ကျုပ်ကို ခွင့်လွှတ်ကြပါဗျာ

ဆန်ပြုတ်ပဲသောက်၊ ထမင်းရည်ကို အရသာခံနေရတဲ့သူတွေကို သတိမရဘဲ

အစားအသောက်ကြေးများတဲ့ ကျုပ် …

ဆံပင်ညှပ်ရောင်းပြီးမှ ဆန်ဝယ်စားနေရတဲ့သူတွေ ရှိမှန်းသိလျှက်နဲ့

အထက်တန်းစား ဆံပင်ညှပ်ခန်းမှာမှ ညှပ်ချင်တဲ့ ကျုပ် …

လုံချည်ပေါင် ဆန်ဝယ်ပြီးမှ ထမင်းဘူးထည့် အလုပ်သွားရသူတွေကို သတိမရဘဲ

ဝိုင်လို တစ်ခွက်မသောက်ရရင် အိပ်မပျော်တဲ့ ကျုပ် …

တစ်လစာ စားလို့လောက်တဲ့ ငွေကြေးကို အပြုံးမပျက် တစ်ညတည်းဖြုန်းပစ်ဖို့

ဝန်မလေးတဲ့ ကျုပ် …

ရေတစ်အိုးရဖို့ တစ်နေ့လုံးအချိန်ပေးရတဲ့ အညာသူလေးတွေကို မစာနာဘဲ

ရေဘုံပိုင်ခေါင်းတွေ အခြောက်တိုက် ဖွင့်ထားတဲ့ ကျုပ် …

ဆာလာအိတ်ခွံနဲ့ နံရံကာနေရသူတွေကို ကိုယ်ချင်းမစာဘဲ ညတိုင်း အဲယားကွန်း

ဖွင့် စောင်ခြုံအိပ်ချင်တဲ့ ကျုပ် …

အမှိုက်ပုံဘေးမှာနေ အမှိုက်ပုံမှာ ရှာစားနေရတဲ့သူတွေကို သတိမရဘဲ

စည်ပင်ကား ဖြတ်တိုင်း နှာခေါင်းပိတ်မိတဲ့ ကျုပ် …

ကျားဝတ် မဝတ်မခွဲ ကိုယ်နဲ့မတော်မတဲ့ တဲ့ လူကြီးဝတ်ကြီးတွေမခွဲ

ရှိတာဝတ်နေရတဲ့ သူတွေကိုမေ့ပြီး နာမည်ကြီးတံဆိပ် ပိတ်အမျိုးမျိုးနဲ့ ဟန်လုပ်

စတိုင်လ်ထုတ်ဖို့ ရွေးဝယ်တတ်တဲ့ ကျုပ်…

မသန့်ရှင်းတဲ့ရေကို သောက်မိလို့ ဝမ်းပျက်ဝမ်းလျှောပြီး နေ့စဉ်သေဆုံးနေတဲ့

ငါးနှစ်အောက်ကလေးငယ် (၁၂ဝဝ) ကျော်ကို လျစ်လျူရှု့ပြီး ရေသန့်သန့်လေးကိုမှ

ဖောဖောသီသီ ချိုးလောင်း သုံးဆေးချင်တဲ့ ကျုပ် …

ကျုပ် … ကျုပ်ကို ခွင့်လွှတ်ကြပါဗျာ ….

Advertisements

2 thoughts on “ကျုပ်ကို ခွင့်လွှတ်ကြပါဗျာ

  1. အင်း.. အဲဒီကျုပ်က အဲဒါတွေမလုပ်လို့လည်း ဟိုဘက်ကအခြေအနေက ချက်ချင်းကြီးပြေလည်သွားမှာမှ မဟုတ်တာဆိုတော့လည်း ခွင့်လွှတ်ထိုက်ပါတယ်..

    Like

  2. ကြိုက်တယ်ဗျာ .. အဲလို အမြင်မှန်ရနေပြီဆိုတာက တနေ့ကောင်းလာမဲ့ လက္ခဏာလို့ မြင်မိတယ်ဗျ။ တချို့က လုံးဝကို နားမလည်တဲ့သူတွေ ရှိတယ်ဗျ။ အကိုက သူတို့ မဆိုးသေးပါဘူး။ သိနေပြီပဲ…။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s