိုလို့ ရုပ်ချော တာလေးတစ်ခုရှိတာ ဟီးဟီး J J J

ငါညီမလေးက စိတ်ကောင်းရှိတယ်။ မဟုတ်တာမလုပ်ဘူး။ သူငယ်ချင်းတွေ ဆွေမျိုးတွေက ငါ့ညီမကို ချစ်ကြတာပဲမဟုတ်လား။ ငါညီမကလည်း သူငယ်ချင်းတွေကိုချစ်တာပဲ ညီမလေးသူငယ်ချင်း သန့်မေမီဇော်(သမီးချစ်)ဆုံးသွားတော့ငိုလိုက်တာမှာ လွန်ရောသူအကြောင်းတွေကို စာအုပ်တစ်အုပ်စာ တောင်ရေးထားတယ်။ အေးလေ သူကလည်းမသေသင့်ပဲသေးလိုက်ရတာကိုး။ နင်တရားစခန်းတွေ ၀င်တိုင်လည်း သူအတွက် ကောင်းမှုကုသိုလ်တွေလုပ်ပေးနေတာပဲလေ။ မရဏတရားက ငယ်သူကြီးသူမခွဲ ဆင်းရဲချမ်းသာမခွဲ ကြုံတွေရတတ်တာပဲမှလား တရားနဲ့ဖြေပေါ့ ညီမလေးရယ်။နောက်မန္တလေးမှာ သင်္ကြန်ငဥတို့အိမ်သွားအိပ်လို့ငါစိတ်ပူရသေးတယ်။ ငါမုံရွာမှာကျောင်းတက်တော့ အရမ်းသတိရတာ မန္တလေးမြီးရှည်နဲ့ နင်ကိုလေ။ ဒါတောင်တူတူနေတော့ ငါတိုနှစ်ယောက်မတည့်ကြဘူးနော် မတည့်အတူနေ မမြင်ရချောင်းကြည်ဆိုတာ ဒါမျိုးပဲထင်တယ်ဟ။ နောက်နင့်ဆယ်တန်း ငါနဲ့ မနီတာနဲ့မန္တလေးကို ခဏလာတဲ့ အချိန်မှာ နင်ကျောင်းပြေးပြီး စစ်ကိုင်းသွားကြသေးတယ်။ ဆိုင်ကယ်လိုင်စင်စစ်တော့ မနီတာနဲ့နင် ယာဉ်ထိန်းရဲကို ချုပ်လိုက်တာ ဒဏ်ငွေတောင်မဆောင်ရဘူးမလား။ ကစားချင်ကဲချင်လဲလွန်ရော ပြီးတော့မှ စာကျက်ရအုံးမယ်လေးဘာလေးနဲ့ စိတ်နှစ်ခုလိုင်းပူးနေတဲ့ အရူးမလေး။ အရုပ်တွေကြိုက်လိုက်တာလဲ လွန်မှလွန် အိမ်မှာအရုပ်တွေအများကြီးရှိတာကို မကျေနပ်သေးဘူး ငါကိုထပ်ဝယ်ခိုင်းသေး။ နောက်တော်ရုံအရုပ်ဆိုတော်သေး ကြီးကြီးကျယ်ကျယ် Disney land မှတဲ့ ငါနင်ကိုဘူဇွာမလို့ခေါ်တာလွန်လား။

ဒါပေမယ်ငါညီမလေးက တစ်ခါတလေလည်း မထင်ရအောင်လိမ္မာတယ်။ ဘုန်းဘုန်းရှင်ဆေကိန္ဒရဲ့ ကလေးတရားစခန်းတို့ ဆရာကြီးဦးဂိုအင်ဂါကလေးစခန်းတွေဝင်လိုက်သေး။ မေတ္တာသုတ်လည်း အလွတ်ရတယ် ငါနင့်အရွယ်တုန်းက မေတ္တာသုတ်ရဖို့နေနေသာ အရင်းကျမ်းပိုက်ပြီး ဘုရားတရားမှန်းတောင်မိခဲ့ရဘူး။ အခုရန်ကုန်ရောက်လာတော့ မဟာစည်သာသနာ့ရိပ်သာဝင်သေး တရားစစ်တော့လည်း အမှန်တိုင်းပြောတော့ တရားပြတဲ့သူမကြိုက်တာတွေ စိတ်ထဲရှိရင်ရှိတဲ့ အတိုင်းပြောတတ်တာ ငါညီမလေးရဲ့အဓိက အလှပေါ့။

ညည်းအခု ၁၇နှစ်ပြည့်ပြီ မကြာခင်မှာပဲ တက္ကသိုလ်ကျောင်းသူကြီးဖြစ်တော့မယ်။ ရည်းစားရတော့မယ် ငါခေါင်းကျိမ်းတော့မယ်။ တက္ကသိုလ်ဆိုတဲ့အရသာကို ခံစားကြည့်စေချင်တယ် မိစုမရယ်။ နောက် ကိုယ်မွေးနေ့မှာ နောက်ကျန်နေသေးတဲ့ သက်တမ်းတလျှောက် ဘယ်လို့အသက်ရှင်နေထိုင်မလဲ တွေးတောသင့်တယ် စုလေးရေ။ နောက်ညည်းကငယ်ငယ်က မေမေကိုငါလောက်ဒုက္ခမပေးခဲ့ဘူးဟ။ ကျောင်းတက်တော့လည်း နင်ကငါလို့စာမညံဘူး။ ၁၀တန်းရောက်တော့လည်း နင်ကဂုဏ်ထူးပါတယ် ငါက မပါဘူး။ ဒါတောင်နင်က ၁ဘာသာဂုဏ်ထူးပဲပါလို့ မကျေနပ်ဘူးမဟုတ်လား။ နင်တက်ချင်တဲ့ ဆေးကျောင်းမတက်ရလို့ နင်ငိုသေးတယ်လေ။ ဒါတွေကအရေးမကြီးပါဘူးဟာ လူတန်းဖိုးဆိုတာ အဲဒီလူ အသက်ရှင်ခွင့်ရတဲ့ အသက်တာမှာ လောကကြီးကိုဘယ်လောက်ပေးဆပ်ခဲ့လဲ ဘယ်လာက်အကျိုးပြုခဲ့လဲ ဆိုတာပဲအဓိကမလား။  ညည်းက အခုတိအလှအပတွေကြိုက်တုန်းနော် ကိုယ်ကာယအလှအပတွေဟာ ခဏတာပဲဆိုတာ စုလေး သဘောပေါက်ပေါ့။ ပြီးတော့ စုလေးရှေ့လျောက်သင်ယူစရာတွေက အများကြီးပဲ လူသားအကျိုးပြု လောကကြီးကိုအကျိုးပြုဖို့လေ။ ဒီလိုသင်ယူတဲ့ နေရာမှာလဲ ညီမလေးသိပ်ကြိုက်တဲ့ စာရေးဆရာမဂျူးရေးတဲ့ စောင့်နေမယ်လို့မပြောလိုက်ဘူး ဆိုတဲ့စာအုပ်ထဲမှာ ဆရာမခက်နွယ် ပြောသွားတာ ညီမလေးသတိရလားတော့မသိ အတတ်ပညာတွေအကုန်ကို ဦးနှောက်နဲ့သင်ယူလို့ရတယ် ဒါပေမယ့် နိုင်ငံကိုချစ်ဖို့ လောကကြီးကို အကျိုးပြုဖို့ဆိုတဲ့ အသိဥာဏ်ကတော့ နှလုံးသားနဲ့ သင်ယူမှရတယ်။ အခုငါ့ညီမက စာနယ်ဇင်းပညာင်ယူတော့မှာဆိုတော့ အစ်ကိုကြီဝမ်းသာတယ် ၀ိဇ္ဇာသိပ္ပံဆိုတာထက် လူယူများတာ မများတာဆိုတာထက် ကိုယ်တတ်ထားတဲ့ ပညာရပ်ကို လူတွေအကျိုးတွက် အသုံးချဖို့ဆိုတာမျိုးပဲ။

ဒါနဲ့ပြောရအုံးမယ် ညည်း မွေးနေ့မှာ ဘုရားသွားမယ် ဂဏန်းလွက်မယ်ဆိုတော့ ကောင်းတာပေါ့ဟ။ နောက်မွေးနေဟာ မိခင်တစ်ယောက်ရဲ့ အနာကျင်ဆုံးနေ့လေမေမေရဲ့ကျေးဇူးဂုဏ်တွေကို သတိရနေသင့်တယ်။ ညီမလေးက မေမေက ကိုကြီးကိုပဲချစ်တယ်လို့ပြောသေးတယ်နော် အေမေမေက ညီမလေးကော ကိုကြီးကောချစ်တာပဲမှလား။ မေမေကလည်းညီမလေးကို ချစ်ပါတယ်။ ငါညီမကချစ်စရာကောင်းတာပဲမှလား။ ငါ့ညီမလေးက ဒီလောက်ချစ်စရာကောင်းတာကို။

ပြောစရာရှိတာတော့ဒီလောက်ပဲညီမလေးရေ။

ငါ့ညီမလေး တစ်သက်တာလုံး

အမြင့်မြတ်ဆုံးစိတ်ထားလေးနဲ့

လောကကြီးအတွက်အကောင်းဆုံးပေးဆပ်နှိင်တဲ့

လူအဖိုးတန်လေး ဖြစ်ပါစေလို့ ၁၇နှစ်ပြည့်မွေးနေ့မှာဆုတောင်းပေးလိုက်ပါတယ်။

ညီမလေးရဲ့

ကိုကြီး

ဥဂ္ဂါ

With love

Advertisements

4 thoughts on “ညီမလေး၁၇နှစ်ပြည့်မွေးနေ့အမှတ်တရ

  1. သားကြီးနဲမီးမီးရေ—–

    တယ်ကောင်းပါလား။ သားတို့၂ယောက် သူ့ပိုချစ်တယ်၊ ငါ့ပိုချစ်တယ် လုပ်ကြလွန်းလို့ မေမ ခဏခဏ စိတ်ညစ်ရပါတယ်။ အခု သားတို့ ချင်း ချစ်ခင် ယိုင်းပင်းကြတာ မေမေ့ကို အကောင်းဆုံး ကျေးဇူးဆပ်ခြင်းပါပဲ။
     သားကြီး အရင်းကျမ်းပိုက်တာ တက္ကသိုလ် တက်မှ ပါသားရေ.။မေမ ကသား ကို ၅ တန်း ကတည်းက ကျေင်းကားဆီ လိုက်ပို့ရင်း တနေ့ သုံးပစ္စည်း နှုံး နဲ့ ၂၄ ပစ္စည်းသင်ပေးခဲ့လို့သားရပါတယ်။
    သား ၁၀-နှစ်သားကတည်း ကစပြီး တရားစခန်းဝင်ခဲ့တာ
     ဦးဂိုအင်ကာ တရားစခန်း က-၂ ကြိမ်။
     အရှင်ဆေကိန္ဒ ကလေးတရားစခန်း-၁ကြိမ်၊
    ညောင်ကန်အေးရိပ်သာ- ၁ကြိမ်၊
    ဖားအောက်တောရ -၂ကြိမ်၊
     ဒေါက်တာဓမ္မ ရက္ခိတ ထံမှာ ရဟန်းဝတ်ပြီး-၁ကြိမ်၊ သာသနာ့ဝန်ဆောင်ကျောင်းမှာ -၁ကြိမ် တရားစခန်းဝင်ခဲ့ ဘူးတာ ပဲသာကြီးရေ..။
    နောင် Buddhist Youths for Spiritual Development  Activities  တွေကို ညီမလေး ကို ပါ ခေါ်သွားပါ သားကြီးရေ..။ မေမေ ကသာဓုခေါ်နေပါတယ်။
    သာဓု- သာဓု-သာဓု ပါ ကလေးတို့ရေ။

    ချစ်သောမေမေ

    Like

  2. အော်.. မောင်နှမတွေရဲ့ ချစ်ခြင်းမေတ္တာတွေ၊ ပျော်စရာလေးတွေ၊ အမှတ်ရစရာလေးတွေ… ကောင်းပ၊ ကောင်းပ။
     
    နုနုလှလှ သမုဒယလေးတွေလို့ တရားသဘောအရ ဆိုပေမယ့် မေ့မရနိုင်တာတော့ ကျွန်တော်တို့ ပုထုဇဉ်တွေရဲ့ သဘာဝပါပဲလေ…။
     
    အဝေးတစ်နေရာစီမှာ နေနေကြပေမယ့် မေတ္တာကြိုးတွေနဲ့ ချည်နှောင်လိုက်တော့ ဒီအမိ၊ ဒီသား၊ ဒီသမီးတို့ရဲ့ နှလုံးသားချင်းက နီးနေတော့တာပေါ့… ကောင်းပ၊ ကောင်းပ…

    Like

  3. ကာယကံရှင် ညီမလေးတော့မသိဘူး. ဖတ်ရတဲ့သူတော့ တော်တော်သဘောကျမိတယ်.. ရေးထားတဲ့ပုံစံလေးလေ.. မေတ္တာအငွေ့အသက်တွေပါလွန်းလို့…

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s