မွေးနေ့မင်္ဂလာပါ ဘဲရုပ်နဲ့ ဖိုးကျား ရေ

ကျွန်တော်ရန်ကုန် စရောက်တုန်းက သင်တန်းတစ်ခု တက်လိုက်ရတယ် သင်တန်းက ဘာတွေ ရမှန်းမသိပေမဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်း ၃ယောက်တော့ ရလိုက်တာ အသေအချာပဲ ထူးခြားတာက အဲဒီ သူငယ်ချင်း ၃ယောက်မှာ ၂ယောက်က မွေးနေ့ အတူတူပဲ

သူငယ်ချင်း သူယောက်က ဘဲရုပ်( သန္တာ)၊ မိဝိုင်း(ရဲဝါ)၊ ဖိုးကျား(ငြိမ်းချမ်း)တို့ က မနေ့ က အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဘဲရုပ်နဲ့ ဖိုးကျားတို့ ရဲ.မွေးနေ့ဖြစ်နေပေမဲ့ ကျွန်တော်မှာ ကရင်စာပေနဲ့ ယဉ်ကျေးမှု အသင်းကို သွားရတာနဲ့ အွန်လိုင်း ဒိုနေရှင်းအဖွဲ့နဲ့အတူ အနာကြီးရောဂါသည်တွေ ကို လှူဒါန်းတဲ့ ကိစ္စတွေ နဲ့လုံးလည်ချာလည်လိုက်နေတဲ့ အတွက် မင်းတို့နဲ့အတူ မင်းတို့မွေးနေ့တွေမှာ ငါ မပါခဲ့နိုင်တာ တောင်းပန်ပါတယ်။ စိတ်ကတော့ မင်းတို့ဆီမှာပါကွာ

သန္တာဘဲရုပ်ရေ နင်က ငါညီမလေးလိုပဲ နင်ကို တွေတွေ့ချင်း ခင်မင်မိတာ နင် လမ်းလျှောက်ရင် ဘဲလျှောက်တာနဲ့ တူလို့ နင်ကို ဘဲရုပ်လို့လို ငါ ကင်ပွန်းတပ်ပေးခဲ့တာလေ မှတ်မိသေးလား သင်တန်းပြေးပြီး ရုပ်ရှင် ကြည်ခဲ့တာ ကန်ဘောင်သွားပြီးလျှောက်အော်ခဲ့တာတွေ မှတ်မိသေးလား အဲဒီနေ့တွေက ငါဘ၀မှာ အပျော်ဆုံးနေ့ရက်တွေပဲ ငါသူငယ်ချင်းတွေက ငါလိုပဲ ပေါတောတောလေးတွေ ဒါပေမယ်ချစ်ဖို့တော့ကောင်းတယ် နင်က ငါထက် တစ်နှစ်ငယ်တယ်နော် နင်မေမေ က နင်ကို ချစ်စရာကောင်းအောင်မွေးခဲ့တယ် ထင်ပါရဲ. နင်က ကလေးလေးတစ်ယောက်လိုပဲ ချစ်ဖို့ ကောင်းမှကောင်း ဒါကြောင့် ဟိုကောင် ဖြိုးကို က နင်ကို ချစ်မိတာနေမှာ ဟီး ဟီးနင် မွေးနေ့မှာ ပျော်ရွှင်ပါစေ

နောက်တစ်ယောက်က ဖိုးကျား မင်းက ငါဘော်ဒါ အရင်းကြီးလို့ ပဲ မင်းနဲ့ ငါ နာဂစ်မှာ အတူတိုက်ပွဲဝင်ခဲ့ကြတယ်။ စီးပွားရေးသမားဖြစ်နေပေမဲ့ ပရဟိတ စိတ်မင်းရင်ထဲ အပြည့်ရှိတာ ငါသိတယ် သူငယ်ချင်း မင်းပုံစံ အူတိအူလည်ပုံစံနဲ့ အတော်လူရည်တဲ့ အကောင်ပဲ ကွ ဖိုးကျား မင်းကတော့ ဘယ်တော့မှ ဖွတ်ကျားဖြစ်မှာ မဟုတ်ဘူး ဟီးဟီး

သူငယ်ချင်းဆိုတာ ကို မြတ်နိုးပါတယ် မင်းတို့နဲ့ အခုသိပ်မတွေ့ဖြစ်ပေမဲ့ သူငယ်ချင်းအဖြစ် ရင်ထဲ ရှိနေပြီးသားပါ ကွာ မင်းတို့မွေးနေ့ အဖြစ် မှတ်မှတ်ရရ လက်ဆောင်တစ်ခု အနေနဲ့ ပေးလိုက်ပါတယ်။

Advertisements

2 thoughts on “မွေးနေ့မင်္ဂလာပါ ဘဲရုပ်နဲ့ ဖိုးကျား ရေ

  1. သူငယ်ချင်းတွေကို အရမ်း ဂရုစိုက်တာပဲနော် ကောင်းပါတယ်

    Like

  2. သိပ်ချစ်တာပဲလားဟင် ဟုတ်တယ် သူငယ်ချင်းတွေဆိုတာ သိပ်ချစ်ဖို့ ကောင်းတယ်

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s