လွမ်းစရာ မုံရွာ

တစ်နေ့ မုံရွာက ကြီးတော်လေးအေသင်ဆီ အကြောင်းကိစ္စတစ်ခုဖြင့် ဖုန်းဆက်လိုက်သည် ဖုန်းမချခင် အေသင် က ဟေ့ ဥဂ္ဂါရေ မုံရွာမှာ တမာတွေ ပွင့်နေပြီတဲ့။ ဟုတ်တာပေါ့ အခုချိန် မတ်လဆို မုံရွာက ကျွန်တော်တို့ ရကျောက္ကာလမ်းပေါ်မှာ တမာတွေပွင့်နေပြီး အရမ်းကို လှနေမှာပဲလို့ တွေးမိပါတယ်။ အရွက်ကြွေ အရိုးပြိုင်းပြိုင်း ကျနေတဲ့ တမာပင်လေးတွေ က ဖက်ဖူးရောင်ဖူးငုံသစ်လေးတွေနဲ့ ပွင့်နေတယ် ကြွေကျထားတဲ့ တမာရွက်တွေက ၀ါတာတာ နဲ့ လမ်းပေါ်မှာ ကျောက္ကာ ကတ္တရာ လမ်းကြီးက မည်းနေတယ် စိမ်းနုနုဖက်ဖူးရောင် ၀ါကျင်ကျင်ဖြစ်နေတဲ့ ရွက်ဟောင်းတမာတွေ မဲနေတဲ့ ကျောက္ကာလမ်းမကြီး အရောင်တွေဟာ သဘာဝပန်းချီဆရာ စေစားချက်တိုင်း လှပအသက်ဝင်နေမှာပဲလို့ မြင်ယောင်မိပါတယ်။

ချစ်တဲ့ တမာမြေဝေးခဲ့တာ သုံးနှစ်တိတိပြည်ခဲ့ပြီ အခုတိလွမ်းဆွတ်သတိရနေတုန်း ကျောက္ကာလမ်း က တမာပင်တွေ အောက်မှာ ကဗျာရွှတ်ဖူးတယ်။ သူငယ်ချင်းတွေနဲ့ လမ်းဘေးအကြော်ဆိုင် ထိုင်ကြတယ်။ ချစ်တဲ့ သူငယ်ချင်းတွေ အပြန်အလှန် ဖေးမခဲ့တယ်။ ကျွန်တော် မုံရွာသားမဟုတ်ပေမဲ့ မုံရွာကို ချစ်တယ်။ တမာပင်တွေကို ချစ်တယ် ကျောက္ကာလမ်းကို ချစ်တယ် တက္ကသိုလ်ထဲက တက္ကသိုလ်တစ်ခု ဆိုပေမဲ့ ကျောင်းတက်ခဲ့ရတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ကြီးကို ချစ်တယ်။

ကျောက္ကာလမ်း ကျောက္ကာလမ်းဟာ ရန်ကုန်က လှည်းတန်းလို့ပဲ ကျောင်းတွေရဲ့ လမ်းတစ်ခု ကျောင်းသားတွေ မရှိချိန် ကျောင်းပိတ်ချိန်ဆို ကျောက္ကာလမ်းက အသက်မ၀င် ခြောက်ကပ်ကပ် ကျောင်းသားတွေ ရှိမှ စည်ကားလှတယ်။ မတ်လကျောင်းပိတ်ချိန် အိမ်ပြန်ချိန်ဆိုရင် ကျောက္ကာလမ်းကို ဖြတ်ရင်း ကိုဌက်ရဲ့ နွေဦးကံကော်သီချင်း နားထောင်ရင်း ရင်ထဲ ဆို့နင့်ခဲ့ဘူးတယ်။

ကျောင်းက ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံနဲ့ နေထိုင်ခဲ့ရတယ် ကျောင်းက ပညာတင်မဟုတ်ဘူး ဆက်သွယ်ဆက်ဆံရေးပညာ ခေါင်းဆောင်မှုပညာတွေပါ သင်မှန်းမသိသင်ခဲ့ရတယ်။ ကျောင်းသားတွေက ဘာသာစုံလူမျိုးစုံရှိနေပေမဲ့ ကျောင်းသားအချင်းချင်း အရေးကြီးရင် ကျောင်းသားတွေဘက်က ကျောင်းသားတွေ ရပ်တည်ပေးကြတယ်။

ကျောင်းက လွတ်လွတ်လပ်လပ်မဟုတ်ဘူးဆိုပေမဲ့ အတော်အတန် ကျောင်းသား လှုပ်ရှားမှုလေးတွေကို ခွင့်ပြု ခဲ့တယ် မေဂျာစုံ ဘောလုံးပွဲရှိတယ် ထမနဲ့ထိုပြိုင်ပွဲမှာသံချပ်ထိုးခွင့် ရှိတယ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ မှာ ပြဇာတ်ကခွင့်ရှိတယ် ကျောင်းကပေးတဲ့အဆောင်မရှိပေမဲ့ ပုဂ္ဂလိကအဆောင်မှာ ကျောင်းက အဆောင်လိုနေခွင့်ရှိတယ်။ ကျောင်းမဂ္ဂဇင်းမှာ ကလောင်သွေးခွင့်ရှိတယ်။ မုံရွာစာပေအသိုင်းဝိုင်းနဲ့ ရင်နီုးခွင်ရှိတယ်။ ကျွန်တော် ကျောင်းကပွဲတိုင်းလိုလိုပါဝင်ခွင့်ရှိတယ်။ ကျောင်းက သင်ပေးလိုက်တဲ့ ဘောဂဗေဒပညာနဲ့ ဘယ်သူတွေ ဘာပြောပြော အခု ဖွံဖြိုးရေးလုပ်ငန်းတွေမှာ အတိုင်းအတာတစ်ခု အထိ အသုံးဝင်ဆဲပါ။ကျောင်းသားအသင်းတွေမရှိပေမဲ့ ဒေသဆိုင်ရာကျောင်းသား မိသားစုတွေရှိတယ်။ ကျောင်းသားလောက လောကက အတော်အတန်နွေးထွေးလှတယ်။ မုံရွာကို ကျွန်တော် လွမ်းလှတယ်။

ဟုတ်တယ် အေသင်ရေ အခုချိန်ဆို တမာတွေ ပွင့်နေလောက်ပြီ အရင်လိုပဲ လှနေဆဲပဲလိုထင်တယ် လွမ်းစရာ မုံရွာရယ် လွမ်းလှတယ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s