ပြန်လှည်သုံးသပ်ခြင်း

Blogger Boy

ကျွန်တော် ဘလော့ရေးသားတာ တစ်နှစ်ဆိုတဲ့အချိန်ကိုကျော်လွန်ပြီးတော့ တစ်လပင် စွန်းချေပြီ။ ဘလော့ စတင်ရေးဖြစ်တာ မုံရွာက ဂျီးတော်လေး အေသင်(စိတ်ပညာ) မြောက်ပေးလို့ Multiply မှာ ကိုဂငယ်အမည်နဲ့ စတင်ရေးခဲ့ပါတယ်။ နောက် ကိုသင်္ကြန်တို့ ရဲ့ mmwordpress ကိုဝင်ကြည့်ပြီး wordpress နဲ့ ရေးချင်စိတ်တွေ ပေါ်လာတာကြောင့် အလကားရတဲ့ co.cc နဲ့ Mg Ogga’s Notes ဆိုပြီး ရေးခဲ့ပါတယ်။ဒီလိုရေးနေချိန်မှာပဲ co.cc က အလကားမရတော့ဘူး ဆိုတာသိရတော့ ကိုဘလက်တို့ ရဲ့ mmgenius ကိုပြောင်းရွှေ့ခဲ့ပါတယ်။ မြန်မာစကားမှာ သုံးကျောင်းပြောင်းတဲ့ရှင် သုံးလင်ပြောင်းတဲ့ မိန်းမ ကျော့ကွင်းက သုံးကြိမ်လွှတ်ဖူးတဲ့ ငှက် ဟာမယာများတက်တယ်လို့ ဆိုပြီးရှိတယ်။ ကျွန်တော်ကတော့ မယာများလို့မဟုတ် အခြေအနေ အကြောင်းတရား အမျိုးမျိုးကြောင် တစ်နှစ်ကျော်အတွင့်း  ဘလော့ သုံးအိမ်ပြောင်းခဲ့ရပါတယ်။ အခုဆိုရင် ogga.mmgenius.com လေးဟာ တစ်နှစ်သားအရွယ်ရောက်ခဲ့ပါပြီ။

အလုပ်တွေမှာ လုပ်ငန်းတစ်ခု ပြီးတိုင်း ဒါမှမဟုတ် ၁နှစ်ပြည့်တိုင်း လုပ်ငန်းအခြေအနေဟာ ထိရောက်မှုရှိလား မှန်ကန်မှုရှိရဲ့ လားဆိုတာကို သုံသပ်ရပါတယ်။ လုပ်ငန်းသံသရာစီမံမှု (project cycle management) မှာလည်း ပြန်လည် သုံးသပ်ခြင်း (Evaluation) ဟာအရေးကြီးပါတယ်။

ကျွန်တော် ဘလော့ စရေးစမှာ ကျွန်တော်ရဲ့ နည်းပညာ နုံချာမှုတွေကြောင့် အခက်အခဲ ပြောင်းစုံကြုံခဲ့ရပေမဲ့ ကိုညီလင်းဆက်၊ ကိုစေတန်ဂေါ့၊ကိုပီကေ၊ ကိုသင်္ကြန်(mmwordpress)၊ ကိုသံလုံငယ်၊ ကိုဖိုးလပြည့်(ရာမည)၊ကိုဘလက်ဂရင်း(mmgenius)၊ကိုမနောသား တို့ ရဲ့ ရေးသားမျှဝေတာတွေ ကိုဖတ်ပြီးရမ်းသန်း လုပ်ခဲ့ပြီး အဆင်ပြေလာတယ်။ နောက် ကိုဘလက်တို့mmgenius က fully access ပေးခဲ့တော့ အခုဆို အတော်လေးကို အဆင်ပြေ လှပါတယ်။ ပြည်တွင်းက ဘလော့ဂါတွေရဲ့ အခက်အခဲကို ပြည်တွင်းက ဘလော့ဂါတွေ အသိဆုံD

ံးပါ။ ကွန်နက်ရှင် မကောင်းတဲ့ ဒုက္ခ ကျော်ရခွရတဲ့ ဒုက္ခ အိမ်ပြောင်းရတဲ့ ဒုက္ခ ဒုက္ခပြောင်းစုံ ကိုဖြေပျောက်ပေးတဲ့ Myanmar Genius Blog Hosting Service ကို လည်း အထူးကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်ဘလော့စရေးစမှာ အရင်က အပျင်းပြေရေးထားတဲ့ စာလေးကဗျာလေး တွေ စတင် ရေးဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာ အချစ်ကြောင်းတွေပဲရေးဖြစ်ခဲ့တယ်။ နောက် ပိုစ့် အရေအတွက်များချင်ဇောနဲ့ သူများရေးထားတာတွေကို copy & paste လုပ်ခဲ့တာတွေလည်းရှိပါတယ်။

နောက်ပိုင်း မုံရွာက ဂျီးတော်လေး အေသင်(စိတ်ပညာ) သူဆက်မရေးပေမဲ့ အချိန်ကုန်ခံ စာလာဖတ်သူတွေ အကျိုးမရှိတာတွေ ရေးတာ စာဖတ်သူကို စော်ကားတာဆိုပြီး နှုတ်ခမ်းတစ်လန်ပန်းတစ်လန် ရန်တွေတာကြောင့် ကိုယ်ရေးကိုယ်တာတွေလျော့ စာဖတ်သူ အကျိုးတခုခုရစေမယ့် စာတွေ ရေးတော့မယ်ဟဲ့ လို့ စဉ်းစာထားပါတယ်ခင်ဗျာ။

ကျွန်တော်ဘလော့စရေးတဲ့ ရည်ရွှယ်ချက်က တော့ တခြား ဘလော့ဂါ အစ်ကိုကြီး အစ်မကြီးများလို့ ပဲ ဖတ်ထားမှတ်ထား ကြုံထားရတဲ့ အသိအမြင်လေးတွေကိုပဲမျှဝေချင် တဲ့ဆန္ဒတစ်ခုတည်းကြောင့် ဘလော့ရေးဖြစ်တာပါ။ ယုံကြည်ရာ အမြင်လေးတွေ ကိုတင်ပြပြီး တခြားသူများကို ဘယ်လိုမြင်ကြသလဲဆိုတာကို သိချင်တဲ့ သဘောပါ။

အဲဒီတော့ ကျွန်တော် ရည်မှန်းချက်လေးတွေ အထမြောက်ရဲ့ လား ပြည့်ဝရဲ့ လား သုံးသပ်ဖို့ အချိန်ကျပါပြီ။ ကျွန်တော်ဘလော့လေး ပိုလှအောင် ဒီထက်ပိုကောင်းအောင် ကျွန်တော်ဘာတွေ အားနည်းနေတာလဲ ဘာမှားနေလဲ ဘယ်အချက်ကိုဖြင့် ပြင်လိုက်ရင်ကောင်းမယ်ဆိုတာကို ညွန်ပြ ထောက်ပြပေးစေချင်ပါတယ်။

ဘလော့ကြွလာမိတ်သယာ ချမ်းသာကိုယ်စိတ်မြဲပါစေဗျာ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s