ပြီးပါပြီ

၃၁ဘုံမှာ အမျိုးမျိုးဇာတ်ဆောင် ပုပ်ဟောင်ဟောင် ကိုယ်အကောင် ကလို့မ၀ ပြလို မောမှန်းမသိ ပန်းမှန်းမသိ အချိန်တွေ တတိတိကုန် ဘ၀လိုက်ကာကျ စာတန်းထိုးမည် ပြီးပါပြီ ရှင်တစ်ထောင်နေ့ အမှတ်တရ Advertisements

Rate this:

ဆောင်းကပေးတဲ့ နှင်းလက်ဆောင်

ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိုးရိမ်ကြောင့်ကြခဲ့ရတဲ့ ကာလတွေ ပူဆွေးလောင်မြိုက်မှုတွေ တဝဲလည်လည်နဲ့ ဖြတ် သန်းလွန်မြောက်ခဲ့တဲ့ နှစ်ဟောင်းတစ်ခုရဲ့ ကာလတိုရက် သတ္တပတ်ပေါင်းများစွာရဲ့ မနက်ဖြန်မှာ ဒီနေ့ နှစ်သစ်တစ်ခုကို ဆိုက်ရောက်ပြီမို့ ခရီးဦးကြို ပြင်ဆင်ချိန် ရောက်လို့လာပါပြီ။ ဆောင်းရနံ့နှင့် လန်းဆန်းစွာ ကြိုဆိုနှုတ်ခွန်းဆက်လေ့ရှိတဲ့ ဒီကာလကို ဝမ်းပန်းတသာ ကြိုဆိုဖို့  ပြင်ဆင်ကြပါစို့။ တို့ပခုံး ပေါ်မှာ ငိုဖို့ တို့ကိုယုံကြည်သူတွေ၊ တို့အရှုံးတွေကို အားပေး နှစ်သိမ့်ပေးမယ့် တို့ရဲ့ချစ်မိတ်ဆွေတွေ၊ တို့အောင်မြင်မှုတွေ ကို အားပေးဂုဏ်ယူကြမယ့် တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ပျော်ရွှင်တဲ့နှစ်သစ်ဖြစ်ပါစေလို့ နှလုံးသားထဲက လှိုက်လှိုက် လှဲလှဲ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ တို့ဘဝရာသီတွေ တလျှောက် ပြုံးဖို့အကြောင်း ဖန်တီးပေးမယ့် တို့ရဲ့လုပ်ဆောင် မှုတွေဟာ ပူဆွေးလောင်မြိုက်နေတဲ့ နှလုံးသားပိုင်ရှင်တွေရဲ့  နှလုံးသည်းပွတ်ဆီက အပြီးအပိုင်ထုတ်ယူနိုင်ဖို့ သန္နိဋ္ဌာန်ပြုရင်း နှစ်သစ်မင်္ဂလာ…

Rate this:

To transform Society is to practice Dhamma

ကျွန်တော် မနက်ဖြန်မှာ ရဟန်းဝတ်ပါတော့မယ်။ အနည်းဆုံး ၃လလောက်ကြာမှာ ဖြစ်ပါတယ်။ ရဟန်းဝတ်ဖြင့်ပင် ပိုစ့်များကိုတင်ကောင်းတင်နိုင်ပါမယ်။ မတင်နိုင်ရင်လည်း ခွင့်လွတ်ကြပါ။ To transform Society is to practice Dhamma လို့ဆိုတဲ့ အတိုင်း မြတ်ဗုဒ္ဓရဲ့တရားတော်များ ကိုအမှန်တကယ်ကျင့်သုံးနိုင်ဖို့ စတင်သင်ယူပါတော့မယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်နော်။

Rate this:

ဟုတ်ကဲ့ ပေါတယ်ဗျ

ပေါတယ်ဆိုတဲ့ စကားလုံးဟာ ကောင်းတာလည်းယူလိုရသလို မကောင်းတာလည်းယူလို့ရပါတယ်။ ပေါများတယ် ပေါကြွယ်တယ် ဆိုပြီးကောင်းတာရှိသလို ပေါတောတောနဲ့ ငပေါ သောက်ပေါ ဆိုပြီး မကောင်းတဲ့ အသုံးနှုန်းလည်းရှိပါတယ်။ ပေါတယ်ဆိုတာဘာလဲဆိုတော့ မရှားတာပေါ့ လွယ်လွယ်ကူကူရတဲ့ အရာပေါ့ဗျာ။ လူတွေသိပ်တန်ဖိုးမထား မလေးစားကြဘူးပေါ့ဗျာ။ အဲဒီလိုပဲ လူတွေက တန်ဖိုးရှိအောင် အထာကိုင်ကြတယ် မိန်းကလေးတွေက မှုကြတယ် ဒီနေ့ရတဲ့ အရာကိုမနက်ဖြန်ပေးကြတယ်။ တန်ဖိုးထား တတ်အောင်လို့တဲ့ လွယ်လွယ်ကူကူ ရရင် တန်ဖိုးမထားတတ်ကြဘူးတဲ့ ဒါကြောင့် လွယ်နေတာကို မလွယ်အောင် ခက်အောင်တမင်ကို လုပ်ကြရပါသတဲ့ဗျာ။

Rate this:

ပေါက်ကရအတွေးများ-၁

တစ်ခါတစ်လေ ကျွန်တော်က ပေါက်ကရအတော်တွေးတဲ့ ကောင်ပါ တွေးလိုက်ရင်လည်း ဘယ်သူမှလက်မခံနိုင်တဲ့ အတွေးမျိုးတွေ ကျွန်တော်တွေးဘူးတဲ့ အတွေးတွေ ထဲက ပေါက်ကရအတွေတွေးကို ပြန်ပြောပြပါရစေဗျာ။ ငယ်ငယ်က ၈တန်းလောက်ထင်တယ် ယဉ်ကျေးမှုသင်တန်းတစ်ခု ကျွန်တော်တက်နေတဲ့ အချိန်ပေါ့။ အဲဒီနေ့က ဆရာမက ကျွန်တော်တို့ကို ဇာတ်ကြီးဆယ်ဘွဲ့ သင်တော့ သုဝဏ္ဏသာမဇာတ်သင်တဲ့အချိန်မှာ ဆရာမကို စိတ်ညစ်အောင်လုပ်ခဲ့ဖူးတယ်ဗျ။ ဆရာမက သုဝဏ္ဏသာမဇာတ်ကိုပြောပြပြီး အဲဒီထဲက ဘယ်ဇာတ်ကောင်ကို အကြိုက်ဆုံးလဲ ဆိုပြီးမေးကော သင်တန်းသားတွေက အလောင်းတော် သုဝဏ္ဏသာမကို ကြိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ သူက မိဘကျေးဇူးဆပ်လို့ပါဆိုပြီး တစ်တန်းလုံးနီးပါးဆိုကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်က သုဝဏ္ဏသာမကို မြားနဲ့ ပစ်တဲ့ ဘုရင်ကြီးကို အကြိုက်ဆုံးပဲလို့ ပြောလိုက်တဲ့ အခါတစ်တန်းလုံး ငြိမ်သက်သွားတယ်။ ဆရာမက မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ကျွန်တော်ကို ဘာဖြစ်လို့လည်း မေးတယ်။

Rate this:

ပေးကမ်းခြင်း

သူငယ်ချင်း ငါတို့မှာဒီလောက်ဆင်းရဲတာ သူတို့အတွက် ပေးစရာဘာမှမရှိပါ လားကွာ …. ရှိပါတယ်ကွာ – ငါတို့ရဲ့ အပြုံး၊ အကူအညီ၊ အချိန်၊ အတွေးစိတ်ကူး၊ တွန်းအား နားထောင်ပေးခြင်း၊ အကြံဥာဏ်၊ အကာအကွယ်၊ နေရာ သတင်း၊ လက်ခံကြိုဆိုခြင်၊ အားပေးမှု၊ ကျွမ်းကျင်မှု၊ အလေးထားခြင်း၊ ချီးမွှန်းဂုဏ်ယူခြင်း၊ နှစ်သိမ့်ပေးခြင်း၊လို လားမှု ပြီးတော့ ကျေးဇူးစကားတွေပေါ့။ ဟာ … သူငယ်ချင်း ငါဒီလောက်ချမ်းသာမှန် မသိခဲ့ပါလားကွာ။ ကျေးဇူးပဲ သူငယ်ချင်း …။

Rate this:

ဓလေ့ထုံးစံ

ဗုဒ္ဓဘာသာနဲ့ တိုင်းရင်းသားဓလေ့ ထုံးစံတွေကို ကွဲကွဲပြားပြားသိသင်ပါ့တယ်။ ကျွန်တေတ်ာတို့ မြန်မာဓလေ့ ထုံးလမ်းအစဉ်လာ အတော်အများက ဗုဒ္ဓရဲ့အဆုံးအမတွေအပေါ်မှုတည်နေကြပါတယ်။ တချို့ မြန်မာဓလေ့ များကို လည်းဗုဒ္ဓဘာသာအယူအဆအဖြင့် ရောထွေးတက်ကြတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်နဲ့ စကားဆက်မိရင်းပြောဖြစ်ကြတယ်။ သူက ၀ါတွင်း အိမ်မပြောင်းရတာ အိမ်ထောင်ပြုလို့ မရတာတွေက လုံးဝအဓိပ္ပာယ်မရှိတဲ့ အကြောင်းသူကစပြောပါတယ်။ ၀ါတွင်းဆိုတာ ရဟန်းသံဃာတွေအတွက်ပဲ ဗုဒ္ဓပညတ်ခဲ့တာ လူတွေမပါဘူးပေါ့ လူတွေကသက်သက် အရှုးထတာလို့ သူကပြင်းပြင်းထန်ထန်ကိုပြောတယ်။ ပြင်းထန်မှာပေါ့ သူ့ကောင်မလေးနဲ့ လက်ထက်ဖို့ ၃လတောင်စောင့်နေရတာကိုး ဟီး…ဟီး။

Rate this: