မြန်မာကလေး ကစားချင်းတေးများ

ငိုပြီးဆိုတော့ ငိုချင်း၊ ညည်းရင်းဆိုတော့ ညည်းချင်း နောက် တျာချင်း၊ကာချင်း ဆိုပြီးတော့ရှိသား။ မြန်မာစာပေမှာ ချင်း ဆိုတာတွေများသား။ အခုဟာ ကလေးတွေ ကစားရင်းဆိုတဲ့ သီချင်းမို့ ကစားချင်းပေါ့ဗျာ။ ကစားချင်းတွေ မြန်မာပြည်မှာ အများကြီးပဲ ဘယ်သူရေးမှန်းမသိ ဘယ်အချိန်ပေါ်လာလဲ မသိတော့။ သိရင်လည်း ပြောကြပါအုံး။ အရင်ကတော့ ကစားချင်းတွေစုပြီး မြန်မာရုပ်မြင်သံကြားမှာ ဇာတ်လမ်းအစီစဉ်ပုံစံမျိုးနဲ့ လွှင့်ဖူးတယ်။ VCD၊DVD အနေနဲ့ မထွက်မလာလို့ ပြန့်နုံမှု မရှိဘူး။ ငွေကြေးတက်နိုင်တဲ့ လုပ်ငန်းရှင်တွေ ဒီမြန်မာအသံက ကစားချင်းအစီစဉ်တွေကို VCD DVD ထုတ်ရောင်းရင်ကောင်းမှာပဲ။

အဓိကပြောချင်တာကတော့ ဒီကစားချင်းတွေဟာ ကလေးတွေကြားမှာပဲ ထွက်ပေါ်လာတယ်လိုပြောရမှာပဲ။ ကျွန်တော်လည်း ငယ်ငယ်က ကစားချင်းတွေ ဆိုပြီး ကစားဖူးတယ်။ အနောက်တိုင်းက ကစားနည်းတွေကို မြန်မာမှုပြုပြီး ဆိုတာတွေလည်းရှိတယ်။ ဥပမာ ၁ ၂ ၃ နင်နောက်မှာ ဘယ်သူလဲ ဆိုတာမျိုးပေါ့။ တကယ်မြန်မာ ကစားချင်းစစ်စစ်တွေ လည်းရှိပါတယ်။ ကစားချင်းနဲ့ အလားသဏ္ဍန်တူတဲ့ ကလေးသီချင်းတွေကို မကေက သူဘလော့မှာ ကလေးမြေအောက်တေးများ ဆိုပြီးရေးဖူးပါတယ်။ သွားဖတ်ကြည့်။ ကဲ ကျွန်တော်ကြားဖူးသမျှ ကစားချင်းတေးလေးတွေ ကိုပြောပြပါမယနော်။ နောက်ဝင်ဖတ်တဲ့ သူတွေသိတဲ့ ကစားချင်းတေးတွေကိုလည်း ကော်မန့်ပေးပြီးမျှဝေပါ အုံးဗျ။

ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်၊

မထွေးလိုလို့ ၀ဲပါတယ်၊

မထွေးမပါ တို့ချည်းလာ၊

ပါပါရယ့်သား နောက်ကထား

မထွေးအသားခါးလှတယ်

ချောင်းငယ်ရေနဲ့ ဆေးပါမယ်

ချောင်းငယ်ရေ နွေမှာခမ်း

မြစ်ငယ်ရေနဲ့ ဆေးပါမယ်

မြစ်ငယ်ရေ နွေမှာခမ်း

ပင်လယ်ရေနဲ့ဆေးပါမယ်

ပင်လယ်ရေနွေမှာခမ်း

ပင်လယ်ရေ ဘယ်မခမ်း မထွေးအမိဖဖ်း။ ဆိုတဲ့ ရွှေစွန်ညို ကစားချင်းတေး

နောက်တစ်ုဒ်ကတော့ ……….

ညောင်ပင်တစ္ဆေ

ဝေလေလေ။

နင် ဘယ်ကိုင်းမှာနေ

ညောင်ကိုင်းမှာနေ

နင် ဘာသီစား

ညောင်းသီးစား

နင် ဘာရေသောက်

ညောင်ရေသောက်။ဆိုတဲ့ ညောင်ပင်တစ္ဆေကစားချင်းတေး

ငါတို့ ကြက်ဖနိုင်နိုင်

ရွှေဖလားနဲ့ ကြက်သားကိုင်။

သူတို့ကြက်ဖ ရှုံးရှုံး

ကြေးဖလားနဲ့ ကြက်မချေးတုံး။ ဆိုတဲ့ ကြက်ဖခွပ် ကစားချင်းတေး

လိပ်ဥပျောက်လို့

လိပ်မရှာ သူခမျာ ငိုမဲ့ငိုမဲ့…။ ဆိုတဲ့ လိပ်ဥဖွတ်တမ်း ကစားတဲ့ သီချင်း

မယ်ထွေးလေးရေ စိန်စိန်

ထမင်းစားလို့ မြိန်။ ဆိုတဲ့ စိန်ပြေးလိုက်တမ်း သီချင်း

ညောင်ရေအိုစင်

ပန်းအိုးစင် ဆိုတဲ့ သီချင်း

ပုဇွန်ဆိတ်ဆိတ်

မောင်ရင်လာ တံခါးပိတ်ချိတ် ..။ဆိုတဲ့ သီချင်း

တပြားနှစ်ပြားလင်ပန်းပြား
ပြားလားစက္ကူဖလံထူ
ပြူးတူးပြဲတဲပိုးတောင်တဲ
ကျွဲရေသောက် နွားရေသောက်
မောင်မင်ကြီးလက်တစ်ဖက် ထွက်လိုက်ပါအုံးလား။ လူရွှေးတဲ့ ကစားချင်းတေး

နောက်လူရွှေးတဲ့ ကစားချင်းတစ်ပုဒ်ရှိသေးတယ်။

အုန်းသီး၎လုံးဘာလေးလုံး
တလုံးဆွမ်းတော်တင် တလုံးရေထဲကျ
ငါကောက်လို့ရ..။ ဆိုတဲ့ တေးသီချင်း

ဟိုကောင်မလေး ဘယ်ကရပါတယ်

သရက်ပင်အောက်ကရပါတယ်။

ဟိုကောင်မလေး ဘယ်ကရပါတယ်

အုန်းပင်အောက်ကရပါတယ်။ ဆိုတဲ့ ကစားချင်းတေး

ဖိုးစိန် ဖိုးစိန် ဘာလုပ်တယ်

တွန်ထုံးခုတ်လို့ လယ်ထွန်တယ်

နင်ထွန်ပေါ်ဘာငှက်ကယ်

ဂျွမ်းထိုးပက်လက်ရေကြက်ကယ်

ရေကြက်အသား တို့မစား

ဖားသားအိမ်မြှောင် တို့မရှောင်

အိမ်မြှောင်လေးတွေ ၀င်ဥ

ပိတ်သလေးနဲ့ထု

ကြက်မရေ ဥဥ

ဆန်ဆေးရေဆေးဆေး

ဆံခြည်မျှင် ရေတန်းတန်း

ကမ်းနားရေ စိမ်စိမ်

ရေတွင်းကုန် စနွင်းလုံး

သုံးလုံးဥပါစေ….။ လောက်စလုံး လုံးရင်း ဆိုတဲ့ သီချင်းပါ အခုကလေးတွေ လောက်စလုံးမလုံးတော့ ပျောက်ကွယ်လုနီး ဖြစ်နေတဲ့ တေးကဗျာတစ်ပုဒ်ပါ။

မိုးရွာလို့ မိုးရေချိုးကြတဲ့ အခါ မိုးရွာထဲမှာ ပြေလွှားဆော့ပြီး ကလေးတွေဆိုတတ်တာ…….

မိုးရွာရင်မိုးရေချိုးမယ်

မေမေလာရင် နို့စို့မယ်

ဖေဖေလာရင် အုန်းသီးခွဲစားမယ်။

ကျွန်တော်တို့ အညာက ကစားချင်း တစ်ပုဒ်လည်းရှိသေးတယ်။

ဘီးတောင်ကို ဂျိုနှစ်ခွ

အမယ်ဘက မှာလိုက်တယ်။

ကျောက်ခွက်ရေမသောက်နဲ့ အာပေါက်တတ်တယ်။ ဒီကစားချင်းတေးက ဘယ်နေရာမှာ ဘယ်လို ကစားရလဲ မသိဘူး မုံရွာက ကျွန်တော်တို့ အဆောင်မှုးပြောပြလို့ ကူထားတာ။

နောက်မိဘတွေ ကအလုပ်သွားတဲ့ အခါ ကလေးက မိဘကို တမ်းတတဲ့ သီချင်းလေးတွေလည်းရှိပါတယ်။

မေမေ/ဖေဖေ ရေ လာပါတော့ သားသား/မီးမီးမျှော်လှပေါ့

မူကွဲ

မေမေ/ဖေဖေရေ လာပါတော့ ကျီးကန်း တမော့မော့

ကျွန်တော်သိသလောက်တော့ ဒါတွေပဲဗျ နောက်တိုင်းရင်သားရိုးရာကစားချင်းတွေ လည်းရှိအုံးမယ် ထင်တာပဲ  ကျနော်လက်လှမ်းမမှီတော့လို့ မတင်ပြနိုင်တော့ပါဘူး။ ဒီကလေးသီချင်းတွေ ဟာတကယ်ပြည်သူတေး ကျေးလက်တေးတွေပါ။ ကျွန်တော်တို့ မထိမ်းသိမ်းရင် ပျောက်ကွယ်တော့မှာပါ။ ကလေးကဗျာတေးသီချင်းတွေဟာ ကလေးတွေကို သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စားစေတယ်။ ကလေးတွေရဲ့ ခံစားချက်တွေကို နူးညံ့သိမ်မွေစွာနှုံဆော်ပေး နေပါတယ်။နောက် စုပေါင်း ဆောင်ရွက်တတ်လာတယ်။ တီထွင်ဖန်တီးချင်စိတ်၊ တည်ဆောက်ချင်စိတ် စတဲ့ စိတ်အလှတွေကို ငယ်စဉ်တည်းက မွေးပေးလိုက်သလိုပါပဲ။ အခုအချိန်တော့ မြို့ပြဆန်ဆန်လူနေမှုအောက်မှာ ကလေးတွေ ကဂိမ်းဆော၊့ နိုင်ငံတကာကျောင်းတွေက အနောက်တိုင်းကစားနည်း တွေနဲ့ပျော်မွှေနေ ကြပါပြီ။ နေရာကျယ်ကျယ်ဝန်းဝန်းမရှိတဲ့ တိုက်တာတွေကြားမှာ မြန်မာကလေးသီချင်းတွေနဲ့ဆော့ကစားဖို့ မလွယ်တော့ပါဘူး။ ကျေးလက်မှာတော့ဒီလို ကစားတာလေးတွေရှိ နေသေးတယ်ထင်ပါတယ်။ ကလေးကစားချင်းတေးတွေလည်း အချို့ကွယ်ပျောက်ကုန်တာ ၀မ်းနည်းစရာပါ။

အချိန်ကုန်ခံပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ

ကဗျာအချို့ယူသုံးခွင့်ပေးထားတဲ့ ဆရာမ မကေကိုလည်းကျေးဇူးတင်ပါတယ်

ငယ်ငယ်က အတူကစားခဲ့ကြသော သုံးဆယ်စိုက်သိပ္ပံက သူငယ်ချင်းများ၊အင်းစိန်ဖော့ကန်က သူငယ်ချင်းများ၊ ဈေးကလေး ကြည်မြင့်တိုင်က ညီအကိုများ နောက် တူလေးတူမလေးစများအတွက်

ဆက်ရန်ကျန်သေးသည်။

ကလေးတေးကဗျာဖခင်ကြီးများ(၁)

Advertisements

4 thoughts on “မြန်မာကလေး ကစားချင်းတေးများ

  1. ဟ သူလည်း အိမ်အလွတ်ဖြစ်နေပြီ။ ပြင်ပါဦး နေ့အိပ်မက်တောင် ပြင်ပြီးပြီ။ ftp passwordတွေက အက်ဒမင်တွေဆီပြန်တောင်းရမှာသိတယ်ဟုတ်။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s