ဆရာဆုံးပါးခြင်း

ဆရာ ဆရာရဲ့နောက်ဆုံးခရီး တပည့်တို့ လိုက်ပို့ ဖြစ်တယ် ဆရာကုချစ်တဲ့ တပည့်တွေ လုပ်ဖော်ကိုင်ဖက် ဆရာတွေ ဆရာရဲ့ နောက်ဆုံးခရီးလေ လိုက်ပို့တဲ့ သူက အများကြီး ဆရာဆွေးမျိုးသားချင်းတွေ ဆရာတပည့်သားမြေးတွေ ဆရာကိုချစ်တဲ့သူတွေလေ ဆရာ။ ဆရာပြောသလိုပ

လူဘ၀ ခြံနွယ်ပိုက်ပေါင်းကြီး ကို

ခုတ်ထွင်ရှင်းလင်းမဲ့

ပညာဓားမ…..ဟာ

တုံးချင်တုံးပါစေ

သွေးလို့ရတယ်

မချိုင့်စေနဲ့

မခွက်စေနဲ့

မပဲ့စေနဲ့ ။

အခုတော့ ကျွန်တော်တို့ မသိမှု အမိုက်မှောင်ကို လင်းစေတဲ့ ဆရာဆုံးသွားခဲ့ပြီ ကျွန်တော်တို့ အတွက်အစားထိုးမရ အဖိုးဖြတ်မရတဲ့ ကျွန်တော်တို့ဆရာ ဆုံးပါးခဲ့တယ်။ ကျွန်တော်တို့ ယူကြူံးမရပေါ့ဆရာ။ ဆရာဈာပနခရီး လူအစုံလိုက်ပို့်ကြတယ် ဆရာတပည့်ကျွန်တော်တို့တေ၊ွ ဆရာရဲ့ ဆရာ ဆရာကြီးဒေါက်တာကျော်စိန် ဆရာမကြီးဒေါက်တာဒေါ်ခင်အေးဝင်း၊ ဆရာလုပ်ဖော်ကိုင်ဖက် ဆရာ၊ဆရာမတွေ၊ ဆရာအပေါင်းအသင်းတွေ၊ ဆရာသားချင်းအဆွေတွေ သူတို့ရဲ့ ငိုသံဟာ အထက်ဘ၀င်္ဂ တိုင်ကြားရပေါ့ဆရာ။ ဆရာလည်းကြားမှာပေါ့ ဆရာကိုချစ်တဲ့သူတွေရဲ့ အသံလေ ဆရာတပည့်တွေ ဆရာ သားချင်း သားသမီးဆွေမျိုးတွေမျက်ရည်တွေ စုလိုက်ရင် ပင်လယ်ကြီး ဖြစ်မပေါ့ဆရာ။ မကြွေသင့်ပဲ အကြွေစောတဲ့ဆရာ ကျွန်တော်တို့ကိုထားရက်ပြီလား။ ဆရာတပည့်တွေ ပြောတဲ့အသံ ဆရာကြား ပါစေသား။

အကူအညီလိုနေတိုင်း လူတိုင်း၊ တပည့်တိုင်းကို

ဘယ်လိုအခြေအနေမျိုးမှာမဆို

အမြဲကူညီဖို့ အမြဲအဆင်သင့် ဖြစ်နေတဲ့

အမြဲရွှင်လန်း၊ တက်ကြွစွာ လူ့အကျိုးပြုလုပ်ငန်းတွေ

ပြုလုပ်နေတဲ့ ဆရာကိုရင်ထဲမှာထာဝရရှိနေပါတယ်။

ဒေါ်မိမိခိုင်(10th Bath DAP)

ဆရာဆီမှာ တပည့်ခံပြီး

သင်ယူစရာတွေအများကြီးရှိနေပေမဲ့

မမျှော်လင့်ဘဲ ရုတ်တရက် ခွဲခွာသွားတာမို့

အတိုင်းမသိ၊ရင်ထဲမှာ၊ ဟာတာတာဖြစ်ခါဝမ်းနည်း

ကြေကွဲစွာ ကျန်ရစ်ခဲ့ရင်း

ဆရာ ကောင်းရာသုဂတိလာပါစေ

ဆုတောင်းခြင်းဖြင့်

အောင်မျိုးဆွေ(10th Bath DAP)

ငါ့ပညာမှာ ငါသာလျှင်

ဆရာသခင် ငါမမှတ်လည်း

ငါပညာကျိုး၊ ဌာနအကျိုး

ငါသယ်ပိုးရင်း

အခုတော့ ဒါတွေထားခဲ့ပြီ။

ငါ့မိသားစု ငါထပ်တူပြု

ပျော်မြူးခဲ့ပြီး

တာဝန်များစွာ နေရာစုံမှာ

ငါထမ်းခဲ့လို့

အခုတော့စိတ်ချခဲ့ပြီး။

အခုတော့ မပြန်ခရီး ငါသွားခဲ့လည်း

ငါ့နေရာမှာ တစ်စုံတစ်ဦး

အမှတ်တရ လုပ်သော်ငြားလည်း

အခုတော့ ဒါတွေအကျိုးမရှိပြီ။

လျှံ(ဓာတု)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s