နင်လားဟဲ ပဋိပက္ခ

ကျွန်တော်တို့ ပတ်ဝန်းကျင် လူအဖွဲ့အစည်းမှာ ပဋိပက္ခဆိုတာ အမြဲတွေနေကြပါတယ်။ ဘယ်သူက ပဋိပက္ခ မဖြစ်ချင်ကြဘူး ဒါပေမယ့် ပဋိပက္ခကို လူသားတိုင်းတွေကြုံခံစားနေကြတယ်။ ပဋိပက္ခလို့ ကြားလိုက်တာနဲ့ ကြောက်မိတယ် လန့်မိတယ် မတွေဆုံချင်ကြဘူး သဗ္ဗေ သင်္ခါရ ဒုက္ခဆိုသလို့ ကျွန်တော်တို့ ဘ၀တွေမှာ ပဋိပက္ခဟာ အမြဲ သက်ဝင် လှုပ်ရှားနေတယ်။

ပဋိပက္ခဟာ ကျွန်တော်တို့ တွေကို ထက်မြက်အောင် သင်ကြားပေးနေတယ်။ ရှောင်လွဲလို့ မရပေမဲ့ ကျော်လွှားလို့ ရပါတယ်။ ပတ်ဝန်းကျင်မှာရျိသမျှ ပဋိပက္ခတွေကိုကြည်ရင် အကျဉ်းအားဖြင့် ၄မျိုးပဲ ရှိတယ်။

Intra-personal conflict- က ကိုယ်နဲ့ ကိုယ် ပဋိပက္ခဖြစ်တာ (ဥပမာ-နှလုံးသားနဲ့ ဦးနှောက်ပြဿနာမျိုး)ဝေခွဲမရတဲ့ ရွှေးချက်မှု တွေနဲ့ တွေတဲ့ အခါ ဖြစ်တတ်ပါတယ်။

Inter-personal conflict – ကိုယ်နဲ့ သူများနဲ့ ပဋိပက္ခ ဖြစ်တာ ဒါကတော့ ရှင်းပါတယ်။ သူတပါးနဲ့ သဘောထား အမြင်မတိုက်ဆိုင်ရင် ဖြစ်တော့တာပဲ

Intra-group conflict- ဒါ အဖွဲ့တစ်ခုအတွင်း အုပ်စုတစ်ခု အတွင်း နိုင်ငံတစ်ခု အတွင်း လူမျိုးစုတစ်ခု အတွင်း အချင်းချင်း ပဋိပက္ခဖြစ်တာပါ။

Inter-group conflict- ဒါကတော့ အဖွဲ့တစ်ဖွဲ့နဲ့ တခြားတစ်ဖွဲ ၊လူမျိုးစုတစ်ခုနဲ့တခြားလူမျိုးတစ်စု နိုင်ငံတစ်နိုင်နဲ့ တစ်ခြားတစ်နိုင်ငံ ပဋိပက္ခဖြစ်တာပါ။

Intra-personal conflict ကတော့ အမြဲဖြစ်နေတာပါ ကျွန်တော်တို့ ရဲ့ စိတ်သဏ္ဍန်မှာ အမြဲရှိ နေတတ်ပါတယ်။ ဘာသာရေးကျင့်စဉ်တွေနဲ့ ဒီ ပဋိပက္ခကို ဖြေရှင်းနိုင်ပါတယ်။

Intra-personal conflictက လွဲ ကျန် ပဋိပက္ခတွေကတော့ နှစ်ဦးနှစ်ဖက် ဖြစ်တဲ့ ကိစ္စတွေပါ။ ဒါကြောင့် ဖြေရှင်းမယ်ဆိုရင် နှစ်ဦးနှစ်ဖက် ကျေနပ်မှ ပြဿနာကို ဖြေရှင်းလို့ ရမှာပါ။ အလျှော့ပေး လိုက်လျောတာ ဖြေရှင်းနည်းမဟုတ်သလို အကြမ်းဖက် အနိုင်ကျင့်တာလည်း နည်းမှန်လမ်းမှန်မဟုတ်ပါဘူး။

ပဋိပက္ခကို ဖြေရှင်းတဲ့နေရာမှာ နှစ်ဦးနှစ်ဖက် ကြည့်ပြီး အရှိကိုအရှိတိုင်းမြင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။

ပဋိပက္ခကို ဖြေရှင်းဖို့ အာရဗီသချာင်္ပုံပြင်လေးတစ်ပုဒ်ရှိသဗျ ကြားဖူးတဲ့ သူလဲ ကြားဖူးကြမှာပါ။

တခါက ရွာတစ်ရွာမှာ သားသုံးယောက်ရှိတဲ့ အဖိုးကြီးရှိတယ်။ ဒီအဖိုးကြီးသေခါနီးမှာ သားတွေကို အမွခွဲပေးခဲ့တယ်။ သူမှာ ကုလားအုတ် ၁၇ ကောင်ရှိတယ် အဲဒီ ၁၇ကောင်ကို သား ၃ယောက်ကို အမွေခွဲပေးခဲ့တယ်။ သားအငယ်ဆုံးလေးကို တ၀က်ပေးမယ်၊ သားအလတ်ကို သုံပုံတစ်ပုံပေးမယ်၊ သားကြီးကိုတော့ ကိုးပုံတစ်ပုံ ပေးမယ်။ ဒါပေမယ့် ကုလားအုတ်တွေကို မသတ်ရဘူး မခုတ်ပိုင်းရဘူးတဲ့။ နောက်တော့ အဖိုးကြီးက အလ္လာရှင် အမိန့်တော်ကိုခံယူသွားလေရဲ့ ။ ကျန်ခဲ့တဲ့ သားတွေ က ကုလားအုတ် ၁၇ ကောင်နဲ့ ဘယ်လို ဘယ်ပုံခွဲဝေရမှန်းမသိပဲ နေလေရဲ့ ။နောက် အချင်းများပြီး ပြဿနာတွေ တက် ရန်တွေ ဖြစ် ပဋိပက္ခစဖြစ်တော့တာပေါ့။ သူတို့ ပဋိပက္ခဖြစ်နေတုန်း သူတို့ နား ကို အက္ကာဘာနန်းတော်ကို သွားမယ့် ပညာရှိကြီးက ဖြတ်သွားလေတယ်။ ပညာရှိကြီးက ဘာဖြစ်နေတာလဲလို့ မေးလို့ အမွေဘယ်လိုခွဲရမလဲပြဿနာ တတ်နေတယ်ဆိုပြီး ဖြစ်ကြောင်းကုန်စစ်ကို ပြောပြလိုက်သတဲ့။

ကဲ သင်လည်း ပညာရှိကြီးနေရာမှာဆို ဘယ်လိုလုပ်မလဲ??????????

အဖြေက အောက်မှာ

ပညာရှိကြီးရဲ့ ကုလားအုတ်ကို အမွေကုလားအုတ် ၁၇ကောင်နဲ့ ရောလိုက်မယ် ဒီတော့ ၁၈ကောင်ဖြစ်သွားမယ်

၁၈ကောင်ကို တစ်ဝက် ၀က်တော့ ၉ကောင် ကို အငယ်ဆုံးသားရမယ်

၁၈ကောင်ကိုပဲ သုံးပုံ တစ်ပုံဆိုတော့ ၆ကောင်ရမယ် ဒါ သားအလတ်အတွက်

၁၈ကောင်ကိုပဲ ကိုးပုံတစ်ပုံဆိုတော့ ၂ကောင်ရမယ် ဒါ သားကြီးအတွက်

၉+၆+၂=၁၇ကောင် ကွက်တိ

ပညာရှိကြီးက ကိုယ်ကုလားအုတ်ကိုယ်ယူပြန်မယ်။

ပဋိပက္ခကို ဖြေရှင်းဖို့ နှစ်ဦးနှစ်ဖက် ကျေနပ်ရမယ် တရားမျှတရမယ်

နှစ်ဦးနှစ်ဖက် ကျေနပ်မဲ့ တရားမျှတတဲ့ နည်းလမ်းဟာ ပဋိပက္ခဖြေရှင်းတဲ့ နည်းလမ်းဖြစ်တယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s