သူ-၃

သူဟာမြေနိမ့်ပိုင်း ဒေသမှာ မွေးမြူရေးခြံတစ်ခြံပိုင်ခဲ့ဖူးတယ်။ အဲဒီခြံဟာ သူရဲ့ဘ၀ဖြစ်ခဲ့ပါတယ်။ သူရဲ့ တစ်ဦးတည်းသောသားနဲ့ မိန်းမဆုံးရှုံးသွားပြီးတဲ့ အခါမှာ လူသူကင်းမဲ့တဲ့ ဒီနေရာမှာ သူရဲ့သိုးအုပ်နဲ့ ခွေးလေးကိုခေါ်ပြီး ဆိတ်ငြိမ်စွာ နေထိုင်လာခဲ့တယ်။ သူအမြင်အရ ဒီဒေသကြီးဟာ သစ်ပင်ကင်းမဲ့မှုကြောင့် သေခါနီးဖြစ်နေပြီ သူဆီမှာ ဒီဒေသကြီး ပြန်လည်ကောင်းမွန်လာအောင်လုပ်ဖို့ထက်ပိုပြီး အရေးကြီးတဲ့ အလုပ်မရှိတော့ဘူး။ ငယ်ရွယ်တဲ့ ကျွန်တော်က အနာဂတ်ကိုစဉ်စားရင် ကျွန်တော်နဲ့ တိုက်ရိုက်ပက်သတ်တဲ့ (သို့) ကျွန်တော်တစ်ကိုယ်စာပျော်ရွှင်မှု အတွက်ပဲစဉ်းစားတတ်တယ်။ သူကိုကျွန်တော်က နောင်နှစ်ပေါင်း ၃၀ လောက်ဆိုရင် ၀က်သစ်ချပင် တစ်သောင်းဟာ အရမ်းကိုလှပနေမှာပဲ လို့ပြောမိတယ်။ သူက ဘုရားသခင်သာ သူကိုနောက်ထပ် အနှစ် ၃၀ သာအသက်ရှင်ခွင့်ပေးမယ်ဆိုရင် နောက်ထပ်အပင်ပေါင်းများစွာ စိုက်အုံးမယ် အခုစိုက်ခဲ့တဲ့ သစ်ပင် ၁သန်းဟာ ပင်လယ်ထဲ ကျသွားတဲ့ ရေချိုတစ်စက်လောက်ပဲရှိမယ်တဲ့။

သူဟာ မက်မုံသီးစိုက်ပျိုးရေးအကြာင်း လေ့လာသင်ကြားပြီးဖြစ်ကြောင်းနဲ့ သူမှာမက်မုံပင် ပျိုးခင်းကြီးတစ်ခုကို ပျိုးထောင်ထားကြောင်းပြောပါတယ်။ အဲဒီအပင်တွေက အတော်ကိုလှသဗျ။ သူဟာ ထင်းရှုးတစ်မျိုးစိုက်ဖို့ စဉ်းစားနေကြောင်း ဒီမြေပြင်ရဲ့အောက်မှာ ရေငွေ့အစိုဓာတ်ရှိကြောင်း ပြောပြပါတယ်။ နောက်တစ်နေ့မှာ တော့ သူနဲ့ကျွန်တော်လမ်းခွဲကြပါတယ်။ နောက်တစ်နှစ်ကြာမှာ ပထမကမ္ဘာစစ်ကြီး ဖြစ်ခဲ့ပြီး ကျွန်တော် ငါးနှစ်တာ စစ်မှုထမ်းခဲ့ရပါတယ်။ ခြေလျင်တပ်သားတစ်ယောက်ရဲ့ အတွေးထဲကို သစ်ပင်တွေ ရောက်လာဖို့ ခဲယဉ်းလှပါတယ်ဗျာ။

စစ်ပွဲ အပြီးမှာတော့ကျွန်တော်ဟာ ၁၉၁၃ခုနှစ်တုန်းက ရောက်ခဲ့ဖူးတဲ့ တောအုပ်လေးဆီပြန်လာခဲ့တယ်။ ဒီတောအုပ်လေးဟာ အရင်အတိုင်းပါပဲ။ ဒါပေမဲ့ အပယ်ခံရွာလေးရဲ့ ခပ်ဝေးဝေးတောင်ထိပ်ပေးမှာတော့ မိးခိုးရောင် မြူနှင်းတွေ ဖုံးအုပ်ထားပါတယ်။ ဒီမရောက်လာခင် တစ်ရက်ကတည်းက ကျွန်တော်အတွေးထဲမှာ သစ်ပင်စိုက်တဲ့ အဲ(လ)ဇီရာ(ဒ)ဘိုဖီယဲ သေဆုံးပြီလို့ ထင်မိတယ်။ အသက်နှစ်ဆယ်ကျော်အရွယ်ရှိတဲ့ ကျွန်တော်ဟာ အသက်ငါးဆယ်ကျော် အရွယ်တွေကို ရှေးယောင်းပစ္စည်း ဖြစ်နေပြီ သေဖို့ထိုင်စောင့်နေရုံ ကလွဲ လုပ်စရာမရှိဘူးလို ထင်မိခဲ့တယ်။

ဒါပေမယ်သူ ကတော့ သက်ရှိထင်ရှားရှိ တုန်းပဲ အရင်လို သစ်ပင်တွေစိုက်တုန်းပဲ။ သူရဲ့ အသက် မွေးဝမ်းကျောင်း လုပ်ငန်းကိုပြောင်းလဲနေတယ် အရင်လို သိုးတွေမမွေးတော့ဘူး။ သိုး ၄ကောင်ပဲ ကျန်တော့တယ်။ သိုးတွေက သူစိုက်ထားတဲ့ သစ်ပင်တွေကို ဖျက်ဆီးလို့ သိုးမွေးမြူရေးကို စွန့်လွှတ်ပြီး ပျားမွေးတဲ့ လုပ်ငန်းကို ပြောင်းလုပ်ကိုင်နေပါတယ်။ သူမှာ ပျားအုံးပေါင်း ၁၀၀၀ကျော်လောက်ရှိမယ်ထင်တယ်။ မပြောင်းလဲတာကတော့ အရင်လိုပဲ သစ်ပင်စိုက်နေတုန်းပဲ။

၁၉၁၀ခုနှစ်လောက်က ၀က်သစ်ချပင်တေါဟာ အခုဆို ၁၀နှစ်သားတွေဖြစ်နေပြီး ကျွန်တော်တို့နှစ်ယောက် ထက်ပိုမြင့်နေပြီ ဒီအပင်လေးတွေကိုကြည့်ရတာ တကယ်ကိုကြည်နူးစရာဗျာ။ တကယ်သဘာဝတောအုပ်လေး အတိုင်းပဲ  ဒီသစ်တောအုပ်လေးဟာ ၁၁ ကီလိုမိတာရှည်ပြီး ၃ ကီလိုမီတာကျယ်ပါတယ်။ ဒါတွေအားလုံးဟာ စက်ပစ္စည်းအကူအညီမပါပဲ လူတစ်ယောက်ရဲ့ လက်နှစ်ဘက်နဲ့ ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာတာပါလား လို့ ကျွန်တော်သဘောပေါက်မိတယ်။ လူသားတွေဟာ အဖျက်လုပ်ငန်းတွေ ချည်းပဲလုပ်နေတာ မဟုတ်ပဲ အခြားအရာတွေကို လည်း ဘုရားသခင်ဖန်ဆင်းသလို ဖန်ဆင်းနိုင်တာပဲလေ။ သူ့အိမ်မက်တွေ တကယ်ဖြစ်လာအောင် လုပ်နိုင်ခဲ့တယ်ဆိုတာ ကျွန်တော်မျက်ဝါးထင်ထင် တွေနေရပြီလေ။ ဒီမှာရှိတဲ့ ၀က်သစ်ချပင်တွေက သက်သေပြနေတယ်။ ၁၉၁၅ခုနှစ်မှာတော့ ကျွန်တော်စစ်တိုက်နေတုန်းက စိုက်ထားတဲ့ ငါးနှစ်သားအရွယ် ထင်ရှုးတော့အုပ်ကို သူပြပါတယ်။ သူဟာ ဒီအပင်တွေကို ရေအစိုဓာတ်ရှိမဲ့နေရာမှာ ရွှေးပြီး စိုက်ခဲ့ပါတယ်။ ဒီထင်ရှုးပင်တွေဟာ နှုးညံနေပေမဲ့ ခိုင်ခန့်လှပလှပါတယ်။

ဒီဖန်တီးမှုတွေဟာ သူအစီအစဉ်နဲ့သူ သဘာဝကျကျဖြစ်ပေါ်လာတယ်လို့ ထင်ရပေမဲ့ တကယ်လုပ်စရာရှိတာ တွေကို လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်သွားခဲ့တာတွေပါ။ ရွာအဆင်းလမ်းမှာ ကျွန်တော်မှတ်မိသလောက် ရေခမ်းခြောက်နေတဲ့ စမ်းချောင်းလေးဟာ အခုဆိုရေ တသွင်သွင်စီးဆင်နေရဲ့ဗျာ။ ဒီနေရာကိုလာတဲ့ ဘူမိဗေဒပညာရှင်တွေက ဒီနေရာကို တူးဖော်ကြည့်တော့ ငါးမျှားတံတွေ တွေ့တယ်လို့ပြောကြတယ်။ အရင်က ဒီဒေသဟာ ရေပေါများတယ်လို့ ပြောလိုရတယ်။ လူတို့ရဲ့ အတော့မသတ်တဲ့ လိုအင်ဆန္ဒတွေကြောင့် ဒီဒေသဟာ ပျက်သုန်းခဲ့ပါတယ်။ နှစ်ဆယ်ရာစုနှစ်များ အတွင်းမှာတော့ ရေလေးနည်းနည်းရဖို့ကို မနည်းစုဆောင်း ခဲ့ရတယ်။ အခုလို ရေပြန်ထွက်တာတဲ့ အခါ ရေစီးသံဟာ ကမ္ဘာပေါ်မှာ အသာယာဆုံးဂီတသံ ဖြစ်လိမ့်မယ်ဆို မလွန်လှပါဘူး။ မိုးမခအပင်တွေ ကျုပင်တွေ မြက်ပင်တွေ ဥယျာဉ်ပန်းမန်တွေ ပြန်လှည်ရှင်သန်လာပြီ ဒီမြင်ကွင်းလေးဟာ အလှပဆုံးပန်းချီကားတစ်ချပ်ဆိုရင်လည်း မလွန်လှပါဘူး။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s