လုပ်လက်စကို ခဏရပ်တန့်ခြင်း

အော်ဟစ်ခေါ်ပြီး အကူအညီတောင်းပေမယ့် ဘေးဝန်းကျင်က ကိုယ့်အသံမကြား ရလောက်အောင် ဘီလူးစီးခံထားရသလိုမျိုး။ ပြောပြချင်စိတ်က အရမ်းပြင်းထန်ပေမယ့် ဖော်ပြစရာ စကားလုံးရှာမတွေ့ နိုင်သလိုပေါ့။ လူတွေက ဘေးဝန်းကျင်အကြောင်းကို ခရေစေ့တွင်းကျ ဂဃနဏသိရှိကြပေမယ့် ‘မှန်’ ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်အကဲခတ်မိဖို့ သတိလစ်တတ်ကြတဲ့ သတ္တဝါတွေပေါ့။ အချို့က အခြားလူအကြောင်း ကိုပဲပြောပြီး ဖောက် သည်ချတတ်သလို။ အချို့ကျပြန်တော့လည်း ကိုယ့်အကြောင်းချည်းပဲ ဒရစပ်ပြောပြလွန်း လို့ ဆက်သွယ်မှုပြင်ပရောက်မှန်းမသိ ရောက်သွားရရှာတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ စကားမပြောခင် ‘မှန်’ အရင်မကြည့်ခဲ့လို့ပေါ့။

ဓမ္မဆရာကြီးတစ်ယောက်ရဲ့ ဒေသနာတိုင်းလိုလိုမှာ မပါမဖြစ်ပါခဲ့တဲ့ မှတ်သားဖွယ် စကားတစ်ခွန်း ရှိတယ်။ ”သင်ဘာတွေလုပ်နေသလဲဆိုတာထက် သင်ဘာကြောင့် လုပ်သလဲဆိုတာက ပိုအရေးကြီးတယ်” တဲ့။ လူသားတွေဟာ များစွာသော လုပ်ဆောင်မှု တွေကို တန်ဖိုးဖြတ်ကြတယ်။ အရင်းခံဖြစ်တဲ့ရည်ရွယ်ချက်ကိုတော့ သတိမမူမိကြဘူး။ ဆိုလိုတာက ဘယ်လိုစိတ်နေသဘောထားနဲ့ ဒီအလုပ်ကိုလုပ်နေတာလဲ။ ဘာကြောင့် ကျွန်တော် စာရေးရတာလဲ။ ကလောင်အစွမ်းပြချင်လို့လား။ ငွေကြေးကြောင့်လား။ လူတွေကို အသိပညာ ပေးချင်လို့လား။ လူ့မြင်ကွင်းမှာ ပရိသတ်က သြဘာလက်ခုပ်တီးပြီး ‘သာဓု’ ခေါ် ဂုဏ်ပြုခံရတဲ့ပုဂ္ဂိုလ်မျိုးတွေ အများကြီးရှိမှာပါ။ ဒါပေမယ့် သူတို့ရဲ့ လှပလွန်းတဲ့ လုပ်ဆောင်မှုတွေထက် သူတို့ရဲ့အလုပ်နဲ့ပတ်သက်ပြီး ဦးစွာထားရှိခဲ့တဲ့ စိတ်နေသဘော ထားနဲ့ ရည်ရွယ်ချက်တို့ကသာ ပိုပြီးအခရာကျမှာပါ။ မွန်မြတ်တဲ့ စိတ်သဘောထားရဲ့ တွန်းပို့မှုကြောင့် လုပ်လိုက်ရတဲ့အရာဟာ လူတွေအမြင်မှာ မြူမှုန်မျှသာဖြစ်ပါစေ၊ ဒီ အသီးအပွင့်ကို တစ်နေ့ကျရင် သူ ကြွယ်ဝစွာ ခူးခြေစားသုံးရမှာပါ။ လုပ်လက်စအလုပ်က ရပ်တန့်လိုက်ပြီး ငါ ဘာကြောင့် ဒီလမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့ရတာလဲလို့ ကိုယ့်ကိုယ် ကိုယ် မေးမြန်းကြည့်လိုက်ပါဦး။ ကျွန်တော့်မှာ မိန်းကလေး သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့မှာ အလုပ်မရှိသေးလို့ အလုပ်လျှောက်တယ် ဆိုပါတော့။ ဒါပေမယ့် သူလျှောက်တဲ့ နေရာတွေက NGOတွေချည်းပဲဖြစ်နေလို့ သူ့ကိုမေးမိတယ်။ ”နင်ဘာကြောင့် NGO တွေပဲ ရွေးလျှောက်ရတာလဲ။” သူမက ချက်ချင်းပဲ ”ဒေါ်လာစားချင်လို့ပေါ့” တဲ့။ လူသား အကျိုးပြုလုပ်ငန်းတွေကို ချဉ်းကပ်ပြီး တံခါးခေါက်သူများရဲ့အိပ်မက်ဟာ ရွှေဒင်္ဂါးပြားလေး တွေရဲ့ ချိုလွင်တဲ့အသံကြောင့်များလား။ သည့်ထက်ကော မပိုကြတော့ဘူးလား။

ဒါပေမယ့် အခြားသူတွေရဲ့အလုပ်ကို ဘေးကထိုင်ပြီး မဝေဖန်မိဖို့တော့ အရေး ကြီးလှပါတယ်။ အသေးအမွှားကိစ္စလေးပဲဖြစ်ဖြစ် အလုပ်အပေါ်မှာ သူထားရှိတဲ့  ယုံကြည်ချက်နဲ့ ပန်းတိုင်တွေကို သင်မြင်နိုင်တာမှမဟုတ်တာ။ ဧရာမလုပ်ဆောင်ချက်ကိုတွေကို ကြည့်ပြီး အံသြမိန်းမောလို့လည်း မသွားပါနဲ့ဦး။ ဘယ်လောက် ကြီးကျယ်ခမ်းနားလှတဲ့ လုပ်ဆောင်ချက်ဖြစ်ပါစေ။ ”တစ်ကိုယ်ရည်ကျော်စောဖို့အတွက်လား၊ ငွေမျက်နှာ ကြောင့်လား” ဆိုတဲ့ အလုပ်ထဲမှာမြှုပ်နှံထားတဲ့ သူ့ရည်မှန်းချက်ကို သင်မှမသိနိုင်တာပဲ လေ။ ဒီလိုနဲ့ပဲ ကျွန်တော်ဟာ ပြောလက်စ စကားလေးတွေကိုရပ်၊ လုပ်လက်စအလုပ်တွေ ကို ခဏနားပြီး ‘မှန်’ ရှေ့ကို သွားလိုက်တယ်။ ပြီးတော့ မှန်ထဲက လူကိုပြောလိုက်တဲ့စကား ကတော့ ”ဘာ့ကြောင့် ငါ …ဒါတွေကိုလုပ်နေရသလဲ …..”

Advertisements

One thought on “လုပ်လက်စကို ခဏရပ်တန့်ခြင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s