ဓလေ့ထုံးစံ

ဗုဒ္ဓဘာသာနဲ့ တိုင်းရင်းသားဓလေ့ ထုံးစံတွေကို ကွဲကွဲပြားပြားသိသင်ပါ့တယ်။ ကျွန်တေတ်ာတို့ မြန်မာဓလေ့ ထုံးလမ်းအစဉ်လာ အတော်အများက ဗုဒ္ဓရဲ့အဆုံးအမတွေအပေါ်မှုတည်နေကြပါတယ်။ တချို့ မြန်မာဓလေ့ များကို လည်းဗုဒ္ဓဘာသာအယူအဆအဖြင့် ရောထွေးတက်ကြတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်နဲ့ စကားဆက်မိရင်းပြောဖြစ်ကြတယ်။ သူက ၀ါတွင်း အိမ်မပြောင်းရတာ အိမ်ထောင်ပြုလို့ မရတာတွေက လုံးဝအဓိပ္ပာယ်မရှိတဲ့ အကြောင်းသူကစပြောပါတယ်။ ၀ါတွင်းဆိုတာ ရဟန်းသံဃာတွေအတွက်ပဲ ဗုဒ္ဓပညတ်ခဲ့တာ လူတွေမပါဘူးပေါ့ လူတွေကသက်သက် အရှုးထတာလို့ သူကပြင်းပြင်းထန်ထန်ကိုပြောတယ်။ ပြင်းထန်မှာပေါ့ သူ့ကောင်မလေးနဲ့ လက်ထက်ဖို့ ၃လတောင်စောင့်နေရတာကိုး ဟီး…ဟီး။

သူပြောသွားတာကို ကျွန်တော်လက်ခံပါတယ် ဒါပေမယ့် ၀ါတွင်းအိမ်ထောင်မပြုရဘူး အိမ်မပြောင်းရဘူး အိမ်မဆောက်ရဘူးဆိုတာ ဗုဒ္ဓအဆုံးအမနဲ့မ သက်ဆိုင်ပေမဲ့ ရှေးကကျွန်တော်တို့ဘိုးဘွားတွေက အားအား ယားယား ပြောသွားခဲ့တာမဟုတ်ပါဘူး။ ယဉ်ကျေးမှု culture ဆိုတဲ့ စကားဟာ စိုက်ပျိုးတယ်ဆိုတဲ့ cultivate ဆိုတဲ့စကားလုံးက ဆင်းသက်လာတယ်လို့ ဆရာပြောပြတာကြား ဘူးပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေး အခြေခံနိုင်ငံတစ်ခုပါ။ ရိုးရာယဉ်ကျေးမှု အတော်အများဟာ စိုက်ပျိုးရေး ကိုအခြေခံပါတယ်။ ၀ါတွင်း၃လ ကာလဟာ မိုးရာသီပါ တောင်သူ လယ်သမား တွေ လယ်ထဲဆင်း စပါးစိုက်နေရတဲ့ အချိန် အလုပ်များတဲ့ အချိန် နောက်သစ်ဝါးပင်တွေ စတင်ပေါက်ရောက်တဲ့ အချိန် ဆိုတော့ အဲဒီချိန်မှာ စပါးမပေါ်တွေ ငွေမရှိ၊ သစ်ဝါးတွေ မကြီးထွားသေးတော့ အိမ်ဆောက်ဖို့ ပစ္စည်းရှားပါး၊ လယ်ယာအလုပ်တွေ လုပ်နေရတော့ မအားလပ် ဒါကြောင့် ၀ါတွင်းကာလမှာ အိမ်ထောင်မပြုဖို့ အိမ်သစ်မဆောက်ဖို့ ရှေးလူကြီးသူမ ကျွန်တော်တို့ ဘိုးဘွားတွေကပြောခဲ့တာလို့ စဉ်းစားကြည်ရင် ဟုတ်တုတ်တုတ်ရှိသားဗျ။ ၀ါးတွေက မိုးတွင်းမှအသစ်ပြန်ပေါက်တာဆိုတော့ အဲဒီအချိန်ခုတ်ရင် သစ်တော ပြုန်းကုန်မှာပေါ့ ဘယ်လောက် သဘာဝပတ်ဝန်းကျင်အတွက် ဆီလျှော်လိုက်သလဲဗျာ။ ဒါကြောင့် လည်း ဆရာကြီးဒါဝင်က  ယဉ်ကျေးမှုဆိုတာ Natural Selection သဘာဝကရွှေးချယ်ပေးထားတယ်လို့ ဆိုခဲ့တာပေါ့။

နောက်ဆုံးပြောချင်တာကတော့ဗျာ ကျွန်တော်တို့ ဘိုးဘွားတွေလက်ဆင့်ကမ်းခဲ့တဲ့ ဓလေ့ထုံးစံတွေကို မျက်စီမှိတ် မပစ်ပြယ်သင့်သလို မျက်စီပိတ်လည်း မယုံကြည်သင့်ပါဘူး ဘာကြောင့်ဒီလိုဖြစ်တာလဲ ဘာကြောင့်ပြောခဲ့တာလဲ ဘာကြောင့် ကျွန်တ်ာတို့လက်ခံကျင့်သုံးနေရတာလဲ စဉ်းစားသင့်ပါတယ်။

ကျွန်တော်လည်း သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်းနဲ့ အတွေးစတစ်ခုပေါ်လာလို့ ဆွဲထုတ်မိ သွားတာပါ။ ကျွန်တော်ပြောတာ အမှန်လို့မဆိုလိုပါဘူး တွေးတောစရာတစ်ခုရရင်ပဲကျေနပ်ပါတယ်။

လွတ်လပ်စွာကွဲလွဲခွင့်ရှိသည်။

Advertisements

One thought on “ဓလေ့ထုံးစံ

  1. အခုလိုရှင်းပြတော့လဲ ရှင်းသွားတာပဲဗျ။ ဟုတ်မယ်ဗျ အကိုပြေတာ လက်ခံတယ်။ အဲဒါကို တလွဲပြောမိတာနေမှာ။ နောက်တခု ကျနော်ထင်တာက ဝါတွင်းဆိုတာက မိုးတွင်းပေါ့နော်..။ ဒီတော့ အိမ်ပြောင်းရွှေ့တာဘာညာအတော်ဒုက္ခရောက်မယ်ဗျ။ နောက်တချက်က မင်္ဂလာဆောင်ပြီဆိုပါတော့.. ဧည့်ခံပွဲလုပ်တယ်ဆိုရင် ဧည့်သည်တွေက ရှိုးနဲ့မိုးနဲ့ လာမှာလေ ဒီတော့ မိုးရေထဲမှာဆို အလှပျက်ကုန်မှာပေါ့ မဟုတ်ဘူးလား။ ပြီးတော့ မိုးရွာရင် တော်ရုံလူက အပြင် မထွက်ချင်ကြတော့ဘူးလေ။ ဒါကိုပဲ လူတွေက တစိပ်ကို တအိတ်လုပ်ပြောကြရင်းက အရိုးစွဲသွားတာနေမှာ။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s