တစ်လလောက် ပျောက်မယ်

အခုလ ကုန်ကားနီးကလေ မေလကုန်ပိုင်းလောက် အထိ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ ကုန်းကြီးရွာဆိုတဲ့ ရွာလေးမှာ နွေရာသီ စာသင်ပေးမှာဖြစ်လို့ ကျွန်တော် တစ်လလောက် အင်တာနက် မသုံးနိုင်ပါ ဘလော့ရေးနိုင်လိမ်မယ်မဟုတ်ပါ။ ဟိုမှာနေရင်နဲ့ စာရေးမယ် ဘလော့ရေးဖို့ ကုန်ကြမ်းတွေ အများကြီးရမယ်လို့ မျော်လင့်ပါတယ်။ ကျွန်တော်နဲက အတူ မန္တလေးဖောင်တော်ဦးဘုန်းတော်ကြီးသင်ကျောင်းက ဆရာမခရစ်စတင်း  ပါဝင်မယ်လို့ သိရပါတယ်။ ကလေးတွေကို အင်္ဂလိပ်စာ၊သချာင်္၊ဗုဒ္ဓဘာသာ၊ သဘာဝပတ်ဝန်းကျင် စတဲ့ ဘာသာရပ်တွေကို အဓိကသင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းဖြစ်မြောက်အောင် ကမကထလုပ်ပေးတဲ့ မိရွှေပ၊ ရွာမှာ အဆင်ပြေအောင် လုပ်ပေးတဲ့ မနုဇာလီ( နန်းမတော်မယ်နု)၊ ကြားက ဘာမှမဆိုင်ပဲ ကူညီပေးတဲ့ အေသင်(ဆိတ်ပညာ)၊ မုံရွာက စောင်ကြိုနေတဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်းများ အားလုံးကျေးဇူးပါ။ ကျွန်တော်သိပ်ချစ်တဲ့ တမာမြေကို သွားရတော့ မှာ…

Rate this:

အချစ် အတွက် အချစ်

အတူနေတာကြာလာရင် ငြိတွယ်သွားပြီး အချစ်ဆိုတာဖြစ်လာတတ်သတဲ့ ဒါပေမယ့်—ရေတပွတ်စာ အချစ်ဟာလည်း ဘ၀တသက်တာ အတွက် ဖြစ်သွားတတ်ပါတယ် ဘ၀ဆိုတာ ရေတပွတ်မဟုတ်လား။ ချစ်မိသွားရင် လက်ကလေးကိုင်၊ပါးကလေးနမ်းတတ်ကြပေမယ့် ထိတွေ့မှုမရှိတဲ့ အချစ်ဟာလည်း ပြည့်စုံနေတတ်ပါတယ်— လူချင်းနီးစပ်နေသော်လည်း မာနကြောင့် ဝေးကွာနေရတဲ့ နှလုံးသားတစုံဟာ လူချင်းဝေးကွာနေသော်လည်း အချစ်ကြောင့်နှလုံးသာချင်း နီးစပ်နေတတ်သတဲ့။ ချစ်သူနှုတ်ကဖွင့်ဟလာတဲ့ သံစဉ်တွေဟာ ချိုလွင်နေတတ်သလို အိပ်ယာဝင်ပုံပြင်တွေလည်း ဖန်တီးစေနိုင်သတဲ့။ ဒါပေမယ့်—ချစ်သူရဲ့နှုတ်ခတ်းတစုံ ဆိတ်ငြိမ်နေတဲ့အခါမှာတော့ ကိုယ့်ရဲ့ ဆူညံနေတဲ့ ရင်ခုန်သံတွေဟာ အိပ်ပျက်ညတွေကို အကောင်အထည်ဖော်လိုက်ကြပြန်တယ်။ ပတ်ဝန်းကျင် ဂယက်တွေကြောင့် အချိန်ပြည့်ဗိုလ်လုနေကြတဲ့ နှလုံးသားနဲ့ဦးနှောက်ဟာ ချစ်သူရဲ့အပြုံးတွေအောက်မှာပဲ ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုလိုက်ကြသတဲ့။

Rate this:

နှစ်သစ် လက်ဆောင်သစ်

အားလုံးနှစ်သစ်မင်္ဂလာမှာ မင်္ဂလာတရားကို လက်ကိုင်ထားကျင့်သုံးနိုင်ကြပါစေ။ နှစ်ဟောင်းကုန်လို့ နှစ်သစ် ရောက်ခဲ့ပါပြီနှစ်ဟောင်းက ပူဆွေးစရာတွေ စိုးရွှံမှုတွေကို ထားရစ်ခဲ့ပြီ နှစ်သစ် အတွက် အင်သစ်အားသစ် တွေနဲ့ ရှေ့ဆက် ဘ၀ခရီး ဆက်ပြီးသွားနိုင်ပါစေလို့ ဆုတောင်း ရင်း ကျွန်တော်အနေ နဲ့ နှစ်သစ်လက်ဆောင် ဘာပေးရင်ကောင်းမလဲ ခေါင်းစားခဲ့ပါတယ်။ နောက်မှ စဉ်စားမိတာ တစ်ခုရှိပါတယ်။ ကျွန်တော်က အသုံးချစိတ်ပညာတက်တော့ Psycho Social Support, နောက် လူမှုရေးလုပ်သားလုပ်တော့ Co-operative Coaching ဆိုပြီး အမျိုးမျိုးသော သင်တန်းတွေ တက်ခဲ့ပေမဲ့ လောက်လောက်လားလား တစ်ခါမှ အသုံးမချဖြစ်ခဲ့ပါဘူး။ သူငယ်ချင်းတွေ နဲ့ပဲ ဒီပညာတွေကို အသုံးပြုခဲ့ပါတယ်။ တခါတစ်လေ လူတွေဟာ စကားပြောဖို့လိုအပ်ပါတယ် ခံစားရတဲ့ ခံစားချက်တွေ မွန်းကြပ်မှုတွေ မကြေနပ်ချက်တွေ စိတ်အခဲမကြေမှုတွေ နေစဉ်နေတိုင်း…

Rate this:

အသဲကွဲသွားတဲ့ ဘုန်းဘုရား

ဘုန်းဘုန်းဦးလောကနာထဆို ဓမ္မဘလော့ဂါလောကမှာ မသိသူ ခပ်ရှားရှား ဓမ္မဘလော့ပေါင်း ၁၀ခုလောက်ကို ဒိုင်ခံ ရေးနေတဲ့ တကယ် ကို သာသနာပြန့်ပွားရေးအတွက် စွမ်းစွမ်းတမံ လုပ်နေတဲ့ ရဟန်း တပါးပါ။ ဘုန်းဘုန်း ၉ရက်နေမှာ ခွဲစိပ်ရမယ်ဆိုတာ သိရတာနဲ့ ဘုန်းဘုန်း ကျန်းမာရေးအတွက် ကျွန်တော်တို့ အားလုံး စိုးရိမ်တကြီး ဖြစ်ခဲ့ရပါတယ်။ တရား စောင့်သောသူအား တရားက ပြန်စောင်၏ ဆိုတဲ့ အတိုင်း ဘုန်းဘုန်းခွဲစိပ်တာအောင်မြင် ကြောင်း သိတာတော့ စိတ်ပူနေတာ က အလုံးကြီးချသွားတယ်။ ဘုန်းဘုန်းရဲ့ အသဲကို ခွဲထုတ်လိုက် ကြောင်း သိလိုက်ရတယ်။ ဘုန်းဘုန်းက ကျန်းမာရေးမကောင်းတဲ့ကြားက သာသနာအတွက် ဘလော့ပေါင်း များစွာ ကို တစ်ယောက်တည်း ဒိုင်ခံ ရေးနေတဲ့ ရှားရှားပါးပါး ဘုန်းဘုန်းပါ။ ဘုန်းဘုန်းက ဘယ်သူမှ…

Rate this:

ချစ် ဇာတ်လမ်းလေးတစ်ပုဒ်

ကိုဦးတို့ အချစ်ဇာတိလမ်းက ထူးဆန်းအံဖွယ်ရာပင် ထူးဆန်းလေစွ အံဖွယ်ကောင်းပေစွ ကိုဦး သီတာကို ချစ်နေတာ အထက်တန်းဘ၀တည်းကပါ ကိုဦးက ကြည်မြင့်တိုင်ရက်ကွက်လေးတစ်ခုက သာမန်လူဆင်းရဲလေး တစ်ယောက် မသီတာလား မသီတာက ကြည်မြင့်တိုင်တစ်ဖက်ကမ်း အေးရွာဆိုတဲ့ ရွာလေးတစ်ရွာက မြေပိုင်ရှင် သူဌေးသမီး ဘာပဲပြောပြော မသီတာက ကိုဦးထက် ဓနအင်အားများစွာ သာလေ၏။ မသီတာ ကိုဦးတို့တက်တဲ့ အထက်တန်းကျောင်းကို စတက်ခဲ့တာ ၈တန်းနှစ်တည်းက ကိုဦးရင်ထဲ မသီတာ ၀င်ရောက်နေခဲ့တာ နေမြင့်လေ အရူးရင့်လေဆိုသလို ၁၀တန်းကျောင်းသားဘ၀ မှာ မသီတာကို ကိုဦးချစ်နေတဲ့ အကြောင်း ဖွင့်ဟဖြစ်ခဲ့တယ်။ ကိုဦးက မသီတာကို အလွန်ချစ်နေပေမဲ့ မသီတာကတော့ ကိုဦးကို ချစ်ဖို့ မပြောနဲ့ တိုင်အမှတ်နဲ့ နှပ်တောင် သုပ်မဲ့ ပုံမပေါ်။ ကိုဦးကတော့ ဇွဲကောင်းကောင်းနဲ့  ချစ်ဆဲ…

Rate this:

သင်္ကြန်အကြတ်နေ့တွင် ဗုံးပေါက်ကွဲ

ရန်ကုန်မြို့၊ကန်တော်ကြီးပတ်လမ်းရှိ မျှော်စင်ကျွန်းဝင်ပေါက်၊ (Special One(X2O) မဏ္ဍပ်အနီးတွင် ဧပြီလ ၊(၁၅)၊ သင်္ကြန် အကြတ်နေ့၊ ညနေ ၃း၀၀ နာရီ ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။ ခန့်မှန်းခြေလူ အယောက် ( ၁၅၀)ခန့် ဒဏ်ရာရှိပြီး၊ သေဆုံးသူ ၂၀ဦး ထက်မနည်း သေဆုံး ခဲ့သည်ဟု သိရှိရပါသည်။ ဒဏ်ရာရရှိသူအများစု၏ ဒဏ်ရာများမှာ ခန္ဓာကိုယ်အောက်ပိုင်းတွင် အများဆုံး တွေရှိရပြီး။ လမ်းဘေးဈေးသည်များ၊ ကလေးများနှင့် ရေပက်ခံထွက်သူ အများစု ထိခိုက်ဒဏ်ရာရရှိခဲ့ ပါသည်။ ရန်ကုန်ဆေးရုံကြီး အနီးပတ်ဝန်းကျင်တွင် ဒဏ်ရာရရှိသူများ၏ ဆွေမျိုးသားချင်းများ၊ သူငယ်ချင်းများဖြင့် ပြည့်နှက်နေသည် ကိုတွေ့ရပါသည်။ P.S : ရန်ကုန်ပြည်သူဆေးရုံကြီးတွင်ကိုယ်တိုင် သွားရောက်ကြည်ရူခဲ့ပါသည်။ ဓာတ်ပုံကို ကိုညီလင်းဆက် ဘလော့မှ ယူပါသည်။

Rate this:

ပါရမီမြောက်အောင် ကျင့်ဆောင်

ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံကျင့်ဝတ်ပင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် စစ် မစစ်ကို ငါးပါးသီလ ပေတံဖြင့်တိုင်းတာနိုင်သည်။ငါးပါးသီလကို စောင့်တည်ရာတွင် ကိုယ်အကျိုးအတွက် စောင့်ထိန်းခြင်းလည်း ရှိသလို အများအကျိုးအတွက် စောင့်ထိန်းခြင်းလည်း ရှိသည်။ ကိုယ်အကျိုးအတွက် စောင့်ထိန်းခြင်းသည် ပါရမီမြောက်သော စောင့်ထိန်းခြင်းမျိုးမဟုတ် အများအကျိုးအတွက် စောင့်ထိန်းခြင်းသာလျှင် ပါရမီ(မြင့်မြတ်သော သူတို့၏ အလုပ်)မြောက်သော စောင့်ထိန်းသိမ်းမျိုး ဖြစ်သည်။ ငါးပါးသီလကို ပါရမီမြောက်အောင် စောင်ထိန်းခြင်းသည် လောကအကျိုး သယ်ပိုးရွယ်ဆောင် ရာရောက်၏။ ပါဏတိပါတ(သူတပါးအသက်ကိုမသတ်ခြင်း)ဆိုသော သိက္ခာပုဒ်သည် သူများအသက်ကို မသတ်ရုံသက်သက် ဆိုရင် ကိုယ်အကျိုးစီးပွား အတွက် သက်သက်သာ စောင့်ထိန်းခြင်းမည်သည်။ သူတစ်ပါးတစ် အသက်ကို မသတ်ရုံတင်မက သူတပါး အသက်ရှည်ချမ်းသာစွာ နေထိုင်နိုင်ရန် လုံလပြုအားထုတ်ခြင်းသည် ပါဏတိပါတသိက္ခာပုဒ်ကို ပါရမီမြောက်စောင့်ထိန်းခြင်းမည်သည်။ အဒိန္နာဒါန(သူတပါးပစ္စည်းဥစ္စာကို ခိုးယူခြင်း)ဆိုသော သိက္ခာပုဒ်ကို စောင့်ထိန်ရာတွင်လည်း မခိုးဝှက်ရုံသက်သက်ဆိုရင်…

Rate this: