ဆင်းရဲခြင်းကိုနားလည်ပါ

အခြေအမြစ်မရှိတဲ့သူတွေကို ကူညီဖို့ကြိုးစားနေတာဟာ ဘာမှအကျိုးမရှိတဲ့အလုပ် အသိဥာဏ်ကင်းမဲ့ပြီး ညစ်ပတ် စုပ်ပြတ် နေကြသူတွေဟာ မြောက်များလှတဲ့ကလေးတွေ မွေးထုတ်နေကြတယ်။ သူတို့တွေ အလုပ်မလုပ်ပဲ ပျင်းရိကြတယ်။ စည်းကမ်းလည်းမရှိ ဘာအတွေးခေါ်မှလည်းမရှိ။ သူတို့တွေဟာ ရတဲ့ အခွင့်အရေးကို အလွဲသုံးစားပြုကြတယ်။ သူတို့လက်ထဲ ငွေနည်းနည်းရှိတာနဲ့ အရက်သောက် ယစ်မှုးပြီး အကျိုးမဲ့စွာ သုံးဖြုန်းပစ်ကြတယ်။ သူတို့တွေကူညီတာ ပျင်းရိမှုကိုအားပေးတယ် နောက်ထပ်ကလေး တွေထပ် မွေးစေဖို့အားပေးတယ်၊ ဆင်းရဲတာဟာ ကံတရား၊ သူတို့ နောက်ဘ၀က ကောင်းမှုကုသိုလ်တာမှမလုပ်ခဲ့တာ၊ ဒါကိုပြင်လို့မရဘူး၊ ဘုရားသခင်အလိုတော်တိုင်းပဲလို့ ထင်ကြသူတွေ ယုံကြည်သူတွေ ဆက်ဖတ်စရာမလိုပါ။

အရာရာဟာ အတိတ်ကံကြောင့်ဆိုရင် ကုဋေရှစ်ဆယ်သူဌေးသားဟာ သောတပန်တည်ဖို့ အထိ ပါရမီကံပါပြီးသား ဘာကြောင့် ဆင်းရဲသွားသလဲ ကျွန်တော် ဗုဒ္ဓဘာသာစစ်ပါ။ ကံဆိုတာ အလုပ်၊စိတ်စေတနာ ဆိုတာ မြတ်ဗုဒ္ဓဟောထားတာပဲ။ အရာရာကံကြောင့်မဟုတ်ပါဘူး။ ခရစ်ယာန်မှာလည်း သင်စိုက်တဲ့အပင် သင်ရိတ်သိမ်းရမယ်လို့ ဂျီးဆက် ပြောထားတာပဲ။

ဆင်းရဲခြင်းဆိုတာ ဘာလဲ ဘာကြောင့်ဆင်းရဲရသလဲ ဆင်းရဲခြင်းအရင်းမြစ်ကဘာလဲ သိဖို့လိုပါတယ် ဆင်းရဲခြင်းကို သဘောပေါက်နားလည်လာရင် ဆင်းရဲခြင်းကို ကုသနိုင်မှာပါ အနာသိမှတော့ ဆေးရှိပြီပေါ့။ ဆင်းရဲခြင်းကို ဖွင့်ဆိုလိုက်ကြရအောင်နော်။

ဆင်းရဲမှုကို ပြတိုက်ထဲပို့မယ့် ဆင်းရဲသားတို့ရဲ့ ဘောဂဗေဒပညာရှင်ကြီး မိုဟာမက်ယူနွတ် ပြောသလို ပြောရမယ်ဆိုရင် ဆင်းရဲခြင်းဟာ ဘွန်ဆိုင်းသစ်ပင်တွေလိုပါပဲ ထိုက်သင့်တဲ့ ရေမြေလေတွေမရအောင် ပတ်ဝန်းကျင်က ဖန်တီးထားလို့ ပိန်လှီနေသလိုပဲ ဆင်းရဲခြင်းဟာလဲဒီလိုပဲတဲ့။ ဆရာကြီး ယူနွတ်ပြောသွားတာပါ။ ကျွန်တော်အနေနဲ့ ပြောစရာတစ်ခုတော့ရှိပါတယ်။ ဘွန်ဆိုင်းနဲ့ မတူက ဘွန်ဆိုင်းက ဈေးကြီးပြီး ဆင်းရဲတဲ့သူတွေကတော့ ဈေးသိပ်မရဘူး။

လူသားတစ်ယောက်အသက်ရှင်ရပ်တည်ဖို့ စားဝတ်နေရေးလို့ဆိုတဲ့ သန့်ရှင်းတဲ့လေ၊ရေ၊ စားဝတ်နေရေးဖူးလုံမှု သက်တောင်သက်သာရှိမှု ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုတွေလိုအပ်ပါတယ်။ နောက် လူတစ်ဦးထဲ သီးသန့်နေထိုင်လို့ မရသလို သူနဲ့ဆက်နွယ်နေတဲ့ လူအဖွဲ့အစည်းကြိးတစ်ခုလုံးလည်း ရှင်သန်နေ ဖို့လိုအပ်ပါတယ်။ ဆင်းရဲခြင်းဟာ တစ်ဦးတစ်ယောက်ရဲ့ ပြဿနာမဟုတ်ပါဘူး လူအဖွဲ့အစည်းတစ်ခုလုံးရဲ့ ပြဿနာပါ။ လူနဲ့လူအဖွဲ့အစည်းရဲ့ အခြေခံလိုအပ်ချက်တွေကတော့ လူသားတို့ မျိုးဆက်ပြန့်ပွားဖို့ ၊ လူအချင်းချင်း ဆက်သွယ်ပြောဆိုဆက်ဆံဖို့ လူအဖွဲ့အစည်းရဲ့ယဉ်ကျေးမှုတွေ ကျန်းမာရေး ပညာရေး အသိတရားတွေတိုးတက်ရှင်သန်ရေးတွေလဲပါပါတယ်။

လုံးလျားဆင်းရဲခြင်း(Absolute poverty)ဆိုတာ လူတစ်ဦး ဒါမှမဟုတ် လူအဖွဲ့စည်းတစ်ခုလုံးအတွက် အခြေခံလိုအပ်ချက်တွေ မဖြည့်စွမ်း နိုင်တာပါ။ နှိုင်းယှဉ်ဆင်းရဲခြင်း(Relative Poverty) တယ်ဆိုတာ အခြေခံလိုအပ်ချက်တွေ အထိုက်အလျှောက်ရပေမဲ့ လိုအပ်ချက်အားလုံးမရတဲ့သဘောပါ။

လုံးလျားဆင်းရဲခြင်းဟာ အခြေခံလိုအပ်ချက်တွေမရတာမို့ သူတို့လိုအပ်ချက်တွေကိုဖြည့်ဆည်း ထောက်ပံပေး ဖို့လိုအပ်ပါတယ်။ နှိုင်းယှဉ်ဆင်းရဲခြင်းကတော့ လိုအပ်ချက်တစ်စုံတစ်ရာရှိပြီးသားမို့ သူတို့တွေရဲ့ စွမ်းဆောင်ရည်နဲ့ စွမ်းဆောင်ခွင့်တွေကို မြင့်တင်ဖို့ လိုအပ်ပါတယ်။

ဆင်းရဲခြင်းကိုတိုင်းတာခြင်း

ဆင်းရဲခြင်းကိုတိုင်းတာတဲ့ နည်းအမျိုးမျိုးရှိပါတယ်။ စီပွားရေးတက္ကဿိုလ်မှာတုန်းကတော့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု GDP (Gross Domestic Product)၊ စုစုပေါင်းအမျိုးသားထုတ်လုပ်မှု(Gross National Product) တွေနဲ့ တိုင်းတယ်လို့ သင်ရတယ်။ GDP/GNP အဓိပ္ပာယ်တွေကို စာအတိုင်းမပြောတော့ဘူးနော်။ နောက်အကျယ်တစ်ဝံမရှင်းပြတော့ဘူးနော်။

GDP ကတိုင်းပြည်ရဲ့ နယ်နိမိတ်ထဲမှာရှိတဲ့ ကိုယ်နိုင်ငံသားကော နိုင်ငံခြားသားကောက ထုတ်လုပ်လိုက်တဲ့ ကုန်စည်နဲ့ ၀န်ဆောင်မှုပမာန၊ GNP ကတော့ ကိုယ်နိုင်ငံအတွင်းက ကိုယ်နိုင်ငံသားနဲ့ တခြားနိုင်ငံရောက်နေတဲ့ ကိုယ်နိုင်ငံသားတွေရဲ့ ကုန်စည်နဲ့ ၀န်ဆောင်မှု ပမာနပါ။ ဒီမှာတစ်ဦးချင်းဝင်ငွေ (Per Capita Income) ကိုလိုချင်ရင် တစ်နှစ်တာထုတ်လုပ်မှုတန်ဖိုးကိုတည် တိုင်းပြည်လူဦးရေနဲ့ စားရင်ရပါတယ်။ ကမ္ဘာဘဏ်က ၀င်ငွေနည်းတဲ့နိုင်ငံ၊ အလယ်အလတ်ရှိတဲ့နိုင်ငံ၊ များတဲ့နိုင်ငံဆိုပြီး နိုင်ငံအလိုက် နှစ်စဉ်ထုတ်ပြန်ပါတယ် ကြည်ချင်ရင် ဒီမှာသွားကြည်ပါ။ ဒီ GDP/GNP သဘောတရားတွေဟာ အားနည်းချက်တွေရှိပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဆင်းရဲချမ်းသာ ကွာဟတာ၊ နောက်ဝင်ငွေမညီမျှတာ တွေကြောင့် တစ်ဦးချင်းရဲ့ အမှန်တကယ် ၀င်ငွေကိုရနိုင်ဖို့ အတော်ခက်ပါတယ်။

နောက်တစ်နည်းကတော့ အသက်ရှင်ရန်လိုအပ်တဲ့ ရုပ်ပိုင်းလိုအပ်ချက်တွေ( Physical Quality of Life Index) တိုင်းတာတဲ့နည်းပါ။့ ဒီမှာတော့ ရုပ်ပိုင်းလိုအပ်ချက်တွေ ဖြစ်တဲ့ စားနပ်ရိက္ခာဖူလုံမှု၊ အမိုးကာ နဲ့နေထိုင်နိုင်မှု့၊ကျန်းမားရေး၊ရေကာင်းရေသန့်ရရှိမှုစတဲ့ရုပ်ပိုင်အခြေခံလိုအပ်ချက်တွေပါဝင်တယ်။

နောက်နည်းကတော့ လူသားဖွံဖြိုးမှုဆိုင်ရာညွန်းကိန်း(Human Development Index) တွေပါ ဒီမှာတော့ ရုပ်ပိုင်လိုအပ်ချက်တွေ အပြင် စာတက်မြောက်မှု၊ကလေးမွေး/သေနှုန်း၊ အသက်ရှင်နေထိုင်နိုင်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးတွေပါဝင်တယ်။ ဒိနှုန်းကတော့ လူသားတွေရဲ့လူနေမှု အဆင့်အတန်းကိုပဲ မီးမောင်ထိုးပြနိုင်ပါတယ်။

နောက်နည်းတစ်နည်းကတော့ ကျွန်တော်သဘောအကျဆုံးနည်းပါ ဘူတန်ဆိုတဲ့နိုင်ငံငယ်လေးက ဘုရင် မင်းမြတ် တီထွင်ခဲ့တာပါ GNH (Gross National Happiness) အမျိုးသားစုစုပေါင်းပျော်ရွှင်မှုတဲ့ ရုပ်ပိုင်း ကိန်းဂဏန်းတွေကို မေ့ထားပြီး စိတ်ပိုင်းပျော်ရွှင်မှုကို အဓိကတိုင်းတာပါတယ်။ တိုင်းတာတဲ့ နည်းလမ်း တွေကိုတော့ ဒီမှာကြည့်ပါ။ ချမ်းသာနေပြီးမပျော်ရွှင်ရင် အလကားပဲမဟုတ်လား။ ဒီနည်းကတော့ စိတ်ပိုင်းကို တိုင်းရတာမို့ ကိန်းဂဏန်းနဲ့ ဖော်ပြနိုင်ဖို့ ခက်ပါတယ်။

ဒီနည်းတွေအားလုံးဟာ အားနည်းချက်ကိုယ်စိနဲ့ပါ။ကိုယ်မြေကိုယ်ဒေသနဲ့ အဆင်ပြေတာကြည့်သုံးပေါ့။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s