သူ-၂

ကျွန်တော် သတိထားမိတာကတော့ သူဟာ လောလောလတ်လတ် မုတ်ဆိတ်မွှေး တွေ ရိတ်ထားပြီး ၊ သူကျယ်သီးတွေလည်း ခိုင်မြဲစွာတပ်ဆင်ထားပါတယ်။

သူအင်္ကျီကို သေသေချာချာ သပ်သပ်ရပ်ရပ် ချုပ်ထားတာကြောင့် ချုပ်ရိုးတွေကို တောင်မမြင်ရပါဘူး။သူဟယ ကျွန်တော့်ကို စွတ်ပြုတ်ပေးသောက်ပါတယ်။ ကျွန်တော့က သူ့ကို ကျွန်တော့်ရဲ့ ဆေး တံဆေးတစ်ထုပ် ကိုပေးတဲ့အခါမှာ သူက ဆေးတံ၊ဆေးလိပ်မသောက်တတ်ဘူးလို့ ပြောပါတယ်။

သူနဲ့ခွေး ကအနားမှာ ရှိနေပြီး ၊သူ့သခင်ကို အရမ်းဖက်လှဲတကင်း မလုပ်ပေမဲ့ လဲ ခင်မင်စရာ ကောင်းပါတယ်။ ကျွတ်တော် အဲဒီမှာ ပဲ ညအိပ်ဘို့ သူကချက်ချင်းပဲသဘောတူခဲ့ပါတယ်။

အနီးဆုံး ရွာ က အနည်းဆုံး နောက်ထပ် နှစ်ရက်လောက် လျှောက်သွားရအုံးမယ် ။ ဒီဒေသမှာ ရွာတွေ အလွန်နည်းပါးပြီး တစ်ခုနဲ့ တစ်ခု အလှမ်းကွာဝေးတယ်။

ဒီကုန်းမြင့်ဒေသရဲ့ တောင်တွေပေါ်မှာ ရွာကလေး လေး ငါးရွာလောက်သာ ပြန့်ကြဲပြီး တည်ရှိနေတယ်။ အဲဒီရွာလေးတွေဟာ လှည်းလမ်းကြောင်း တွေရဲ့ အဆုံး ဝက်သစ်ချပင် အဖြူတွေ နဲပဆုံတဲ့နေရောတွေ မှာ ရှိကြပါတယ်။

အဲဒီရွာတွေမှာ မီးသွေးဖုတ်တဲ့လူတွေနေထိုင်ကြပါတယ်။ သူတို့ရဲ့ ဘဝတွေဟာ ဆင်းရဲလှပြီး ဆိုးဝါးလှတဲ့ ရာသီဥတုဒဏ်ကို နွေရောဆောင်းပါ ခံရရုံတင်မက သူတို့ရဲ့ အသက်ရှင်ဘို့အတွက်  ကြိုးစားရုန်းကန်ကြ ရတဲ့နေရာမှာ သူတို့ရဲပ အထီးကျန်ခြင်းကလည်း အခြေအနေကိုပိုဆိုးဝါးစေပါတယ်။

သူတို့အတွက်ထွက်ပေါက်ဆိုတာမရှိဘူး။ လွတ်မြောက်ရာထွက်လမ်းကို အဆက်မပြတ်ရှာကြခြင်းဟာ မဖြစ်နိုင်တဲ့အရာ ဖြစ်လာပါတယ်။ လူတွေဟာ အဆုံးမရှိ ၊သူတို့ရဲ့ မီးသွေး တွေ ကို လှည်းနဲ့တင် မြို့မှာသွားရောင်း ပြီးတော့ အိမ်ပြန်လာကြတယ်။ သန်မာတောင့်တင်းသူတွေ တောင်မှပဲ အဲဒီလို အဆက်မပြတ်ဖိအားတွေ ဖြစ်တဲ့ ဆင်းရဲမှု ၊ အလိုလောဘ ၊ ရာသီဥတု ဆိုးဝါးတာတွေကို  ခံစားရပြီး ပြီုလဲ ရှုံးနိမ့်ကုန်တယ်။

မိန်းမတွေကလည်း ဒေါသတွေ၊ မနာလိုမုန်းတီးမှု တွေနဲ့ ပေါက်ကွဲကုန်ကြတယ်။ အကုန်လုံး အပြိုင် အဆိုင်တွေဖြစ်လာတယ်။ ဘုရားသခင်က လူအားလုံးကို အညီအမျှပေးထားတဲ့ အရာတွေကို ပိုရအောင်လုယူရင်း ပြိုင်ဆိုင်မှုတွေဟာ ပြင်းထန်လာတယ်။

လောကဓံတွေကို မခံစားနိုင် လက်မခံလာနိုင်တဲ့အတွက် သတ်သေတဲ့ လူတွေလည်းရှိလာကြတယ်။ လူတွေဟာ လောဘ၊ဒေါသ၊မောဟ တရားတွေနဲ့ ရှုးသွပ်နေကြတယ်။ကိစ္စ အတော်များများ နိုင်ထက်စီးနင်းမှုတွေနဲ့ သူမသာ ကိုယ် အသုဘ အခြေ အနေဆိုက် အဆုံးသတ်ခဲ့ရတယ်။

ဆေးလိပ်၊ဆေးတံ မသောက်တတ်တဲ့ သိုးထိန်း ပုဂ္ဂိုလ်ဟာ ဒီ အနိဋ္ဌာရုံတွေ နဲ့ကင်းဝေးနေပါတယ်။သူက အိတ်ကလေးတစ်ခုကို ယူလာပြီး စားပွဲပေါ်ကို ဝက်သစ်ချစေ့တွေ ကိုသွန်ချလိုက်တယ်။ သူဟာ အဲဒီ အစေ့တွေကို တစ်စေ့ပြီး တစ်စေ့ သေသေချာချာ သသ်ဆေးပြီး၊ အဆိုးနဲ့အကောင်းခွဲထုတ်တယ်။

ကျွန်တော်ဟာဆေးတံထိုင်သောက်နေရင်းက သူ့ကို ကူညီဘို့ကမ်းလှမ်းပေမဲ့ သူကငြင်းပယ်တယ်။ ဒါသူလုပ်ရမဲ့အလုပ်လို့ပြောတယ်။ တကယ်ပါပဲ ။ သူသေသေချာချာ စေ့စေ့ စပ်စပ်နဲ့ လုပ်နေတာကိုတွေ့တော့ ကျွန်တော်ကူညီပါရစေ အတင်းမတောင်းဆိုတော့ဘူး။ ။ ကျွန်တော်တို့စကားပြောတာ ဒီလောက်ပဲဖြစ်တယ်။

သူဟာဝက်သစ်ချစေ့အချို့ကို ဖယ်ထားပြီးတဲ့အခါမှာ အဲဒါတွေက်ုဆယ်ပုံပုံပြန်တယ်။ သူအဲလိုလုပ်တဲ့အချိန်မှာ ငယ်တဲ့အစေ့တွေနဲ့ အက်ကွဲနေတဲ့ အစေ့တွေကိုဘေးဖယ်ထားခဲ့တယ်။

အခုအခါမှာတော့ သူဟာ အဲဒါတွေကို သေသေချာချာ ပြန်စစ်ဆေးနေတယ်။ တကယ်ကိုသေသေချာချာပါပဲ။ အဆုံးမှာတော့ သူ့ရဲ့ရှေ့မှာ သူ့ရဲ့စိတ်ကြိုက် ဝက်သစ်ချစေ့ အစေ့တစ်ရာပုံနေတော့တယ်။ အားလုံးပြီးသွားတဲ့ အခါမှာ ကျွန်တော်တို့ အိပ်ယာဝင်ကြတယ်။ ဒီလူနဲ့နေရတာ ငြိမ်းချမ်းမှု ဖြစ်ပေါ်ခံစားစေတယ်။

နောက်တစ်နေ့မနက်မှာ တော့ ကျွန်တော်ဟာနောက်ထပ် သူ့ဆီမှာနောက်ထပ် တစ်ရက်ထပ်နေပြီး နားလို့ရမလားလို့မေးမိတယ်။ သူဟာ အေးအေးဆေးဆေး ပဲလက်ခံလိုက်တယ်။ ပိုသေချာအောင်ပြောရရင် သူ့ကို ဘာကမှ စိတ်အနှောင့်အယှက် မဖြစ်စေပါဘူး ဆိုတဲ့ပုံစံပြတယ်။

ကျွန်တော့်အတွက် နောက်တစ်ရက် ထပ်နားဘို့ဆိုတာ မလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ စူးစမ်းချင်လာတယ်။ ဒီလူရဲ့အကြောင်းပိုသိချင်လာတယ်။

သူဟာ သူ့ရဲ့ သိုးတွေ ကို သူ့ရဲ့ သိုးခြံထဲကနေ လွှတ်ပေးလိုက်ပြီး သူတို့တွေကို မြက်ခင်း လွင်ပြင်ဆီကိုခေါ်သွားတယ်။

သူဟာ ဒီလို ထွက်မသွားခင်၊ သူသေသေချာချာ ရွေးထားတဲ့ ဝက်သစ်ချ အိတ်ကိုယူပြီး ရေထဲကိုထည့်ပြီးစိုအောင်လုပ်တယ်။ သူဟာ လမ်းလျှောက်တုတ် အဖြစ် ကျွန်တော့ရဲ့ လက်မလောက်အလုံးကြီးပြီး  ပခုံးလောက်မြင့်တဲ့ သံတုတ်ချောင်းကိုယူလာတာ ကျွန်တော်သတိထားမိတယ်။

ကျွန်တော်ဟာ အပျင်းပြေ လမ်းလျှောက် ထွက်ချင်ယောင်ဆောင် ပြီး သူ့နောက်ကို မလှမ်းမကမ်းက လျှောက်ရင်း ၊ ဘေးချင်းယှဉ် အနေအထားကနေလိုက်လာတယ်။

သိုးများရဲ့ နားနေရာ စားကျက်မြေ ကတောင်အောက်ကြား မှာ ရှိတယ်။ သူ့ရဲ့ ခွေးကို သိုးအုပ်ကြီးကို ထိန်းသိမ်းဘို့ထားခဲ့ပြီး တဲ့ အခါမှာ သူဟာ ကျွန်တော်ရပ်နေတဲ့ နေရာကိုပြန်တက်လာတယ်။

ကျွန်တော်ဟာ သူကျွန်တော့ဆီများ လာသလားလို့ စိုးရိမ်သွားတယ်။ ဒါပေမဲ့ မဟုတ်ဘူး။ သူတစ်ခြားနေရာကိုသွားတာ ဗျ။

ကျွန်တော့်ကို တစ်ခြားလုပ်စရာမရှိဘူးဆိုရင် သူ့နောက်ကို လိုက်ခဲ့ဘို့ ဖိတ်ခေါ်တယ်ဗျ။ သူဟာ တောင်ကုန်း ပေါ် ဆက်တက်သွားတယ်။ သူသွားလိုတဲ့နေရာရောက်တဲ့အခါမှာတော့ သူရဲ့ သံတုတ်နဲ့မြေကြီးကို ထိုးချပြီး တွင်း လေးလုပ်တယ်။

ဝက်သစ်ချစေ့ တစ်စေ့ ပစ်ချလိုက်ပြီး တွင်းကို ပြန်ဖုံးလိုက်တယ်။ သူဟာဝက်သစ်ချပင်စိုက်နေတာ ဖြစ်တယ်။ကျွန်တော်က ဒီမြေ ကိုပိုင်လားလို့ သူ့ကိုမေးတော့ သူက မပိုင်ဘူးလို့ပြန်ဖြေတယ်။ ဘယ်သူပိုင်တာလဲလို့ပြန်မေးတော့ သူက ဘယ်သူပိုင်လဲမသိဘူးတဲ့။ အေးအေးဆေးဆေးပဲပြန်ဖြေတယ်။

သည်မြေ ဘယ်သူ ပိုင်လဲဆိုတာ သူ့အတွက် ဦးနှောက်ချောက်စရာ မဖြစ်ပါဘူး။ ဒါကြောင့် သူဟာ အဆုံးမရှိတဲ့ ဂရုစိုက်ခြင်း များစွာနဲ့ ဝက်သစ်ချစေ့တစ်ရာကို စိုက်ပျိုးလျက်ရှိတယ်။

သူ့ပုံစံကတော့ လုံးဝ အေးဆေးပဲ။ နေ့လည်စာ စားပြီးနောက်မှာလည်း သူဟာကြိုးစားပြီး ဆက်စိုက်နေပြန်တယ်။ ကျွန်တော် အတင်းမေးလို့လားမသိဘူး သူဟာ ကျွန်တော်ရဲ့မေးခွန်းတွေကို ပြန်ဖြေခဲ့တယ်။

သူဟာ အထီးကျန်ဆန်ပြီး လူသူကင်းမဲ့တဲ့နေရာမှာ  အပင်စိုက်လာတာ သုံးနှစ်တိတိ ရှိပြီ ဖြစ်တဲ့သူ ၊ အပင်ပေါင်းတစ်သိန်းစိုက်လာခဲ့တာ  နှစ်သောင်းဟာ အပင်ပေါက်လာခဲ့ ပြီးဖြစ်တယ်။ ဒီနှစ်သောင်းထဲမှာ တစ်ဝက်လောက်ဟာ မြေအောင်းသတ္တဝါ တွေကြောင့်ပဲဖြစ်ဖြစ် ၊ မထင်မှတ်တဲ့ သဘာဝဘေး ကြောင့်ပဲဖြစ်ဖြစ် ပျက်သုဉ်းသွားဦးမယ်လို့သူ ထင်တယ်။

အရင် ကဘာအပင်မှ မရှိတဲ့ဒေသမှာ ဝက်သစ်ချပင်တစ်သောင်းကျန်ခဲ့မှာ ဖြစ်တယ်။ အဲဒီ အချိန်မှာ ကျွန်တော်ဟာ သူရဲ့ အသက်ကို စဉ်းစားမိတယ် ။

သူ အသက် ၅၀ကျော်လောက်တော့ရှိပြီ။ ဒါသေချာတယ်။ သူက အသက် ၅၅ နှစ်ပါတဲ့။ သူ့ နာမည် ကတော့ အဲ(လ်)ဇိရာ (ဒ)ဘိုမိယဲ။

p.s: ဆက်ရန်ကျန်သေးသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s