Save our folk tales Save our nation

ပုံပြောသူများ အတွက် ဆောင်ပုဒ်တစ်ခုလောက်ပေးဖို့ စဉ်းစားကြတယ် ဘာပေးရင်ကောင်းမလဲပေါ့ နောက်ဆုံးတော့  Save our folk tales Save our nation  ဆိုပြီးပေးဖြစ်တယ်။ နဲနဲများကြီးကျယ်နေသလားလို့ထင်မိတယ်။ တကယ်တန်းတော့ မကြီးကျယ်လှဘူး ရိုးရာပုံပြင်တွေကို ထိန်းသိမ်းကြတာ မျိုးနွယ်ကိုစောင့်ရှောက်သည်လည်း မည်သည် နိုင်ငံကိုစောင့်ရှောက်သည်လဲ မည်သည် မျိုးချစ်စိတ်ကို တိုးတက်မြင့်တင်ပေးသည်လည်း မည်သည်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အခုခေတ်အခုအခါမှာ ခေတ်မှီတိုးတက်လာတာနဲ့ အတူ ယဉ်ကျေးမှုစံနှုန်းတွေပါ ပျောက်ကွယ်လု နီးပါးဖြစ်နေပါပြီ။ မြို့ပြဘ၀ နီယွန်မီးသီးများအောက်မှာ ရိုးရာပုံပြင်တွေ ကျွန်တော်တို့ ဗမာယဉ်ကျေးမှု စံနှုန်းတွေပါ ပျော်ကွယ်မေ့လျော့နေကြပါပြီ။ ကျွန်တော်ငယ်ငယ်ကဆို ဘကြီးရဲ့ ၅၅၀နိပါတ်တော် တွေ မေမေပြောပြတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေ နဲ့ ကြီးပြင်းလာခဲ့တာပါ။ အခုကလေးတွေကြပြန်တော့ တီဗီဂိမ်းနဲ့ ကိုရီးယားကားတွေကြားပျော်မွေ့နေတာကို တွေရတော့ စိတ်မကောင်းဖြစ်မိတယ် သူတို့လေးတွေ…

Rate this:

လွမ်းစရာ မုံရွာ

တစ်နေ့ မုံရွာက ကြီးတော်လေးအေသင်ဆီ အကြောင်းကိစ္စတစ်ခုဖြင့် ဖုန်းဆက်လိုက်သည် ဖုန်းမချခင် အေသင် က ဟေ့ ဥဂ္ဂါရေ မုံရွာမှာ တမာတွေ ပွင့်နေပြီတဲ့။ ဟုတ်တာပေါ့ အခုချိန် မတ်လဆို မုံရွာက ကျွန်တော်တို့ ရကျောက္ကာလမ်းပေါ်မှာ တမာတွေပွင့်နေပြီး အရမ်းကို လှနေမှာပဲလို့ တွေးမိပါတယ်။ အရွက်ကြွေ အရိုးပြိုင်းပြိုင်း ကျနေတဲ့ တမာပင်လေးတွေ က ဖက်ဖူးရောင်ဖူးငုံသစ်လေးတွေနဲ့ ပွင့်နေတယ် ကြွေကျထားတဲ့ တမာရွက်တွေက ၀ါတာတာ နဲ့ လမ်းပေါ်မှာ ကျောက္ကာ ကတ္တရာ လမ်းကြီးက မည်းနေတယ် စိမ်းနုနုဖက်ဖူးရောင် ၀ါကျင်ကျင်ဖြစ်နေတဲ့ ရွက်ဟောင်းတမာတွေ မဲနေတဲ့ ကျောက္ကာလမ်းမကြီး အရောင်တွေဟာ သဘာဝပန်းချီဆရာ စေစားချက်တိုင်း လှပအသက်ဝင်နေမှာပဲလို့ မြင်ယောင်မိပါတယ်။ ချစ်တဲ့ တမာမြေဝေးခဲ့တာ သုံးနှစ်တိတိပြည်ခဲ့ပြီ အခုတိလွမ်းဆွတ်သတိရနေတုန်း ကျောက္ကာလမ်း က…

Rate this:

ပုံပေါသူများ

ကျွန်တော်တို့ ပုံပြောသူများအဖွဲ့ရဲ့ပြန်လည်သုံးသပ်ဖို့ အစည်းအဝေးလုပ်ဖြစ်တယ်။ ကျွန်တော်နဲ့ ပုံပြောသူများ အဖွဲ့နဲ့က သိကျွမ်းကြတာဘယ်လောက်မှ မကြာသေးပေမဲ့ ကျွန်တော်တို့ ငယ်ပေါင်းကြီးဖော်လို ချစ်ကြ ခင်မင်ကြပါတယ်။ ကျွန်တော်တို့ အားလုံးတူညီတာ တစ်ချက်တော့ ရှိတယ် ဒါကတော့ အားလုံးပေါကြတာပါ။ သံလွင်တောင်ပြန်ပိစ်ီဆိုတဲ့ကောင် သန်ဇင်လည်း ပေါတယ်၊ ဖိုးပိုင် ဆိုတဲ့ငတလည်း ပိုင်စိုးဦးလည်းပေါတယ်။ အရိုး ဇကွဲ ချမ်းငြိမ်းဆိုတဲ့ ငတိမလေးလည်း လည်းပေါတယ်။ ကာတွန်းဆွဲပြီး ကာတွန်းရုပ်ပေါက်နေတဲ့ အရက်သမား ကာကြီးလည်းပေါတယ်။ စိုးကိုကိုဆိုတဲ့ မျက်မှန်ကြီးတစ်ဝင်းဝင်းနဲ့ စိုးကြီးလည်းရုပ်တည်ကြီးနဲ့ ပေါတာပဲ။ မအိညိုလည်း စတိုင်ကြီးတခွဲသားနဲ့ နေပြီး မပေါတော့ဘူး ပုံစံနဲ့ သူလည်းပေါတာပဲ။ နောက် ဂျာနယ်လစ်အပျိုကြီး မဇာဏီကြီးက ရုပ်ကြည့်တည်းက ပေါမှန်းသိသာတယ်။ ပွကြီးနဲ့ ကိုကောင်းတို့ လည်း အူတုတုနဲ့ ပေါကြတာပဲ။အေးအောင်ဆိုတဲ့ ကလေးမကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့…

Rate this:

လောကကြီးရဲ့မောင်းနှင်အား

လောကကြီးရဲ့မောင်းနှင်အား ဘာသားရေး စာပေတွေနဲ့ ပတ်သက်ရင် ကျွန်တော်အနှစ်သက်ဆုံး စာရေးဆရာဟာ ဆရာကြီး ဦးရွှေအောင်ပဲ ဖြစ်ပါတယ် တစ်နေ့ ကိုဌက်(ထူးအိမ်သင်ရဲ့ လောကကြီးရဲ့မောင်းနှင်အား) သီချင်းနားထောင်ရင် သတိရ စဉ်စား မိတာ တစ်ခုရှိပါတယ်။ ဒါကတော့ ဆရာကြီးပြောဖူးတဲ့ ကတညုတ မျက်စီနဲ့ လောကကြီးကို ကျေးဇူး တင်ရမယ် ကျေးဇူးရှိတယ်လို့ မြင်ရမယ်ဆိုတာလေးပါ။ ဆရာကြီးက လောကအပေါ် တကယ်တမ်း အနစ်နာခံချင်စိတ်ကို မွေးမြူချင်တယ်ဆိုရင် ပထမဦးစွာ လောကကြီးကို ချစ်တတ်တဲ့စိတ်မွေးဖို့ လိုပါတယ် ချစ်တဲ့ စိတ်မွေးပြီးတာနဲ့ လောကကြီးအတွက် အနစ်နာခံချင်စိတ်ဆိုတာ အသင်္ခါရိက အနေဖြင့် သူအလိုလို ပေါ်လာလိမ်မယ်လို့် ဘ၀မြင်သစ် စာအုပ်ထဲမှာ ဆိုထားပါတယ်။ ထူးအိမ်သင်ရဲ့ လောကကြီရဲ့မောင်းနှင်အား ဆိုတဲ့ သူချင်းလေးက လောကကြီးကို ချစ်တတ်ဖို့ ကျွန်တော်တို့ကို သင်ကြားပေးနေပါတယ်။ ဒါကြောင့်လည်း…

Rate this:

ပေါက်ကရအတွေးများ

ပေါက်ကရအတွေးများ တစ်နေ့ က ထိုင်းကနေပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ကြတယ်။ သူက သူထိုင်းသွားခဲ့ရတဲ့ အတွေအကြုံ တွေကို ကျွန်တော်ကိုပြောပြပါတယ် နောက်ပြောရင်းနဲ့ ထိုင်းမိတ်ဆွေတစ်ဦးပြောတဲ့ စကားတစ်ခုကို သူစိတ်ထဲ ဘ၀င်မကျကြောင်း ပြောတယ်။ ထိုင်းမိတ်ဆွေက သူကို မင်းတို့ နိုင်ငံက ရွှေတိဂုံဘုရားက ရွှေတွေက ထိုင်းနိုင်ငံရွှေတွေဖြစ်ကြောင်း မြန်မာနိုင်ငံအနံတလျားက ဘုရားတွေကရွှေငွေရတနာတွေက ထိုင်းနိုင်ငံကရတာဖြစ်ကြောင်း မင်းတို့ မြန်မာဘုရင်တွေက စစ်နိုင်တော့  တို့ဆီက ရွှေတွေရတနာတွေယူသွားတာတဲ့ ဒီလိုပြောတော့ သူငယ်ချင်းက မခံနိုင်ဘူး ပြန်ပြောရအောင်ကလည်း အကြောင်းရှာမရတော့ ဒီအတိုင်းလေး ငြိမ်ပြီး ဘာမှပြန်မပြောပဲ နေခဲ့ရတာ စိတ်ထဲ အခုထိအခဲမကျေဖြစ်နေတယ်ဆိုတာကို ကျွန်တော်ကို ရင်ဖွင့်ပြောပြတယ်။ ရှေးက စစ်တိုက်တဲ့က နိုင်သူစားကြေး တောတွင်းဥပဒေကြီးစီုးလေတော့ နိုင်သူက ရှုံးသူဆီက ရသမျှမောင်ပိုင် စီးတာ ထုံးစံပါ။ ဒါပေမယ်…

Rate this:

ဘယ်သူလူဆိုးလဲ

လောကမှာ လူမိုက်ရှိသလို လူုလိမ္မာ ပညာရှိဆိုတာလဲ ရှိပါတယ်။ လူမိုက်ဆိုတာ ကောင်း၏ ဆိုး၏ကိုမသိ ကောင်းတာမလုပ် ဆိုးတာလုပ်တဲ့သူ ပညာရှိဆိုတာ ကောင်း၏ ဆိုး၏ သိပြီးကောင်းတာ လုပ်တဲ့ သူလို့ ဓမ္မအသုံးအရ ကျွန်တော်တို့ နားလည်ထားကြပါတယ်။ ဒါပေမယ့် တခါတလေတော့ လောကသဘော လက်ခံထားကြတာရယ် ဓမ္မသဘောရယ် ကွဲလွဲနေသလားလို့ကြာတော့ ခံစားမိတယ်။ ဒီလိုခံစား ဖြစ်သွားအောင် လက်တွေ့ လူမှုဘ၀ကြီးက ပြောနေသလိုပဲ ဒီပုံပြင်လေးက အသိဥာဏ်ပေးလို့ ဝေမျှ ဖောက်သည်ချလိုက်သဗျ။ ဟိုးတိုတိုတုန်းက ဘာပြည်ကြီးက ညာသူဌေးကြီးတစ်ဦးဆီမှာ အလုပ်လုပ်တဲ့ အခိုင်းအစေ သူဆင်းရဲ အလုပ်သမားလေး တစ်ယောက်ရှိသတဲ့ အဲဒီ သူဆင်းရဲလေးဟာ ညာသူဌေးကြီးပိုင်တဲ့ ခြံဝိုင်းထဲမှာ ရွှံ့နဲ့ ဆောက်ထားတဲ့ သက်ကယ်မိုး  တဲလေးမှာနေထိုင်ရပြီး အလွန်ဆင်းရဲလှသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဲဒီအလုပ်သမားရဲ့တဲအနားကို ပညာရှိဆိုသူတစ်ဦး…

Rate this:

နွေဦးအားမာန်

စိတ်ဓာတ်တွေက တက်ကြွတုန်းတော့ ဟုန်းဟုန်းထ ကောက်ရိုးမီးက အချိန်ကြာသေး ကြမ်းပေါ်က ဓာတ်ဆီကွက် မီးထတောက်ယုံပ။ ကိုယ်ကျိုးတွေ စိမ်းစိမ်းစို လောဘ အမြဲစိမ်းတောတွေ ဒီမြေမှာ ဖြစ်ထွန်း မှော်ဆရာကြီးပြောသလို့ အတ္တနဲ့ ဆန္ဒကို မီးပုံရှို့မဲ့သူရှားပါး သမိုင်းတော့ ခါးတော့မယ်။ တက်ကြွခြင်း ပုရစ်ဖူးတို့ရေ မောဟနဲ့မေ့လျော့ခြင်းတွေကြောင့် အကြွေမစောစေနဲ့ သတိရှိစေကွယ့်။ နွမ်းလျလျနွေ ခပ်နွမ်းနွမ်းနေတွေမှာ ကိုယ်ကိုကိုယ် အနစ်မွန်းမခံနဲ့ မောဟစေခိုင်းမှုနောက် ဆက်မလျှောက်နဲ့တော့ မေတ္တာမိုးနည်း ရပ်ဝန်းမှာ ထွန်ယက်စိုက်ပျိုးပေးသူ မရှိပေမဲ့ ပွရောင်းရောင်း ပတ်ဝန်းကျင်နဲ့ ပူပေါင်းဦးနှောက်နဲ့သူတွေ ဟာ ကနဲဖြစ်သွားအောင် နေရောင် ပြင်းပြင်းအောက်မှာ ငါတို့တွေ နုပျို လန်းဆန်းပြီး အခါခါ ဖူးပွင့် ရအောင်ကွာ။

Rate this: