သူ

ကျွန်တော်အရမ်းနှစ်သက်တဲ့ ဇာတ်လမ်းလေးတစ်ခုပါ ကြိုက်လွန်း လို ကြည်တာ ၇ခါလောက်ရှိပါပြီ။ ကာတွန်းဇာတ်လမ်းလေးပါ အင်တာနက်မှာ ပြန်ရှာကြည်မှပဲ ဒါဝတ္ထုကို ပြန်ရိုက်ထားတာမှန်း သိရ တယ်ဗျာ။ အတော်လေးကို ကောင်းပြီး စိတ်နှလုံးကို ပြောင်းလဲစေပါတယ်။ ဒီဇာတ်လမ်းလေးကို ကျွန်တော်ကြည်ရတော့ သိုးဆောင်း အဆိုအမိန့်တစ်ခုကို သွားအမှတ်ရမိတယ်။

Theactivist is not the man who say “the river is dirty.” The activist is the man who ” clean up the river.”ဆိုတာကို ကောင်းကောင်းကြီးကို နားလည်သွားပါတယ်ဗျာ။ အရင်က ဟိုလူ မကောင်းဘူး ဒီလူမကောင်းဘူးလို အော်ခဲ့တဲ့ ကျွန်တော်လိုအကောင်ကို စိတ်ထား ပြောင်းလဲအောင် လုပ်နိုင်ခဲ့တဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းက ပြင်သစ်ဇာတ်လမ်းလေးပါ နာမည်က L’homme qui plantait des arbresပါ မြန်မာလို ပြောရင်တော့ သစ်ပင်စိုက်တဲ့ သူတစ်ယောက်ပေါ့ဗျာ ကျွန်တော် ကတော့ သူကိုအားကျလွန်းလို့ သူ လိုပဲ ပေးလိုက်တယ်။

ကြိုက်လွန်းလို ပြန်မျှဝေချင်စိတ်တွေ ဖြစ်လာလို့ မျှဝေလိုက်ပါတယ်။ သိပ် မကောင်းဘူး မခံစားရဘူးဆိုရင် ကျွန်တော်ညံဖျင်းမှုပါ ဇာတ်ကား နဲ့ ဘယ်လိုမှ မသက်ဆိုင်ပါဘူးခင်ဗျာ။

သူ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀လောက်က ကျွန်တော်ဟာ မြင့်မားပြီး လူသူအရောက်အပေါက်နည်းတဲ့ တောင်တန်းတွေ ပေါ်မှာ ခြေလျှင်ခရီးတစ်ခု စတင်ထွက်ခဲ့ပါတယ်။ သိပ်ကိုရှေးကျတဲ့ ဒေသတစ်ခုဖြစ်ပြီး အလ်ပ်စ်တောင်တန်းကြီး တွေကနေ မြေပြန့်လွင်ပြင်ဆီကိုခွဲထွက်သွားတဲ့ နေရာတွေပေါ့။ ခရီးလမ်းကြောင်းဟာ ပင်လယ်ရေ မျက်နှာပြင်ထက် ၁၂၀၀-၁၃၀၀ မီတာလောက်မြင့်တဲ့ နေရာကကနေစပြီး လာဗင်ဒါအပင်တွေကလွဲပြီး အခြားဘာအပင်မှ မပေါက်တဲ့ နေရာတွေကိုဖြတ်ခဲ့ရပါတယ်။ အကျယ်ပြန့်ဆုံးလွင်ပြင်နေရာကိုဖြတ်ပြီး သုံးရက်လောက်ကြာမှာတော့ လူသူလေးပါးမရှိတဲ့ ရွာပျက်တစ်ပုံစံဖြစ်နေတဲ့ နေရာကိုရောက်သွားပါတယ်။ အဲဒီရွာဟောင်း နဘေးမှာပဲ ကျွန်တော်စခန်း ခဏချခဲ့ပါတယ်။ ကျွန်တော်ရေကုန်တော့မှာ ဖြစ်လို့ ရေရှာဖို့ လိုအပ်လာတယ် ပဒူအိမ်တွေနဲ့တူတဲ့ အိမ်ဟောင်းတွေကြားမှာ ရေတုံကင် ဒါမှမဟုတ် ရေတွင်းတစ်ခုခုရှိ လိမ့်မယ်လို့တွေးမိပါတယ်။ အမှန်တကယ်ပဲရေတုံကင်လေးတစ်ခု ကျွန်တော်တွေနေရပါပြီ။ ဒါပေမဲ့ ရေခန်းခြောက်နေပါပြီ ရေတစ်စက်မျှမထါက်လာခဲ့ပါဘူး။ လေတိုက်စားလို့ ခေါင်မိုးမရှိတဲ့ အိမ်လေးငါးအိမ်နဲ့ ဘုရားကျောင်းက ခေါင်းလောင်းသံကြောင့်  တကယ်အသက်ဝင်နေတဲ့ နေရာလို့ထင်ရပေမဲ့ သက်ရှိဆိုလို့ ကျွန်တော်ကလွဲ တခြားမရှိကြပါဘူး။ အထီးကျန်တောင်ကုန်းလေးတေါအပေါ်မှာတော့ အိမ်အခွံတွေကြားထဲ ကနေပြီး ဖြတ်သန်းသွားတဲ့ လေရိုင်းရဲ့ အသံဟာ သားရိုင်းတိရစ္ဆာန်တစ်ကောင် အစာစားနေတုန်း ၀င်အနှောက်အယှက် ခံရလို့ ဒေါသထွက်ပြီး ဟိန်းဟောက်တဲ့ အသံကြီးနဲ့တူပါတယ်။

ဒီလိုဒေသမှာ နေရတာကြောက်ခြားလာတော့ ကျွန်တော်စခန်းပြောင်းဖို့ အကြောင်းဖန်လာတာပေါ့ဗျာ။ စခန်းပြောင်းဖို့ လမ်းလျှောက်ထွက်ခဲ့တယ်။ ငါးနာရီလောက်ကြာကြာ လမ်းလျှောက်လာခဲ့ပေမဲ့ ရေရနိုင်မဲ့ နေရာ တစ်နေရာမှ မတွေ့သေးဘူး အားခေါင်တွေခြောက်နေပြီး ရေအရမ်းကို ဆာနေပါပြီ။ ရေရနိုင်မယ်လို့ မျှော်လင့်ချက်ပေးတဲ့ အရာ ပတ်ဝန်းကျင်တစ်လျှောက် မတွေရပါဘူး။ ဒီအချိန်မှာ ခပ်ဝေးဝေးက အရာတစ်ခု ကျွန်တော်ကိုဆွဲဆောင်လိုက်ပါတယ်။ ဒီအရာကတော့ အဝေးကမို့ မဲမဲပဲမြင်ရတယ် သစ်ခြောက်ပင်တစ်ခုလို့ ထင်မိပါတယ်။ ဒီအရာက တစ်ခုခုများဖြစ်နေမလားဆိုတဲ့စိတ်နဲ့ အဲဒီကို ဦးတည်ပြီး လျှောက်သွားခဲ့တယ်။ တစ်ကယ်တမ်းကြတော့ ဒီအရာဟာ သစ်ခြောက်ပင်မဟုတ်ပဲ သိုးထိန်းတစ်ဦးဖြစ်နေတယ်ဆိုတာကို တွေ့ရပါတယ်။ သူနဘေးမှာ သိုးအကောင် ၃၀ လောက်မြေကြီးပေါ် လှဲလျောင်းပြီး အနားယူနေကြပါတယ်။ ကျွန်တော်ကို သူရေဗူးက ရေပေးသောက်ပါတယ်။ နောက်သူက သူနေတဲ့ နေရာကိုခေါ်သွားခဲ့ပါတယ်။ သူဟာ အလွန်ကောင်းမွန်တဲ့ရေကို ရေတွင်းထဲကနေ ခပ်ယူပြီး ကျွန်တော်ကို ကိုယ်လက်သန့်စင်ခိုင်းပါတယ်။ သူဟာ  စကားနည်းနည်းပဲပြော ပြောတယ်။ ဖလှယ်တကင်း အမူအရာမျိုးသိပ်မရှိဘူး။ တစ်ယောက်တည်း အချိန်ကြာကြာနေခဲ့တဲ့ လူတွေရဲ့ပုံစံနဲတူတယ်။ ဒါပေမယ့် သူကိုယ်သူ ယုံကြည်စိတ်ချမှုအပြည့်ရှိနေ သလိုပဲ ဒီလို ယုံကြည်မှုဟာလည်း တမင်တကာ လုပ်ယူထားတာမျိုးမဟုတ်ပဲ သူအလိုလိုဖြစ်နေသလိုပါပဲ။

ဒါတွေဟာ အထီးကျန်ကြောက်စရာကောင်းတဲ့ လွင်ထီးခေါင်ဒေသအတွက် အထူးအဆန်းတစ်လို ဖြစ်နေ တာပေါ့။ သူဟာတခြား သိုးထိန်းတွေလို့ တဲနဲ့နေတာမဟုတ်ပဲ ကျောက်တုံးလေးတွေနဲ့တည်ဆောက်ထားတဲ့ အိမ်လေးတစ်လုံးမှာ နေပါတယ်။ ဒီအိမ်ရဲ့နံရံတွေကို ကြည်ခြင်းအားဖြင့် တစ်ချိန်ကပျက်စီးခဲ့ တာတွေကို သူကိုယ်တိုင် ပြုပြင်ခဲ့တယ်ဆိုတာကို မပြောပဲသိနေတယ်။ အိမ်ရဲ့ခေါင်မိုးတွေဟာ ခိုင်မာတောင့်တင်း လှပါတယ်။ အဲဒီခေါင်မိုးပေါ်ကနေတိုက်နေတဲ့ လေသံတွေဟာ ကမ်းခြေကပင်လယ်လှိုင်းတွေလိုပါဘဲ။ အိမ်ထဲမှာတော့ သန့်ရှင်းသပ်ရပ်နေပါတယ်။ ပန်းကန်တွေကို ဆေးကြောထားပြီး ကြမ်းတွေကိုလည်း သေသေချာချာတိုက်ထားပါတယ်။ သေနတ်ကိုလည်း ဆီတည့် တိုက်ချွတ်ထားတယ်။ စွပ်ပြုပ်အိုးလေးတစ်ခုကို လည်းမီးဖိုပေါ်မှာ တင်ထားလေရဲ့။

ဆက်ရန်ကျန်သေးသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s